Connect with us

Politics, Law & Military

Qin Gang – တရုတ်ကုမ္ပဏီများအား ဖိနှိပ်ရန် အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် ချဲ့ကားလုပ်ဆောင်မှုကို ရပ်တန့်ရေး အမေရိကန်အား ဆက်လက်တိုက်တွန်းသွားမည်

ဝါရှင်တန်၊နိုဝင်ဘာ ၁၇ (ဆင်ဟွာ)

အမေရိကန်အခြစိုက်တရုတ်သံရုံးသည်အမေရိကန်ပြည်ထောင်စုရှိတရုတ်ကုမ္ပဏီများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ပံ့ပိုးကူညီခြင်းနှင့်ဝန်ဆောင်မှုများကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများအား ဖိနှိပ်ရန် အမျိုးသားလုံခြုံရေး အကြောင်းပြချက်ကို ချဲ့ကားအလွဲသုံးစားလုပ်ခြင်းမှ ရပ်တန့်ရေးအတွက် အမေရိကန်နိုင်ငံကို ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Qin Gang ကနိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

Qin Gang သည် နိုဝင်ဘာ ၁၆ ရက်တွင် အမေရိကန် တရုတ်ကုန်သည်ကြီးများအသင်းမှ ကျင်းပသော အွန်လိုင်း ဆွေးနွေးပွဲသို့ တက်ရောက်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် အမေရိကန်ရှိ တရုတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အန္တရာယ်များကို နားထောင်ပြီးနောက် Qin Gang က တရုတ်နှင့် အမေရိကန် နိုင်ငံခေါင်းဆောင်တို့သည် ပြီးခဲ့သည့်ရက်က ပွင့်လင်းနက်ရှိုင်းသော အပြုသဘောဆောင်ပြီး ထိရောက်မှုရှိသည့် ဗီဒီယိုလင့်ခ်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ တရုတ်-အမေရိကန် အနာဂတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကို လမ်းညွှန်ခဲ့ပြီး အားပြုခဲ့ကြကြောင်း၊ကမ္ဘာကို အားကောင်းပြီး အပြုသဘောဆောင်သော အချက်ပြမှုများလည်း ပေးပို့ခဲ့ကြောင်း ဆိုသည်။

Qin Gang သည် တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် အထွေထွေ ကုန်သည်ကြီးများ အသင်းနှင့် အဖွဲ့ဝင် ကုမ္ပဏီများ ၏ ပံ့ပိုးကူညီမှုကို အပြုသဘောဖြင့် ထောက်ခံခဲ့ပြီး ၎င်းတို့၏ ယုံကြည်မှု ခိုင်မာစေရန်၊ ဒေသဆိုင်ရာသတ်မှတ်ချက်၊စည်းကမ်းများကို အစဉ်အမြဲလိုက်နာရန်၊ဂလိုဘယ်လိုက်ဇေရှင်းအဖြစ်လုပ်ငန်းလုပ်ပတ်ရန်၊ လူမှုရေး တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ရန်၊မိမိတို့၏တရားဝင်ဥပဒေဆိုင်ရာ အခွင့်အရေးများနှင့် အပြုသဘောဆောင် ဖွံ့ဖြိုးတိုးတက်မှုမျာ အတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုများ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းအားပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ တရုတ်အထွေထွေကုန်သည်ကြီးများအသင်းနှင့် ၎င်း၏အဖွဲ့ဝင်ကိုယ်စားလှယ်များက နှစ်နိုင်ငံခေါင်းဆောင်များကြား ဗီဒီယိုလင့်ခ်တွေ့ဆုံမှုသည် အမေရိကန်ပြည်ထောင်စုရှိ တရုတ်ကုမ္ပဏီများအတွက် အားဖြစ်စေသော မျှော်လင့်ချက်များ မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ တရုတ်ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်လိုက်နာပြီး၊ ဒေသတွင်း ပေါင်းစည်းမှု များပြုလုပ်ရင်း အန္တရာယ်များကို တက်ကြွစွာ တုံ့ပြန်ကာ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျ မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————–
(Chinese Version)

(国际)秦刚:将继续敦促美方停止滥用和泛化国家安全概念打压中企

新华社华盛顿11月16日电中国驻美国大使秦刚16日表示,驻美使馆将一如既往为中资企业在美发展提供支持和服务,将继续敦促美方停止滥用和泛化国家安全概念打压中国企业。

秦刚当天出席美国中国总商会举行的线上座谈会时作上述表示。 在听取中资企业在美业务发展及面临的困难和风险后,秦刚表示,中美两国元首日前进行了坦诚、深入、建设性和富有成效的视频会晤,为今后一个时期中美关系发展指明了方向、注入了动力,也向全世界发出了强有力的积极信号。

秦刚积极肯定美国中国总商会和会员企业为中美经贸关系发展贡献力量,并鼓励他们坚定信心,坚持属地化、合规化、国际化运营,积极履行社会责任,继续为争取自身合法权益和良性发展不懈努力。
美国中国总商会及成员代表表示,两国元首视频会晤令在美中资企业感到鼓舞,看到希望。 中资企业将继续坚持合规运营,融入当地,积极应对风险,务实推动中美经贸合作。 (完)