Connect with us

Economy

ကနေဒါနိုင်ငံက တောမီးလောင်ကျွမ်းမှုအသစ် ၁၀ ခုဖြစ်ပွား

ကနေဒါနိုင်ငံ၊ Nova Scotia ပြည်နယ်၊ Shellburne ကောင်တီ၌ တောမီးလောင်ကျွမ်းမှုများပေါ်မှ ပျံသန်းနေသည့် မီးငြှိမ်းသတ်ရေးလေယာဉ်တစ်စီးကို ၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ၌ ဇွန် ၉ ရက်က တောမီးလောင်ကျွမ်းမှုအသစ် ၁၀ ခုဖြစ်ပွား ၂၀၂၃ ခုနှစ် တွင် နိုင်ငံတွင်း တောမီးလောင်ကျွမ်းမှု စုစုပေါင်း ၂,၄၀၅ ခုရှိခဲ့ကြောင်း Canadian Interagency Forest Fire Centre ၏ ထုတ်ပြန်ချက်အရ သိရသည်။ဇွန် ၉ ရက်တွင် တောမီးလောင်ကျွမ်းမှု ၄၂၂ ခု ရှိပြီး ဇွန် ၈ ရက်တွင် ၄၃၁ ခုရှိခဲ့ကြောင်း သိရသည်။ မထိန်းချုပ်နိုင်သေးသော တောမီး အရေအတွက်မှာ ဇွန် ၈ ရက်တွင် ၂၃၄ ခုရှိပြီး ဇွန် ၉ ရက်တွင်မူ ၂၁၉ ခုအထိ ကျဆင်းခဲ့ကြောင်း ယင်းဌာန၏ ဝက်ဆိုက်၏နေ့စဉ် သတင်းထုတ်ပြန်ချက်အရသိရသည်။
Alberta ပြည်နယ်၌ သမားရိုးကျမဟုတ်သော ရာသီဥတုဖြစ်စဉ်များစတင်လျက်ရှိသည်။ ပူပြင်းခြောက်သွေ့လေထန်သောရာသီဥတုသည် နိုင်ငံ၏ မြောက်ပိုင်းတစ်ခွင်ဖြစ်ပေါ်နေပြီး မီးလောင်နိုင်သည့် အစွန်းရောက် ရာသီဥတုဖြစ်စဉ် ဖြစ်နိုင်ချေရှိကြောင်း သိရသည်။ (Xinhua)
——————————–
Canada reports 10 new wildfires
OTTAWA, June 9 (Xinhua) — There were ten new wildfires burning in Canada on Friday, bringing the total number of wildfires in the country so far this year to 2,405, the Canadian Interagency Forest Fire Centre said.
There were 422 active wildfires on Friday, down from 431 on Thursday. The number of out-of-control wildfires fell to 219 on Friday from Thursday’s 234, the centre said in a daily update on its website.
In Alberta, unsettled weather brought new starts. Hot and dry windy weather was across the north, and extreme fire weather is expected.
A firefighting plane flies above wildfires in Shellburne County, Nova Scotia, Canada, on May 31, 2023. (Nova Scotia Government/Handout via Xinhua)