Connect with us

China

အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ကျင်းပ

အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်း (John Lee) အား ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားကို Hong Kong Celebration Association က တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ ဗစ်တိုးရီးယား ဥယျာဉ်၌ ဇွန် ၃၀ ရက်တွင် ကျင်းပခဲ့သည်။

အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗဟိုပြည်သူ့အစိုးရ ဆက်သွယ်ရေးရုံး ညွှန်ကြားရေးမှူး ကျိန့်ယန့်ရှုန်အား ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများ ဖွင့်ပွဲအခမ်းအနားအား ၂၀၂၃ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်း (John Lee) က အမှာစကား ပြောကြားရာ၌ ဟောင်ကောင်သည် စိန်ခေါ်မှုအမျိုးမျိုးနှင့်ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ ဘက်စုံ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ရာ စီမံအုပ်ချုပ်မှုမှ ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သစ်သို့ အရှိန်အဟုန်မြင့် လျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေနှင့် “နိုင်ငံကို ချစ်မြတ်နိုးသူ ဟောင်ကောင်ကို စီမံအုပ်ချုပ်ခြင်း”ဟူသောမူဖြင့် ဟောင်ကောင်ဒေသ၏လူမှုအသိုက်အဝန်း တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးပတ်ဝန်းကျင် လွတ်လပ်မှုနှင့်အဆင်ပြေလွယ်ကူမှု ရှိစေခဲ့ရာ ဟောင်ကောင်၏ဆွဲဆောင်မှုမှာ မလျော့သွားဘဲ တိုးတက်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗဟိုပြည်သူ့အစိုးရ ဆက်သွယ်ရေးရုံး ညွှန်ကြားရေးမှူး ကျိန့်ယန့်ရှုန်က အမှာစကား ပြောကြားရာ၌ ယခုတစ်နှစ်တာအတွင်း ဗဟိုအစိုးရ အပြည့်အဝ ထောက်ခံအားပေးမှု၊ HKSAR အုပ်ချုပ်ရေးမှူး လီကျားချောင်း (John Lee) နှင့် HKSAR အစိုးရ၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုများကြောင့် လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီးတွင် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ဆောင်မှုများကြောင့် မြို့နေပြည်သူများက လုံခြုံမှု၊ ပိုင်ဆိုင်မှု၊ သာယာချမ်းမြေ့မှုခံစားချက်များ မပြတ်တိုးတက်လာခဲ့ရာ ယခင်အချိန်က ရင်းနှီးခဲ့ဖူးသော၊ ချစ်စဖွယ်ကောင်းသော ဟောင်ကောင်ကို ပြန်လည် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် Hong Kong Celebration Association က “စီမံအုပ်ချုပ်မှုမှသည် ဖွံ့ဖြိုးတိုးတက်ရေး တက်လမ်းသစ်ဆီသို့ ၊ ‘တစ်နိုင်ငံ စနစ်နှစ်မျိုး’ ခရီးစဉ်သစ်”ဟူသော ခေါင်းစဉ်ဖြင့် အထိမ်းအမှတ် လှုပ်ရှားမှု များစွာ ကျင်းပခဲ့သည်။ ၎င်းတို့တွင် ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၂ ရက်အတွင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၊ လျောင်နင်ပြည်နယ်၊ ဆန်းတုန်းပြည်နယ် ကိုယ်စားလှယ်များနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသ သိပ္ပံနှင့်နည်းပညာလုပ်ငန်းများကို ဖိတ်ခေါ်၍ ဟောင်ကောင် ဗစ်တိုးရီးယားဥယျာဉ်တွင် ပြပွဲနှင့်ဖျော်ဖြေပွဲ ကျင်းပခြင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)
…………………………………
(Chinese Version)
(港澳台)庆祝香港回归祖国26周年活动启动礼在港举行
新华社香港6月30日电(苏万明、章雅昭)香港各界庆典委员会庆祝香港回归祖国26周年活动启动礼30日在香港维多利亚公园举行,为系列庆祝活动拉开帷幕。
香港特别行政区行政长官李家超出席启动礼并致辞表示,香港经历种种挑战后,现已全面复常,重新腾飞,迈上由治及兴新征程。在香港国安法和“爱国者治港”原则的双重保障下,香港社会整体稳定,经济发展向好,营商环境自由、方便,香港的吸引力有增无减。
中央人民政府驻香港特别行政区联络办公室主任郑雁雄致辞指出,一年来,在中央政府的大力支持下,李家超行政长官和特区政府担当尽责,团结带领社会各界勠力同心开新局、谱新篇,办成了不少实事,广大市民安全感、获得感、幸福感不断跃升,昔日熟悉的、可爱的香港又回来了。
为庆祝香港回归祖国26周年,香港各界庆典委员会将举办主题为“由治及兴新阶段、‘一国两制’新航程”的多项精彩庆祝活动。其中,即日起至7月2日,庆委会邀请到陕西省西安市、辽宁省、山东省代表以及粤港澳大湾区多家创科企业,在香港维多利亚公园举办展览及表演。
1. 6月30日,香港特别行政区行政长官李家超在启动礼上致辞。新华社记者 陈铎 摄
2. 6月30日,中央人民政府驻香港特别行政区联络办公室主任郑雁雄在启动礼上致辞。新华社记者 陈铎 摄
3. 6月30日,主礼嘉宾启动庆祝香港回归祖国26周年活动。新华社记者 陈铎 摄