Connect with us

Economy

တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၁၀ ကြိမ်မြောက် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးပွဲ ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပ

တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ၁၀ ကြိမ်မြောက် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ရီယက်ဒ်မြို့၌ ကျင်းပရာ ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးFaisal bin Farhan Al Saud အမှာစကားပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရီယက်ဒ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၁၀ ကြိမ်မြောက် လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် ၈ ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို ဇွန် ၁၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယက်ဒ်တွင် ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၃,၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။၂ ရက်ကြာ ကျင်းပမည့် ယခုဆွေးနွေးပွဲကို “တရုတ်-အာရပ် အတူလက်တွဲ၍ စည်ပင်သာယာဝပြောရေး ဖန်တီးကြမည်”ဟူသော ခေါင်းစဉ်ဖြင့် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ အစိမ်းရောင်စက်မှုလုပ်ငန်း စသည့်ကဏ္ဍများကို ဆွေးနွေးဖလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saudက ယခုဆွေးနွေးပွဲသည် အာရပ်-တရုတ် အစဉ်အလာချစ်ကြည်ရေးကို နက်ရှိုင်းစေမည့် အရေးကြီးပလပ်ဖောင်းဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျ-တရုတ် နှစ်ဘက် အတူ ပြည်သူ့အနာဂတ်အကျိုးစီးပွားတည်ဆောက်မှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကာကွယ်ထိန်းသိမ်းမှု ကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————-
中阿合作论坛第十届企业家大会在沙特举行
新华社利雅得6月11日电中阿合作论坛第十届企业家大会暨第八届投资研讨会11日在沙特阿拉伯首都利雅得举行,来自20余个国家的逾3000名代表参会。
本届大会为期两天,以“中阿携手、共创繁荣”为主题,将围绕贸易、金融、基础设施、能源、绿色产业等议题展开交流研讨。沙特外交大臣费萨尔表示,本届大会是深化阿中传统友谊的重要平台,将致力于推动阿中双方携手共建造福民众的共同未来,并积极维护世界和平与发展。
1. 6月11日,沙特外交大臣费萨尔在利雅得举行的中阿合作论坛第十届企业家大会开幕式上致辞。新华社记者 段敏夫 摄
2. 这是6月11日在沙特阿拉伯利雅得拍摄的中阿合作论坛第十届企业家大会开幕式现场。 新华社发(沙特阿拉伯通讯社供图)
3. 6月11日,沙特投资大臣法利赫在利雅得举行的中阿合作论坛第十届企业家大会开幕式上致辞。新华社发(沙特阿拉伯通讯社供图)