Media
တရုတ်နိုင်ငံမှ အခြားကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ ထွက်ခွာ
ကူမင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)
အတွေ့အကြုံပြည့်ဝကာ နည်းပညာစွမ်းရည်ခိုင်မာသော တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေး ယူနန်အဖွဲ့ အဖွဲ့ဝင် ၁၆ ဦးသည် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ၊ ဆေးကုသရေးဆိုင်ရာ အရေးပေါ်အထုပ်များ၊ မီးပေးစက်ပစ္စည်းများ၊ ဖြိုဖျက်ရေးကိရိယာများ စသည့် မြို့ပြငလျင်ကယ်ဆယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို သယ်ဆောင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံ မူဆယ်မြို့သို့ ရောက်ရှိပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သည်။
ထိုမတိုင်မီ အဖွဲ့ဝင် ၃၇ ဦးပါဝင်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့ တစ်ဖွဲ့သည် အသက်ကယ်ကိရိယာ (Life detector)များ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning system) များ၊ ခရီးဆောင်ဂြိုဟ်တု(portable satellite)များနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်ကာ ကူမင်း ချန်ရွှေနိုင်ငံတကာလေဆိပ်မှ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ရာ မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
中国又一救援队赶赴缅甸救援
新华社昆明3月29日电(记者何春好、王贤思)3月29日9时30分许,16名经验丰富、技能过硬的中国蓝天救援云南队队员,携带个人防护装备、医疗急救包、发电照明设备、破拆工具等城市地震救援装备物资,从中国云南瑞丽口岸出境,赶赴缅甸救援。救援队将在抵达缅甸木姐市后展开救援工作。
此前,中国云南救援医疗队一行37人携带全功能生命探测仪、地震预警系统、便携式卫星、无人机等应急救援物资,从昆明长水国际机场乘飞机出发,已经抵达缅甸。(完)