Connect with us

Science & Technology

“Shenzhou-12” လူလိုက်ပါအာကာသယာဉ် လွှတ်တင်မှု အပြည့်အဝ အောင်မြင်ခဲ့ဟု CMSEO ပြောကြား

ကျိုချွမ်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

လူလိုက်ပါအာကာသယာဉ် “Shenzhou-12” ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၁၇ ရက် နံနက် ၉ နာရီ ၂၂ မိနစ်က ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အချိန်မှန် လွှတ်တင်ခဲ့ရာ (၅၇၃)စက္ကန့်အကြာခန့်တွင် ယာဉ်သည် ဒုံးပျံမှ ခွဲထွက်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်သွားခဲ့ကြောင်း၊ အာကာသယာဉ်မှူး (၃)ဦးဖြစ်သည့် နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်၊ ထန်းဟုန်ပေါတို့ကို အာကာသထဲသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၎င်းတို့၏အခြေအနေမှာ ကောင်းမွန်ကြောင်း နှင့် အာကာသယာဉ်လွှတ်တင်မှု အပြည့်အဝ အောင်မြင်ကြောင်း China Manned Space Engineering Office (CMSEO)၏ သတင်းများအရ သိရသည်။ယခုအကြိမ်သည် တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသယာဉ် အင်ဂျင်နီယာ စီမံကိန်း အကောင်အထည်ဖော်ပြီးနောက်ပိုင်း (၁၉)ကြိမ်မြောက် လွှတ်တင်မှု ဖြစ်သလို အာကာသစခန်းတည်ဆောက်ရေးအတွက် ပထမဆုံး လူတင်အာကာသယာဉ် လွှတ်တင်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ဂြိုဟ်ပတ်လမ်းသို့ အာကာသယာဉ်ဝင်ရောက်ပြီးနောက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း Tianhe အာကာသစခန်း ပင်မခန်းနှင့် လျင်မြန်စွာ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက “Shenzhou-12”လူလိုက်ပါအာကာသယာဉ်အား Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်လိုက်သည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချိတ်ဆက်ပြီးနောက် အာကာသယာဉ်မှူးများသည် Tianhe အာကာသစခန်း ပင်မခန်းတွင် (၃)လကြာ နေထိုင်ကာ စက်ရုပ်လက်တံအား ထိန်းချုပ်မောင်းနှင်ခြင်း၊ အာကာသယာဉ်ပြင်ပသို့ သွားလာလှုပ်ရှားခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းတွင် ရေရှည်နေထိုင်ရန်၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုမှုနှင့်အသက်ရှင်မှုအထောက်အကူပြုစနစ် (recycling and life support system) စသည့် အဓိကနည်းပညာများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက “Shenzhou-12”လူလိုက်ပါအာကာသယာဉ်အား Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်လိုက်သည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် အာကာသစခန်း ပင်မခန်း Tianheနှင့် ကုန်တင်အာကာသယာဉ်Tianzhou-2၏ ပူးတွဲစခန်းသည် ချိတ်ဆက်ထားပြီး ဂြိုဟ်ပတ်လမ်းကြောင်း ၃၉၀ ကီလိုမီတာခန့်အကွာတွင် လည်ပတ်နေခြင်း ဖြစ်ကြောင်း နှင့် အခြေအနေကောင်းမွန်ရာ လူတင်အာကာသယာဉ် Shenzhou-12 နှင့်ထိတွေ့ချိတ်ဆက်၍ အာကာသယာဉ်မှူးများ နေထိုင်နိုင်သည့် အနေအထားရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(神舟十二号)中国载人航天工程办公室:神舟十二号载人飞船发射圆满成功
新华社甘肃酒泉6月17日电(记者黄明、张汨汨、张泉)据中国载人航天工程办公室消息,北京时间2021年6月17日9时22分,搭载神舟十二号载人飞船的长征二号F遥十二运载火箭,在酒泉卫星发射中心准时点火发射,约573秒后,神舟十二号载人飞船与火箭成功分离,进入预定轨道,顺利将聂海胜、刘伯明、汤洪波3名航天员送入太空,飞行乘组状态良好,发射取得圆满成功。

这是我国载人航天工程立项实施以来的第19次飞行任务,也是空间站阶段的首次载人飞行任务。飞船入轨后,将按照预定程序,与天和核心舱进行自主快速交会对接。组合体飞行期间,航天员将进驻天和核心舱,完成为期3个月的在轨驻留,开展机械臂操作、出舱活动等工作,验证航天员长期在轨驻留、再生生保等一系列关键技术。

目前,天和核心舱与天舟二号的组合体运行在约390km的近圆对接轨道,状态良好,满足与神舟十二号交会对接的任务要求和航天员进驻条件。(完)
图说:6月17日,搭载着神舟十二号载人飞船的长征二号F遥十二运载火箭在酒泉卫星发射中心点火升空。