Connect with us

Media

တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး အစီအမံများက ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးကြောင်း တူရကီကျွမ်းကျင်ပညာရှင် ပြောကြား

အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 ရောဂါ စီမံခန့်ခွဲရေးမူဝါဒသည် ကပ်ရောဂါပျံ့နှံ့မှုအား ထိန်းချုပ်ရေး နှင့် ပြည်သူများ၏ အသက်အား ကယ်ဆယ်ရေးအတွက် မှန်ကန်သော နည်းလမ်းဖြစ်ကြောင်း တူရကီနိုင်ငံ ကူးစက်ရောဂါများဆိုင်ရာ ထိပ်တန်းအထူးကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါစတင်ချိန်ကတည်းက ပြည်သူ့ကျန်းမာရေးက အရေးပါကြောင်း နားလည်သဘောပေါက်မှုအား လိုက်နာဆောင်ရွက်ခဲ့ကြောင်း အစ္စတန်ဘူလ်မြို့ရှိ Reyap ဆေးရုံမှ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သူ Bulent Ertugrul က ပြောကြားခဲ့သည်။

ကပ်ရောဂါသည် တစ်ဦးတစ်ယောက်ချင်းဖြစ်သော ကျန်းမာရေးမူဝါဒအဖြစ် ယူဆခြင်းမှာ မှန်ကန်မှု မရှိဟု ယုံကြည်ကြောင်း အဆိုပါ ကျွမ်းကျင်သူက ဆိုသည်။
“ပြီးခဲ့တဲ့အပတ်က (တူရကီနိုင်ငံမှာ) ကျွန်တော်ရဲ့ လူနာနှစ်ဦး COVID-19 ရောဂါကြောင့် သေဆုံးသွားခဲ့ပါတယ်။ သူတို့တွေက ရောဂါအခံရှိကြတဲ့ အသက်အရွယ်ကြီးသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကပ်ရောဂါကို တစ်ဦးတစ်ယောက်ချင်းဖြစ်တဲ့ ကျန်းမာရေးမူဝါဒအဖြစ် ယူဆတာက မမှန်ပါဘူး ။ အဲဒီလိုမျိုးလုပ်ရပ်ကလဲ မမှန်ပါဘူး ။ ဒီနေရာမှာ ဘယ်မူဝါဒက မှန်လဲလို့ မေးလာခဲ့ရင် COVID-19 ရောဂါကို လူမှုအသိုက်အဝန်းကျန်းမာရေးပြဿနာတစ်ခု အနေနဲ့ မြင်နေတဲ့ နိုင်ငံတွေရဲ့ ကျန်းမာရေးမူဝါဒက ပိုပြီးမှန်တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။”ဟု အစ္စတန်ဘူလ်မြို့ရှိ Reyap ဆေးရုံမှ ကျွမ်းကျင်ပညာရှင် Bulent Ertugrul က ပြောကြားခဲ့သည်။ (Xinhua)

………………………………..

(English Version)
China’s anti-pandemic measures give importance to public health: Turkish expert
A leading Turkish specialist on infectious diseases said China’s policy of handling COVID-19 is the correct method to curb the spread of the pandemic and save people’s lives.
Bulent Ertugrul, an expert from Reyap Hospital in Istanbul, said on Monday that from the very beginning of the pandemic, China has been following an understanding that gives importance to public health.
The specialist believes that it’s not right to consider the pandemic as an individual health policy.
SOUNDBITE (Turkish): BULENT ERTUGRUL, Expert from Reyap Hospital, Istanbul
“Just last week, two of my patients died due to COVID-19 (in Türkiye). They were my elderly patients having underlying diseases. Therefore, it is not right to consider the pandemic as an individual health policy. It’s not right to act like that. And if you ask whose policy is correct here, I can say that the health policies of countries that still see COVID-19 as a social health problem are more right.”
Xinhua News Agency correspondents reporting from Istanbul, Türkiye.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.