Connect with us

Media

ပါလက်စတိုင်းအရေး နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

နိုင်ငံတကာအသိုက်အဝန်း စုပေါင်းကြိုးပမ်းမှုဖြင့် ပါလက်စတိုင်းအရေး ဘက်စုံတရားမျှတစွာ ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စားလှယ် ကိန်းစွမ်က နိုဝင်ဘာ ၃၀ ရက် ကုလသမဂ္ဂ ညီလာခံ ပါလက်စတိုင်းအရေး နှင့် အရှေ့အလယ်ပိုင်းအခြေအနေ စိစစ်ဆွေးနွေးမှုများတွင် တိုက်တွန်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းအရေး၏ ဗဟိုအချက်အချာဖြစ်ရာ ဘက်စုံတရားမျှတစွာ ဖြေရှင်းရေးသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့်သက်ဆိုင်သလို နိုင်ငံတကာ တရားမျှတမှုနှင့်လည်း သက်ဆိုင်ကြောင်း ကိန်းစွမ်က ဆိုသည်။ ယခုနှစ်တွင် သိမ်းပိုက်ခံရသော ပါလက်စတိုင်းနယ်မြေအတွင်း မငြိမ်သက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ အန္တရာယ်ဖြစ်ပွားနိုင်ခြေကို တစ်ပိုင်းတစ်စ ပြောက်သောက် ထိန်းချုပ်ခြင်းသည် ဘက်စုံ တရားမျှတစွာ ဖြေရှင်းမည့်နည်းလမ်းကို အစားမထိုးနိုင်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ စီးပွားရေးအကူအညီများကလည်း ရေရှည်စုပြုံဖြစ်ပွားလာသော နိုင်ငံရေးလုံခြုံမှု လိုအပ်ချက်ကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ၊ လက်ရှိ အလိုအပ်ဆုံးမှာ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံး၏ စုပေါင်းကြိုးပမ်းမှုအပါအဝင် ခိုင်မာသော နိုင်ငံရေးဆန္ဒနှင့်ထိရောက်သော သံတမန်ရေးလှုပ်ရှားမှု ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ နည်းလမ်း”ပေါ်တွင် အခြေပြု၍ ပါလက်စတိုင်း၊အစ္စရေးပြဿနာ ရေရှည်ဖြေရှင်းရေး ကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ၎င်းမှာ နိုင်ငံတကာ၏ဘုံသဘောထားဖြစ်သလို တစ်ခုတည်းသော ထွက်ပေါက် ဖြစ်ရာ ခိုင်မာစွာ ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အတူကြိုးပမ်း၍ “နှစ်နိုင်ငံ အဖြေရှာခြင်းနည်းလမ်း” သဘောတူညီချက်များကို လုပ်ဆောင်မှုအဖြစ် ပြောင်းလဲရမည် ဖြစ်သလို မျှော်မှန်းရာသဘောဆန္ဒကို လက်တွေ့အဖြစ် ပြောင်းလဲရမည် ဖြစ်ကြောင်း ကိန်းစွမ်က ဆိုသည်။ (Xinhua)

#UN #Palestine #China #Xinhua #Xinhuamyanmar #ကုလသမဂ္ဂ #တရုတ် #ပါလက်စတိုင်းအရေး #ဆင်ဟွာ

…………………………………..

(Chinese Version)
(国际)中方呼吁国际社会通过集体努力解决巴勒斯坦问题
新华社联合国11月30日电中国常驻联合国副代表耿爽11月30日在联大审议巴勒斯坦问题和中东局势时发言,呼吁国际社会通过集体努力,全面公正解决巴勒斯坦问题。
耿爽说,巴勒斯坦问题是中东问题的核心。全面公正解决巴勒斯坦问题,事关地区和平稳定,事关国际公平正义。今年以来,巴勒斯坦被占领土局势持续动荡。事实再次证明,零敲碎打的危机管控取代不了全面公正的解决方案,作为临时措施的经济人道援助抹平不了积压许久的政治安全欠账。当前最需要的是坚定的政治意愿和有效的外交行动,是包括安理会在内整个国际社会的集体努力。
在“两国方案”基础上寻求巴以问题的长期解决,既是国际共识,也是唯一出路,必须牢牢坚守。国际社会要共同努力,将“两国方案”由共识转化为行动,由愿景转化为现实。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.