Connect with us

Europe

ကနေဒါနိုင်ငံက Sinopharm ၊ Sinovac ၊ COVAXIN ဖြင့် ကာကွယ်ဆေး အပြည့်အဝထိုးထားသော ခရီးသွားများကို ဝင်ခွင့်ပြု

အော့တဝါ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

Sinopharm ၊ Sinovac နှင့် COVAXIN ကာကွယ်ဆေးများဖြင့် အပြည့်အဝထိုးနှံထားသည့် ခရီးသွားများကို နိုဝင်ဘာ ၃၀ ရက်မှစ၍ ကနေဒါနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကနေဒါအစိုးရက နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။လက်ရှိတွင် ကနေဒါနိုင်ငံသည် Pfizer ၊ Moderna ၊ AstraZeneca နှင့် Johnson & Johnson အပါအဝင် ကာကွယ်ဆေးများထိုးနှံထားသော ခရီးသွားများကိုသာ လက်ခံလျက်ရှိကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၃၀ ရက်မှစ၍ ကနေဒါ နိုင်ငံသို့ ကုန်းလမ်း သို့မဟုတ် လေကြောင်းဖြင့် ထွက်ခွာခဲ့ပြီး ၇၂ နာရီထက်မကျော်သေးသူများအတွက်မူ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်ရန် COVID-19 ကင်းစင်ကြောင်း ဓာတ်ခွဲစစ်ဆေး၍ သက်သေပြရန် မလိုအပ်တော့ကြောင်း သိရသည်။

အဆိုပါပြောင်းလဲမှုသည် ကနေဒါနိုင်ငံသားများ၊ ကနေဒါနိုင်ငံ၌ အမြဲတမ်းနေထိုင်သူများနှင့် အိန္ဒိယအက်ဥပဒေအောက်တွင် မှတ်ပုံတင်ထားသည့် လူပုဂ္ဂိုလ်များအပြင် အသက် ၁၂နှစ်အောက် ကလေးငယ်များနှင့် ကာကွယ်ဆေးထိုးရန်အတွက် ဆေးဘက်ဆိုင်ရာ ဓာတ်မတည့်မှုများရှိသည့် ပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ ပြည်ဝင်ခွင့်သတ်မှတ်ချက်များမှ ချွင်းချက်ရရှိထားသော ခရီးသွားအုပ်စုများအနေဖြင့် ကာကွယ်ဆေးအပြည့်ထိုးထားမည်ဆိုပါက ကနေဒါသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်စုများတွင် မိသားစုပြန်လည်ဆုံဆည်းရန်၊ နိုင်ငံတကာကျောင်းသားများ၊ ကြေးစားနှင့် အပျော်တမ်းအားကစားသမားများ၊ အလုပ်ပါမစ်သက်တမ်းရှိသူများနှင့် ထရပ်ကားယာဉ်မောင်းများ အပါအဝင် အခြားမရှိမဖြစ် ဝန်ဆောင်မှု အလုပ်သမားများပါဝင်ကြောင်း သိရသည်။

“ကနေဒါနိုင်ငံသားတွေ နေ့တိုင်း ကာကွယ်ဆေးထိုးလာတာနဲ့အမျှ ပိုမိုပွင့်လင်းတဲ့ နယ်စပ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဆီကို သတိရှိရှိနဲ့ ရှေ့ဆက်သွားနိုင်မှာပါ” ဟု ကျန်းမာရေးဝန်ကြီး Jean-Yves Duclos က ပြောကြားခဲ့သည်။ “တစ်ချိန်တည်းမှာပင်၊ စောင့်ကြည့်မှုတွေကိုတော့ လျှော့ချမည်မဟုတ်ကြောင်း” ၎င်းက ဆိုသည်။

ကနေနိုင်ငံ၌ နိုဝင်ဘာ ၁၉ ရက်အထိ အတည်ပြုလူနာစုစုပေါင်း ၁,၇၆၂,၄၃၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၂၉,၄၈၁ ဦးရှိကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………………………
(English Version)
Canada to allow entry of travelers fully vaccinated with Sinopharm, Sinovac, COVAXIN

OTTAWA, Nov. 19 (Xinhua) — Travelers who are fully vaccinated with the shots from Sinopharm, Sinovac and COVAXIN will be allowed to enter Canada starting Nov. 30, the Canadian government announced on Friday.

Currently, Canada only accepts travelers who have received the vaccines including Pfizer, Moderna, AstraZeneca and Johnson & Johnson.
Also starting Nov. 30, people leaving Canada by land or by air for less than 72 hours will no longer be required to provide proof of a negative molecular test to re-enter the country.
This change applies only to Canadians, permanent residents and individuals registered under the Indian Act, as well as accompanying children under 12, and individuals with medical contraindications to vaccination.

Additionally, starting Jan. 15, certain groups of travelers who are currently exempt from entry requirements will only be allowed to enter Canada if they are fully vaccinated.
Those groups include individuals travelling to reunite with family, international students, professional and amateur athletes, individuals with a valid work permit and other essential service workers including truck drivers.

“With more Canadians getting vaccinated every day, we can move forward cautiously toward a more open border economy and society,” said Health Minister Jean-Yves Duclos. “At the same time, we can’t let our guard down.”
To date, the country has reported a total of 1,762,434 cases with 29,481 deaths, according to the Canadian government. Enditem