Connect with us

Culture

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာက “ပျော်ရွှင်ဖွယ် တရုတ်နှစ်ကူး”လှုပ်ရှားမှု အစီအစဉ်များ ကျင်းပ

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က ခြင်္သေ့အကအရုပ်၏ မျက်စိများအားခြယ်သနေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

“ပျော်ရွှင်ဖွယ် တရုတ်နှစ်ကူး”အစီအစဉ်များကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပခဲ့သည်။ အဆိုပါအစီအစဉ်အခမ်းအနားကို မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်းများအသင်း(CECCM)၊ Myanmar One Belt One Road Chamber Of Commerce(MOBOR)နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း စသည့် အသင်းအဖွဲ့များမှ ဧည့်သည်တော် ၁၀၀ နီးပါး ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို တရုတ်ရိုးရာ ခြင်္သေ့အကဖြင့် ဖွင့်လှစ်ခဲ့သည်။ ရိုးရာဓလေ့ဖြစ်သော ခြင်္သေ့မျက်စိခြယ်သခြင်း၊ ရှေးရိုးရာနွေဦးနှစ်သစ် အနုပညာဖျော်ဖြေပွဲ၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံမြောက်ပိုင်း ရေခဲဆီးနှင်းခရီးသွားမိတ်ဆက်ပွဲ၊ Lucky Drawအစီအစဉ်၊ စုတ်တံထိပ်ဖျားမှ တရုတ်နှစ်ကူးအငွေ့အသက် စသည့် ယဉ်ကျေးမှုအစီအစဉ်များကိုလည်းကောင်း၊ ဟန်ရိုးရာဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးခြင်း ၊ တရုတ်နွေဦးပွဲတော် ရိုးရာအစားအစာများ မြည်းစမ်းသုံးဆောင်ခြင်း စသည့် အစီအစဉ်များကို ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသော ဧည့်သည်တော်များက တရုတ်နွေဦးပွဲတော် ယဉ်ကျေးမှုကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခံစားခဲ့ကြသည်။

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်နှစ်ကူးပွဲတော်အခမ်းအနား ခြင်္သေ့အကဖြင့် ကပြဖျော်ဖြေနေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်နှစ်ကူးပွဲတော်အခမ်းအနား၌ တရုတ်စာလက်ရေးလှရေးနေသူများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်နှစ်ကူးပွဲတော်အခမ်းအနားတွင် တရုတ်စာလက်ရေးလှရေးနေသူတစ်ဦးအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms.Xu Ling က “ပျော်ရွှင်ဖွယ် တရုတ်နှစ်ကူး”လှုပ်ရှားမှု အစီအစဉ်ကြီးကို တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာနက ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း၊ ၂၀၀၁ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ၂၂ နှစ်ရှိပြီဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ယင်းအစီအစဉ်၌ ယဉ်ကျေးမှုကဏ္ဍပေါင်းများစွာကိုလည်း များသထက်များအောင် ထပ်မံထည့်သွင်း ဆောင်ရွက်လာနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ ယနေ့ကျင်းပသည့် နှစ်သစ်ကူးပွဲတော်သည် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ ၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်ကူး”လှုပ်ရှားမှု အစီအစဉ်ကြီးထဲမှ အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ ယခုလိုအစီအစဉ်များ ကျင်းပဆောင်ရွက်မှုမှတစ်ဆင့် မြန်မာပရိသတ်များ တရုတ်နှစ်ကူးပွဲတော်အကြောင်းကို နားလည်သိရှိစေမည်ဖြစ်ကြောင်း၊ တရုတ်ရိုးရာယဉ်ကျေးမှုအကြောင်းကို ခံစားလေ့လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာ၏ ၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်ကူး”အစီအစဉ်များတွင် စာစီစာကုံးပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ မီဒီယာတွေ့ဆုံပွဲများကို ကျင်းပခဲ့သလို “ယွမ်ရှောင်းပွဲတော် တို့နွှဲပျော်” အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ယခုအကြိမ်ကျင်းပသော လှုပ်ရှားမှုအစီအစဉ်များကို ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာနှင့် Myanmar One Belt One Road Chamber Of Commerce(MOBOR)တို့မှ အတူတကွ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
仰光中国文化中心举办“欢乐春节”活动
“古韵新春迎金兔 欢欢乐乐过大年”联欢活动18日在仰光中国文化中心举行,来自缅甸中国企业商会、缅甸“一带一路”商会、缅中友好协会等机构的近百名嘉宾参加了活动。
联欢活动在欢快喜庆的中国传统舞狮表演中拉开序幕,通过传统的醒狮点睛仪式、“古韵新春”春节联欢文艺节目、2023年“中国北方冰雪旅游海外推广季”推介、现场抽奖、“笔尖上的中国年味”文化体验活动、中国汉服拍照打卡、春节美食品鉴等活动,让嘉宾们感受和体验中国春节文化。
仰光中国文化中心主任徐玲介绍,“欢乐春节”活动由中国文化和旅游部主办,自2001年起已经连续举办了22年,覆盖全球100多个国家,越来越多的文化元素融入活动中。徐玲表示,今天举办的联欢活动是仰光中国文化中心2023年“欢乐春节”系列活动之一。希望通过内容丰富、形式多样的“欢乐春节”系列活动,让缅甸人民了解春节,感知中国传统文化,进一步加深中缅“胞波”情谊。
据了解,仰光中国文化中心2023年“欢乐春节”系列活动还举办了主题征文比赛、摄影比赛和新春媒体招待会,还将举办“欢天喜地闹元宵”联欢活动。此次活动由仰光中国文化中心和缅甸“一带一路”商会共同主办。(完)

1. YANGON, Jan. 18, 2023 (Xinhua) — Ms. Xu Ling, in-charge of the China Cultural Center in Yangon, dots the eyes of a dancing lion during a festive event of the cultural center in Yangon, Myanmar, Jan. 18, 2023. (Photo by Myo Kyaw Soe/Xinhua)

၂. YANGON, Jan. 18, 2023 (Xinhua) — Artists perform lion dance during a festive event celebrating the Chinese Lunar New Year at the China Cultural Center in Yangon, Myanmar, Jan. 18, 2023. (Photo by Myo Kyaw Soe/Xinhua)

၃. People write Chinese characters during a festive event celebrating the Chinese Lunar New Year at the China Cultural Center in Yangon, Myanmar, Jan. 18, 2023. (Photo by Myo Kyaw Soe/Xinhua)

4. A man writes Chinese characters during a festive event celebrating the Chinese Lunar New Year at the China Cultural Center in Yangon, Myanmar, Jan. 18, 2023. (Photo by Myo Kyaw Soe/Xinhua)