Connect with us

Media

အိန္ဒိယအစိုးရက ကနေဒါ သံတမန် ၄၀ ကျော်ကို နိုင်ငံအတွင်းမှ နှင်ထုတ်

ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယအစိုးရက ကနေဒါသံတမန် ၄၁ ဦးကို နေရပ်နိုင်ငံသို့ ပြန်သွားရန် တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်ကို ကိုးကား၍ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းမှာ အိန္ဒိယနှင့်ကနေဒါ နှစ်နိုင်ငံအကြား ကနေဒါနိုင်ငံသား ဆစ်ခ်ဘာသာဝင်တစ်ဦး သေနတ်ပစ်ခတ်လုပ်ကြံခံရမှုကြောင့် ဖြစ်ပွားသည့် သံတမန်စစ်ပွဲ တစ်ဆင့်ထပ်တိုးအရှိန်မြင့်တက်လာခြင်း ဖြစ်သည်။

ကနေဒါနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စေလွှတ်ထားသည့် သံတမန်အဖွဲ့သည် လက်ရှိတွင် ၆၂ ဦးရှိရာ အိန္ဒိယနိုင်ငံဘက်က အောက်တိုဘာ ၁၀ ရက်မတိုင်မီ ၄၁ ဦးလျှော့ချရန် တောင်းဆိုခဲ့ကြောင်း ဗြိတိန် Financial Times သတင်းစာက သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ အောက်တိုဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။

သတ်မှတ်ကာလထက်ကျော်လွန်ပြီး နိုင်ငံအတွင်းမှ မထွက်ခွာသည့် သံတမန်အရာရှိများကို သံတမန်ခံစားခွင့် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အိန္ဒိယက သတိပေးခဲ့သည်။

ယခုလိုဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ သံတမန် အရေအတွက်နှင့်အဆင့် တန်းတူဖြစ်စေရန်အတွက် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ ပြောကြားချက်အရ သိရသည်။
ကနေဒါနိုင်ငံသား၊ ဆစ်ခ်ဘာသာဝင်တစ်ဦးဖြစ်သည့် Hardeep Singh Nijjar ကို လုပ်ကြံသတ်ဖြတ်မှု၌အိန္ဒိယ သူလျှို ပါဝင်ပြီး ထို့အပေါ် စုံစမ်းစစ်ဆေးမှုများအတွင်း အိန္ဒိယဘက်က ပူးပေါင်းပါဝင်ရန် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး က စက်တင်ဘာ ၁၈ ရက်တွင် အတိအလင်း ပြောကြားခဲ့သည်။ ထိုသို့ပြောကြားသည့်နေ့တွင်ပင် အိန္ဒိယ အဆင့်မြင့် သံတမန်တစ်ဦးကိုလည်း နိုင်ငံအတွင်းမှ နှင်ထုတ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

Hardeep Singh Nijjar သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အိန္ဒိယမှ ကနေဒါသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ဒေသအချို့ ခွဲထွက်ရေးဝါဒကို ကိုင်ဆွဲထားသူဖြစ်ပြီး အိန္ဒိယဘက်မှ “အကြမ်းဖက်”အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်သည်။ ယခုနှစ် ဇွန် ၁၈ ရက်တွင် Hardeep Singh Nijjarသည် ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ် Surrey ခရိုင်ရှိ ဆစ်ခ်ဘာသာ ယဉ်ကျေးမှု စင်တာပြင်ပတွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသည်။
ကနေဒါ၏ ပြောဆိုမှုများသည့် လက်တွေ့ သက်သေမရှိကြောင်း အိန္ဒိယဘက်က ပြောကြားခဲ့ပြီး အတုံ့အလှည့်အဖြစ် ကနေဒါ သံတမန်တစ်ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည်။ ထို့အပြင် ကနေဒါတွင် အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုအရှိန် မြင့်တက်နေကြောင်း အိန္ဒိယမှ ကနေဒါသို့ သွားရောက်မည့်သူများအပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ကနေဒါ နိုင်ငံရှိ အိန္ဒိယသံရုံးနှင့်ကောင်စစ်ဝန်ရုံးဝန်ထမ်းများ “လုံခြုံရေး ခြိမ်းခြောက်မှု”ခံနေရသည်ကို အကြောင်းပြ၍ အိန္ဒိယနိုင်ငံက ကနေဒါနိုင်ငံသားများအား ဗီဇာပေးခြင်းကို ယာယီ ရပ်ဆိုင်းခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
印度政府对40余名加拿大外交官下“逐客令”
新华社北京10月4日电 多家媒体援引消息人士的话披露,印度政府已要求加拿大撤回41名该国驻印度外交官。这意味着,印加两国因一名加籍锡克教人士遭枪杀事件触发的外交战进一步升级。
英国《金融时报》2日援引多名消息人士的话报道,加拿大派驻印度的外交使团现阶段有62人,印方要求加方10日前减少41人。印方警告,逾期不离开印度的加方外交官将被取消外交豁免权。
按照印方说法,这一举措旨在让两国外交人员在人数和级别上对等。
加拿大总理贾斯廷•特鲁多9月18日公开指认印度特工涉嫌参与谋杀加拿大公民、锡克教人士哈迪普•辛格•尼贾尔,敦促印方配合调查。加拿大外交部同日宣布驱逐一名印度高级外交官。
尼贾尔20世纪90年代从印度移民至加拿大,主张印度部分地区独立,被印方列为“恐怖分子”。今年6月18日,他在加拿大不列颠哥伦比亚省萨里县一处锡克教文化中心外遭枪杀。
印方指责加方说法没有事实依据,并驱逐了一名加方外交官作为报复。印方还对本国旅加和赴加公民发布警示,称加拿大反印活动日渐增强,同时暂停对加方公民的签证业务,理由是印度驻加拿大使领馆工作人员遭遇“安全威胁”。