Connect with us

Media

ပြင်သစ်နိုင်ငံတွင် အဓိကရုဏ်း အရှိန်မြင့်တက်လာမှုကို ကာကွယ်တားဆီးရန် နိုင်ငံတစ်ဝန်း တိုးမြှင့် တပ်လှန့်ထား

ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ရဲတပ်ဖွဲ့ဝင်၏ သေနတ်ပစ်ခတ်မှုဖြင့် လူငယ်တစ်ဦး သေဆုံးရခြင်းကြောင့် ဖြစ်ပွားသော အဓိကရုဏ်းများ ပြင်းထန်လာခြင်းကို ကာကွယ်တားဆီးရန်အတွက် ပြင်သစ်နိုင်ငံတစ်ဝန်းတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၄၀,၀၀၀ ဖြန့်ကျက်ထားမည် ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် ပြင်သစ်နိုင်ငံ မြို့အများအပြား၌ ညမထွက်ရအမိန့် သို့မဟုတ် ဘတ်စ်ကားပြေးဆွဲချိန်များကို ရှေ့တိုး သွားမည် ဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဒါမန်နင်(Gerald Darmanin)က ဇွန် ၂၉ ရက်တွင် ကြေညာခဲ့သည်။

ပြင်သစ်နိုင်ငံ Hauts-de-Seine ပြည်နယ် Nanterre မြို့တွင် ဇွန် ၂၇ ရက်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကားတစ်စီးကို တားဆီးစဉ် သေနတ်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းနေသည့် အသက် ၁၇ အရွယ် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ရပ်သည် ပြင်သစ်နိုင်ငံ အလွှာအသီးသီးက ပြင်းပြင်းထန်ထန် တုန့်ပြန်မှုများ ဖြစ်ပွားခဲ့သည်။ ဇွန် ၂၈ ရက် ညပိုင်းက ပြင်သစ်နိုင်ငံ မြို့အများအပြားတွင် မြို့တော်ခန်းမ၊ ရဲစခန်းနှင့် စာသင်ကျောင်းများကို ဦးတည်သော အကြမ်းဖက်တိုက်ခိုက်မှုနှင့်မီးရှို့မှုများ ဖြစ်ပွား ခဲ့သည်။ ဇွန် ၂၉ ရက် ညပိုင်းတွင် အဓိကရုဏ်းသစ်များ ဖြစ်ပွားခြင်းကို ကာကွယ်ရန်အတွက် ပြင်သစ် ပြည်ထဲရေးဝန်ကြီးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးမြှင့်တပ်လှန့်ထားရန် ကြေညာခဲ့ရာ ၎င်းတို့တွင် မြို့တော် ပဲရစ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၅,၀၀၀ ဖြန့်ကျက်ထားရန် ပါဝင်ကြောင်း သိရသည်။
ပြင်သစ်သမ္မတ မက်ခရွန်က လူငယ်တစ်ဦးကို အသက်သေဆုံးအောင် ပစ်ခတ်သည့် ကိစ္စမှာ “ခွင့်လွှတ်ဖွယ်မရှိ”သော်လည်း အများပြည်သူပိုင်အဆောက်အဦကို ဦးတည် တိုက်ခိုက်ခြင်းမှာ “ကျိုးကြောင်းဆီလျော်မှု မရှိခြင်း”ကြောင့် ပြည်သူများအနေဖြင့် တည်တည်ငြိမ်ငြိမ်နေသင့်ကြောင်း ဇွန် ၂၉ ရက် ပြည်ထဲရေး အရေးပေါ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် သေနတ်ပစ်ခတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အား တမင်ရည်ရွယ်သည့်လူသတ်မှု ကျူးလွန်သည်ဟူသော သံသယဖြင့် ထိန်းသိမ်းထားပြီးဖြစ်ရာ ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)

法国全境加强警戒防止骚乱升级
新华社巴黎6月29日电(记者唐霁)法国内政部长达尔马宁29日宣布在全国部署4万名警察和宪兵维持治安,同时法国多个城市宣布宵禁令或提前结束公交系统运营时间,以防止警方射杀少年事件造成的骚乱升级。
27日在法国上塞纳省楠泰尔市,一名警员截停一辆汽车时开枪,驾车的17岁少年身亡。警方射杀少年事件引起法国各界强烈反应。28日晚,法国多个城市发生针对市政厅、警察局和学校的暴力袭击和纵火事件。29日下午,楠泰尔市部分示威者和警方发生激烈冲突,警方使用了催泪瓦斯,冲突直至傍晚才被平息。为防止29日晚出现新的骚乱,法国内政部长宣布在全国加强警戒,其中在首都巴黎部署了5000名治安警察。
法国总统马克龙29日在内政部紧急会议上说,警方射杀少年事件“不可原谅”,而针对公共机构的袭击“毫无道理”,民众应保持冷静。目前,开枪警员因涉嫌故意杀人被拘留,检方已开始对这起事件展开调查。
1-4. 6月29日,在法国上塞纳省楠泰尔市,示威者与警察发生冲突。新华社发(奥雷利安•莫里萨尔摄)
5,7. 6月29日,在法国上塞纳省楠泰尔市,警察在骚乱现场警戒。 新华社发(奥雷利安•莫里萨尔摄)
6. 6月29日,在法国上塞纳省楠泰尔市,消防员在骚乱现场灭火。新华社发(奥雷利安•莫里萨尔摄)