Connect with us

Media

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန့်ဖူက (၁၁) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး အစည်းအဝေးသို့ တက်ရောက်

မော်စကို၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

(၁၁)ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေး အစည်းအဝေးကို ဩဂုတ် ၁၅ ရက်တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်ကာကွယ်ရေးဝန်ကြီး လီရှန့်ဖူက တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

လီရှန့်ဖူက သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်(GSI)သည် ဘုံ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် ဖြစ်သော လုံခြုံရေးအမြော်အမြင်ဖြစ်ပြီး “ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သည့် တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်ဖွဲ့ခြင်းမဟုတ်သည့် လက်တွဲဆောင်ရွက်မှု၊ သူနိုင်ကိုယ်နိုင်အားပြိုင်ခြင်း မဟုတ်သည့် ဘုံအကျိုးဖြစ်ထွန်းစေမှု ”ဟူသော လုံခြုံရေး လမ်းကြောင်းသစ် ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်း၏တက်ကြွသည့် တုံ့ပြန်မှုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့လုံခြုံရေး အဆိုပြုချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို လိုလားတောင့်တမှု၊ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ရေးကို မျှော်မှန်းမှု၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဖော်ဆောင်လိုမှုများ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်(GSI)ကို ဖော်ဆောင်၍ ရှုပ်ထွေးပြောင်းလဲနေသည့်ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအားများဖြည့်တင်း သွားလိုကြောင်း လီရှန့်ဖူက ပြောကြားခဲ့သည်။

လီရှန့်ဖူက တရုတ်နိုင်ငံ၏ စစ်တပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်သည့် ခိုင်မာသော အင်အား ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် နိုင်ငံအသီးသီး စစ်တပ်များနှင့်အတူ စစ်ရေး လုံခြုံရေး မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာကဏ္ဍအသီးသီးတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အားဖြည့် ဆောင်ရွက်သွားလိုကြောင်း၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းကို အတူတကွ တည်ဆောက်၍ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ထိန်းသိမ်းကာကွယ်မှုအတွက် ပို၍ ကြီးမားသော အကျိုးသစ်များ ဆောင်ကြဉ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဖြစ်ပြီး မည်သည့် ပြည်ပစွက်ဖက်မှုကိုမဆို လက်ခံမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ ပေါင်းစည်းရေးသည် သမိုင်း၏ရေစီးကြောင်းဖြစ်ပြီး ထိုင်ဝမ်အရေးတွင် မီးနှင့်ကစားမည့်၊ “ထိုင်ဝမ်ဖြင့် တရုတ်ကို ထိန်းချုပ်”မည့် စိတ်ကူးယဉ်ဆန်သည့် ကြိုးပမ်းမှုများက အရှုံးနှင့်အဆုံးသတ်မည် ဖြစ်ကြောင်း လီရှန့်ဖူက ပြောကြားခဲ့သည်။

အစည်းအဝေးကာလတွင် တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန့်ဖူက ရုရှားကာကွယ်ရေးဝန်ကြီး နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ကြကြောင်းနှင့် အီရန်၊ ဆော်ဒီအာရေဗျ၊ ကာဇက်စတန်၊ ဗီယက်နမ် စသည့် နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးဌာနများ၊ စစ်တပ်ခေါင်းဆောင်များနှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
李尚福出席第十一届莫斯科国际安全会议
新华社莫斯科8月15日电(记者陈汀)第十一届莫斯科国际安全会议8月15日召开,中国国务委员兼国防部长李尚福出席并作大会发言。
李尚福说,习近平主席提出全球安全倡议,倡导共同、综合、合作、可持续的安全观,走“对话而不对抗、结伴而不结盟、共赢而非零和”的新型安全之路,得到国际社会积极响应。全球安全倡议承载着对世界和平的向往,对和睦共处的期盼,对共同发展的追求。中方期待与各国共同践行全球安全倡议,为变乱交织的世界注入更多的稳定性和正能量。
李尚福说,中国军队是维护世界和平的坚定力量。我们愿与各国军队持续加强军事安全战略互信和各专业领域务实合作,共建安全合作平台,为维护全球安全作出新的更大贡献。
李尚福指出,台湾问题是中国内政,不容任何外来干涉,中国统一是历史大势,在台湾问题上玩火、妄图“以台制华”必将以失败告终。
会议期间,李尚福与俄国防部长绍伊古举行会谈,就两国两军关系、两军合作问题交换意见,还与伊朗、沙特阿拉伯、哈萨克斯坦、越南等国防务部门和军队领导举行双边会见。