Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Sogavare တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Sogavareနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇူလိုင် ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့က အပြန်အလှန်လေးစားမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုရှိသော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ကို တရားဝင် တည်ဆောက်ကြောင်း နှစ်နိုင်ငံ အတူတကွ ကြေညာခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့သည် အပြန်အလှန် ယုံကြည်ထိုက်သော မိတ်ဆွေကောင်း၊ အားကိုးထိုက်သော ညီအစ်ကိုကောင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများ၏ ဆက်ဆံရေးတွင် ရှေ့ဆောင် ဖြစ်လာခဲ့ရာ နိုင်ငံကြီးနှင့်နိုင်ငံငယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲအတူ ဖော်ဆောင်ခြင်း၏ စံနမူနာ ဖြစ်လာခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဆော်လမွန်ကျွန်းစုနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ကျင့်သုံးဆောင်ရွက်ခြင်းအပေါ် တန်ဖိုးထား ချီးကျူးပါကြောင်း၊ ဆော်လမွန်ကျွန်းစုနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွား ကာကွယ်မှုအား ထောက်ခံအားပေးသလို ဆော်လမွန်ကျွန်းစုနိုင်ငံ၏ ကိုယ်ပိုင်ရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ထောက်ခံကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မိမိနိုင်ငံ၏ကိစ္စရပ်များကို ကောင်းမွန်အောင် ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏အကျိုးဆောင်သူ၊ နိုင်ငံတကာစနစ်၏ ထိန်းသိမ်းစောင့်ရှောက်သူ အဖြစ် အစဉ်အမြဲ ဆောင်ရွက်သွားမည် ဖြစ်ရာ ဆော်လမွန်ကျွန်းစုနိုင်ငံနှင့်အတူ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုမှ ရရှိလာသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေသွားလိုကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်မှုနှင့် ဆော်လမွန်ကျွန်းစုနိုင်ငံ၏ “၂၀၃၅ ခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ချိတ်ဆက်မှုကို အားဖြည့်ဆောင်ရွက်သွားရန်၊ ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊
ဆော်လမွန်ကျွန်းစုနိုင်ငံ၏အားသာချက်ရှိသော ထုတ်ကုန်ပစ္စည်းများကို တိုးချဲ့တင်သွင်းရန်၊ ဆော်လမွန်ကျွန်းစုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရေရှည်တည်ငြိမ်ရေးကို ကူညီပံ့ပိုးရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ဆော်လမွန်ကျွန်းစုနိုင်ငံသို့ ပိုမိုများပြားသောတရုတ်ကုမ္ပဏီလုပ်ငန်းများ သွားရောက်ရင်းနှီးမြှုပ်နှံရန် ထောက်ခံအားပေးသွားမည် ဖြစ်သလို နိုင်ငံရေးတောင်းဆိုမှုမရှိသော စီးပွားရေးနည်းပညာပံ့ပိုးများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အနေဖြင့် ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများ၌ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှုများကို တိုးချဲ့သွားရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆော်လမွန်ကျွန်းစုနိုင်ငံက လက်ခံကျင်းပမည့် ၁၇ ကြိမ်မြောက် ပစိဖိတ်အားကစားပြိုင်ပွဲကို ထောက်ခံကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Sogavare က တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းသည် ဆော်လမွန်ကျွန်းစုနိုင်ငံ၏ မှန်ကန်သော ရွေးချယ်မှု ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် အောင်မြင်မှုရလဒ်များရရှိခဲ့ရာ တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုနိုင်ငံ၏ အကြီးဆုံး အခြေခံအဆောက်အအုံ မိတ်ဖက်နှင့် ယုံကြည်ရသော ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဖြစ်နေပြီ ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)တို့သည် ထူးချွန်သည့် အမြော်အမြင်နှင့် ဦးဆောင်နိုင်စွမ်းကို ပြသလျက်ရှိရာ ထို့အပေါ် ဆော်လမွန်နိုင်ငံအနေဖြင့် အထူး တန်ဖိုးထားထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးရလဒ်များက ကမ္ဘာအတွက်လေးစားစရာနှင့်လေ့လာသင်ယူစရာ ဖြစ်ကြောင်း ၊ ဆော်လမွန်ကျွန်းစုနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံနှင့် အတူ အဆင့်မြင့်ကူးလူးဖလှယ်မှုများကို အနီးကပ်ဆောင်ရွက်သွားလိုရာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု၊ ဒေသန္တရစသည့် ကဏ္ဍများ၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားခြင်း ၊ ဥတုရာသီပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူဖြေရှင်းခြင်းဖြင့် ဆော်လမွန်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်အောင် တွန်အားပေး ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တားဆီးခြင်း လုပ်ဆောင်မှုမှန်သမျှကိုလည်း ဆော်လမွန်ကျွန်းစုနိုင်ငံအနေဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း Sogavare က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲအပြီးတွင်《တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့၏ အပြန်အလှန်လေးစားမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုရှိသော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ကို တည်ဆောက်ကြောင်း ပူးတွဲကြေညာချက်》ကို ထုတ်ပြန်ခဲ့ကြသည်။ (Xinhua)

…………………………………..
(Chinese Version)
习近平会见所罗门群岛总理索加瓦雷
新华社北京7月10日电(记者郑明达)国家主席习近平10日下午在人民大会堂会见来华进行正式访问的所罗门群岛总理索加瓦雷。双方共同宣布,中国和所罗门群岛正式建立新时代相互尊重、共同发展的全面战略伙伴关系。
习近平指出,中国和所罗门群岛是彼此值得信赖的好朋友、可以依靠的好兄弟。建交以来,两国友好合作后来居上,走在了中国同太平洋岛国关系前列,成为不同大小国家和发展中国家团结合作、携手发展的典范。
习近平强调,中方高度赞赏所方坚定奉行一个中国原则,支持所方维护主权、安全、发展利益,支持所方自主选择的发展道路。中方坚持把自己的事情办好,始终做世界和平的建设者、全球发展的贡献者、国际秩序的维护者,愿同所方分享中国式现代化带来的发展机遇,加强共建“一带一路”同所罗门群岛“2035发展战略”对接,拓展各领域务实合作,扩大进口所方优势产品,帮助所方实现发展振兴和长治久安。中方支持更多中国企业赴所投资兴业,将继续向所方提供不附加政治条件的经济技术援助。双方要扩大医疗、教育等领域友好交流。中方支持所方举办第十七届太平洋运动会。
索加瓦雷表示,同中国建交是所方作出的正确选择。建交以来,两国关系取得累累硕果。中国已经成为所罗门群岛最大基础设施合作伙伴和可信赖的发展伙伴。习近平主席提出全球发展倡议、全球安全倡议和全球文明倡议,展现了卓越远见和非凡领导力,所方对此表示高度赞赏和支持。中方减贫成就值得世界钦佩和借鉴。所方坚定奉行一个中国原则,愿同中方密切高层交往,加强贸易、投资、人文、地方等领域交流合作,共同应对气候变化等全球性挑战,推动所中全面战略伙伴关系不断向前发展。所方反对任何针对、遏制中国发展的行径。
会见后,双方发表《中华人民共和国和所罗门群岛关于建立新时代相互尊重、共同发展的全面战略伙伴关系的联合声明》。
1. 7月10日下午,国家主席习近平在北京人民大会堂会见来华进行正式访问的所罗门群岛总理索加瓦雷。新华社记者 张领 摄