Connect with us

Europe

ကနေဒါနိုင်ငံရှိ ကလေးငယ် ၁.၃ သန်းက ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်နေရ

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်၊ Mississauga မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသားများအား နှာခေါင်းစည်းနှင့် မျက်နှာအကာများ ဝတ်ဆင်ထားသော ဆရာမတစ်ဦးက လက်သန့်ဆေးဖျန်းပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံရှိ ကလေးငယ် ၁.၃ သန်းကျော် သို့မဟုတ် ၁၇.၇ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုဖြင့် နေထိုင်နေရကြောင်း Campaign 2000 မှ နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ထားသည့် နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

အစားအသောက်များ ဆုံးရှုံးခြင်း၊ အဝတ်အစားပုံစံ ပုံမှန်မရှိခြင်းနှင့် မိဘများ နာရီများစွာကြာ အလုပ်လုပ်ကိုင်ရခြင်း စသည်တို့ကြောင့် ထိခိုက်မှုဒဏ်ခံစားနေရသော ကလေးငယ်များ အရေအတွက်သည် သိသိသာသာ အရေးပါလျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သော နောက်ဆုံး အချက်အလက်များကို အသုံးပြုလျက် အစီရင်ခံစာက ဝင်ငွေ၊ ကျန်းမာရေးနှင့် လူမှုရေးမညီမျှမှုများနှင့် ကလေးငယ်နှင့် မိသားစု ဆင်းရဲနွမ်းပါးမှု အဆင့်များအပေါ် မူတည်ကြောင်း ပုံဖော်ထားသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသည် ကျဆင်းလျက်ရှိပြီး ကနေဒါနိုင်ငံရှိ အချို့နေရာများ၌ ဆင်းရဲနွမ်းပါးမှုမှာ မြင့်တက်လျက်ရှိကြောင်း အချက်အလက်များက ဖော်ပြထားသည်။ အမှန်တကယ်တွင်မူ ကလေးငယ်များမှာ နက်နဲသောဆင်းရဲနွမ်းပါးမှု၌ နေထိုင်နေရကြောင်း သိရသည်။

စနစ်ကျသော အတားအဆီးများဖြင့် ဖယ်ထုတ်ထားသော လူမှုအသိုင်းအဝိုင်းများကြားတွင် ကလေးငယ် ဆင်းရဲနွမ်းပါးမှုနှုန်းများသည် အချိုးမညီမျှစွာ မြင့်တက်နေသည်ကို အစီရင်ခံစာ တွေ့ရှိထားသည်။

ကနေဒါနိုင်ငံတွင် ကလေးငယ် ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံးမှာ Nunavut နယ်မြေတွင် ၃၄.၄ ရာခိုင်နှုန်းရှိကြောင်း၊ Manitoba ပြည်နယ်တွင်မူ ၂၈.၄ ရာခိုင်နှုန်းရှိပြီး ပြည်နယ်များ၌ အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ကနေဒါအစိုးရအနေဖြင့် ကလေးငယ်များကို ကာကွယ်ရန် တိကျပြတ်သားသော လုပ်ဆောင်ချက် ဆောင်ရွက်ရန် အစီရင်ခံစာက တိုက်တွန်းထားသည်။

အဆိုပါ အစီရင်ခံစာသည် ၂၀၁၉ ခုနှစ်မှ မကြာသေးမီအထိ ရရှိထားသော အခွန်အချက်အလက်ပေါ် အခြေခံထားခြင်း ဖြစ်သည်။ (Xinhua)

…………………………………………
(English Version)
1.3 mln Canadian children live in poverty
Source: Xinhua| 2021-11-25 13:40:47|Editor: huaxia
OTTAWA, Nov. 24 (Xinhua) — More than 1.3 million Canadian children, or 17.7 percent, live in poverty, according to an annual report issued by Campaign 2000 on Wednesday.
That’s a pretty significant number of kids who are suffering from the harm and effects of missing meals, not having the right kinds of clothes and parents working really long hours.
Using the latest data available from 2019, the report paints a stark picture of income, health and social inequalities and deepening levels of child and family poverty.
It shows data that suggest poverty reduction has declined and in some parts of Canada, poverty has increased. In fact, children are living in deeper poverty.
The report finds disproportionately higher rates of child poverty among communities marginalized by systemic barriers.
The highest child poverty rate in Canada is in Nunavut territory, at 34.4 percent. Manitoba province, with a rate of 28.4 percent, is the highest of any province.
The report urges the Canadian government to take bolder and more decisive action to protect children.
The report is based on the most recently available tax data, which is from 2019. Enditem
Photo : A teacher wearing a face mask and goggles sanitizes students’ hands at a school in Mississauga, Ontario, Canada, on Sept. 9, 2021. (Photo by Zou Zheng/Xinhua)