Connect with us

Media

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ အာဆီယံ+ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (10+3) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် အာဆီယံ + တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား (10+3) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဇူလိုင် ၁၃ ရက်က တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဝမ်ရိက ASEAN Plus Three (APT) ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့အာရှဒေသ ပူးပေါင်းဆောင်ရွက်မှု၌ ရင့်ကျက်မှုရှိသော ယန္တရားတစ်ခု ဖြစ်ရာ အရှေ့အာရှဒေသ တိုးတက် စည်ပင်ဝပြောရေးအတွက် တက်ကြွစွာ ရေရှည် အကျိုးဆောင်မှုများရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် ASEAN Plus Three (APT)နိုင်ငံများသည် ဒေသတွင်း အဓိက စီးပွားရေးအသိုက်အဝန်း အနေဖြင့် အားကောင်းသော စည်းလုံးညီညွတ်မှု၊ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖြင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သင့်ပါကြောင်း၊ ပထမအနေဖြင့် ဒေသတွင်းစီးပွားရေး ပြန်လည်တိုးတက်မှုရှိအောင် အစွမ်းကုန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ရာ တရုတ်နိုင်ငံသည် RCEP စီးပွားရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို
ပံ့ပိုး၍ အာဆီယံနိုင်ငံများ RCEP သဘောတူညီချက် ဖော်ဆောင်နိုင်မှုစွမ်းရည် မြင့်မားလာအောင် ကူညီခဲ့ပါကြောင်း၊ ဒုတိယအနေဖြင့် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ရာ တရုတ်နိုင်ငံ အနေဖြင့် ဒေသတွင်းနိုင်ငံများသို့ ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ၊ အရေးပေါ် ဆန်အရန်သိုလှောင်မှုများ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုများ စသည်တို့တွင် ပံ့ပိုးခဲ့ပြီး ဖြစ်ပါကြောင်း ၊ တတိယအနေဖြင့် ဒေသတွင်း ဝန်ထမ်းချင်းကူးလူးဖလှယ်မှုများကို ပြန်လည်အားထားဆောင်ရွက်ရမည် ဖြစ်ရာ ဒေသတွင်းနိုင်ငံများအကြား ပုံမှန်လေကြောင်းသွားလာမှုများကို လျင်မြန်စွာ တိုးမြှင့်ကာ ပြည်ဝင်/ပြည်ထွက် ခရီးသွားကဏ္ဍ စနစ်တကျ ပြန်လည်ကောင်းမွန်လာရေး တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုနှစ်သည်《ASEAN Plus Three (APT) ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် 》ဖော်ဆောင်သော အဖွင့်နှစ် ဖြစ်ရာ ဒေသတွင်းနိုင်ငံများက အရှေ့အာရှ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး ရေရှည်ရည်မှန်းချက်ကို လက်ကိုင်ထား၍ အာဆီယံဗဟိုပြုမှုကို ထောက်ခံ၍ အားလုံးပါဝင်မှုရှိသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ပြည်စုံအောင် ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို အဆက်မပြတ် တိုးချဲ့ခြင်းဖြင့် ဒေသတွင်း သာမက ကမ္ဘာ့ စီပွားရေး ပြန်လည်ရှင်သန် တိုးတက်လာရေးအတွက် ပို၍တောင့်တင်းသော “အရှေ့အာရှ အင်အား”ကို ဖြည့်တင်းပေးရမည် ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့ပါသည်။

ASEAN Plus Three (APT) ပူးပေါင်းဆောင်ရွက်မှု နောက်တစ်ဆင့်အနေဖြင့် ဝမ်ရိက အကြံပြုချက် ၃ ရပ်ကို ပြောကြားခဲ့သည်။

ပထမအနေဖြင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ ကျင့်သုံး၍ ဒေသတွင်းပေါင်းစည်းရေးဖြစ်စဉ် တွန်အားပေးမှုကို အရှိန်မြှင့်တင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ RCEP ဘက်စုံ အသက်ဝင်လာခြင်းကို

အခွင့်အလမ်းအဖြစ် ထားရှိကာ RCEP ၏ ပထမအသုတ် အဖွဲ့ဝင်အဖြစ် ဟောင်ကောင် ပါဝင်မှုကို ထောက်ခံရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသည် “ASEAN Plus Three (APT) ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်”ရေးဆွဲမှုကို ထောက်ခံသလို တည်ငြိမ်၊ ချောမွေ့၍ နှိုင်းယှဉ်ရာတွင် အားသာချက်ရှိသော ဒေသတွင်း ကုန်ထုတ်လုပ်မှုနှင့်ပံ့ပိုးမှုကွင်းဆက်စနစ်ကို တည်ဆောက်ရန် ထောက်ခံကြောင်း၊ အသေးစား၊အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုပြီး ASEAN Plus Three (APT) မက်ခရိုစီးပွါးရေး သုတေသနရုံးမှ ဒေသတွင်း ဗဟုသုတစင်တာ တည်ဆောက်မှုကို ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ဘုံလုံခြုံရေးကို လက်ကိုင်ထား၍ အကျပ်အတည်းတုန့်ပြန်မှုစွမ်းရည်ကို အဆက်မပြတ် တိုးမြှင့်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ASEAN Plus Three (APT) အရေးပေါ် ဆန် အရန်သိုလှောင်ရေးယန္တရားအတွက် ဆက်လက် လှူဒါန်းပံ့ပိုးသွားမည် ဖြစ်ပြီး အာဆီယံ စားနပ်ရိက္ခာဖူလုံရေး သတင်းအချက်အလက်စနစ်ကို အားဖြည့် ဆောင်ရွက်ကာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချင်းမိုင် အဆိုပြုချက် အသုံးပြုနိုင်မှုနှင့် ထိရောက်နိုင်မှုကို မြှင့်တင်၍ ဒေသတွင်း ဘဏ္ဍာရေးလုံခြုံမှုကွန်ရက်ကို ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ ဂျပန်နိုင်ငံ၏ နျူကလီးယားရေဆိုးများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မည့်ကိစ္စမှာ ပင်လယ် သမုဒ္ဒရာ ပတ်ဝန်းကျင် လုံခြုံရေး၊ လူသားမျိုးနွယ်တို့၏ အသက်အန္တရာယ်ကျန်းမာရေးနှင့်သက်ဆိုင်ရာ သေချာ စဉ်းစားသုံးသပ်ရမည် ဖြစ်ပြီး ကြီးမားသော အမှားအယွင်း မဖြစ်ရအောင် မိမိသဘောအလျောက် မလုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ဆန်းသစ်တီထွင်မှုအား ရှေ့ဆောင်ထား၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများကို အပြည့်အဝ ဖော်ထုတ်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ထွန်းသစ်စ စက်မှု လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့၍ ဖွံ့ဖြိုးတိုးတက်ရေးတွန်းအားသစ်များ ဖြည့်တင်းပေးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံအဆိုပြုသော ASEAN Plus Three (APT) လျှပ်စစ်ကား

ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေး ကြေညာချက်ကို ထောက်ခံသလို တရုတ်နိုင်ငံမှ ကျင်းပသော သန့်စင်စွမ်းအင်ကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ၊ ကာဗွန်လျော့နည်း ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲ၊ အရှေ့အာရှဖိုရမ် စသည့် လှုပ်ရှားမှုတွင် ဘက်ပေါင်းစုံက ပါဝင်လာရန် ဖိတ်ခေါ်ကြောင်း၊ တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက် အရာရှိ ဖလှယ်ရေး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တွန်းအားပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ASEAN Plus Three (APT) ယန္တရားသည် အကျပ်အတည်းများကို ရင်ဆိုင်ရာတွင် ပေါ်ထွန်းလာခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ အဆက်မပြတ်ကျယ်ပြန့်လာခဲ့သလို ပူးပေါင်းဆောင်ရွက်သည့်ရလဒ်များကလည်း သိသာထင်ရှားလာခဲ့ပြီး ကပ်ရောဂါအလွန်ကာလ ဒေသတွင်းနိုင်ငံများ လျင်မြန်စွာ ပြန်လည်ရှင်သန်လာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့ရာ အခိုင်အမာယုံကြည်ရသော တည်ငြိမ်မှု၏အကြောင်းတရားတစ်ခု ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

အာဆီယံဗဟိုပြုမှု၊ အားလုံးပါဝင်မှုကို တံခါးဖွင့်လက်ခံသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ထောက်ခံကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ ဖော်ဆောင်သွားမည် ဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်ဝပြောရေးကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း နိုင်ငံအသီးသီးက ပြောကြားခဲ့သည်။

ASEAN Plus Three (APT) ယန္တရားကို အချိန်နှင့်တစ်ပြေးညီတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားသင့်သည်ဟု နိုင်ငံအသီးသီးက ယူဆကြရာ အရေးပေါ် ဆန်အရန်သိုလှောင်မှုယန္တရား၏ အခန်းကဏ္ဍကို အပြည့်အဝ ပံ့ပိုးရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချင်းမိုင်အဆိုပြုချက် တက်ကြွစွာ တွန်းအားပေးဆောင်ရွက်သွားရန်၊ RCEPကို အရည်အသွေးမြင့် ဖော်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ ဒစ်ဂျစ်တယ် စီးပွားရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်ရေး၊ စွမ်းအင်အသွင်ပြောင်းရေး၊ လျှပ်စစ်မော်တော်ယာဉ် စသည့် တွန်းအားသစ်များကို တည်ဆောက်ရန်၊ ဒေသတွင်း အပြန်အလှန်ချိတ်ဆက်ရေး ၊ ဒဏ်ခံနိုင်မှု စွမ်းရည် မြှင့်တင်ရေးအတွက် အားသစ်လောင်းပေးရန်၊ အာဆီယံကို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖြစ်တည်ဆောက်ရာတွင် ပံ့ပိုးပေးရန် နိုင်ငံအသီးသီးက သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
Chinese Version)
王毅出席东盟与中日韩(10+3)外长会
新华社雅加达7月14日电(记者余谦梁 孙磊)当地时间7月13日,中央外办主任王毅在雅加达出席东盟与中日韩(10+3)外长会。
王毅说,10+3合作是东亚区域合作最成熟的机制之一,长期以来为东亚繁荣发展作出了积极贡献。当前形势下,10+3国家作为地区主要经济体,理应加强团结,密切合作,共迎挑战。一是全力推动地区经济恢复增长。中国已为《区域全面经济伙伴关系协定》(RCEP)经济技术合作提供支持,帮助东盟国家提升协定实施能力。二是积极助力地区可持续发展。中方已向地区国家提供医疗物资、大米紧急储备、减贫合作等支持。三是着力恢复地区人员往来。尽快增加同地区国家商业航班,推动出入境旅游有序恢复。
王毅强调,今年是落实《10+3合作工作计划》的开局之年,地区国家要把握构建东亚共同体的长远目标,支持东盟中心地位,完善包容性区域合作架构,不断拓展合作领域,为地区乃至世界经济的复苏增长注入更为强劲的“东亚力量”。王毅就下阶段10+3合作提出三点建议。
一是坚持开放合作,加快推动区域一体化进程。以RCEP全面生效为契机,支持香港作为首批成员加入RCEP。中方支持制定“10+3经济合作工作计划”,建设稳定、畅通、基于比较优势的区域产供链体系,愿推进中小企业合作,支持10+3宏观经济研究办公室打造区域知识中心。
二是坚持共同安全,不断提升危机应对效能。中方将持续向10+3大米紧急储备机制捐资,强化东盟粮食安全信息系统,更好维护地区粮食安全。提升清迈倡议多边化可用性和有效性,筑牢区域金融安全网。日本核污染水排海事关海洋环境安全和人类生命健康,兹事体大,务必三思,不应擅自行事,不能铸成大错。
三是坚持创新引领,充分挖掘可持续发展潜能。加大新兴产业合作,为发展增添动力。中方支持东盟提出的10+3电动汽车生态系统发展的声明,欢迎各方参与中方举办的清洁能源对话、低碳发展伙伴关系研讨会
、东亚论坛等活动。中方还将持续推进减贫、村官交流、乡村发展等领域合作。
日、韩和东盟各国外长表示,10+3机制在应对危机中应运而生,合作领域不断拓展,合作成效日益显现,为地区国家实现疫后快速复苏和可持续发展发挥关键作用,成为坚实可靠的稳定之锚。各方支持以东盟为中心、开放包容的区域合作架构,坚持践行多边主义,维护地区和平稳定繁荣。各方一致认为应推动10+3机制与时俱进,充分发挥大米紧急储备机制作用,积极推进清迈倡议多边化,高质量实施RCEP,打造数字经济、创新科技、能源转型、电动汽车等新的增长点,为地区互联互通、增强韧性注入新的动力,助力东盟打造全球增长中心。(完)