Connect with us

Europe

ကနေဒါဝန်ကြီးချုပ်က အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး နှင့် အမျိုးသမီးကာကွယ်ရေးဝန်ကြီးခန့်အပ်

အော့တဝါ ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒေါ့(Justin Trudeau) က နိုင်ငံခြားရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကဲ့သို့သော ဝန်ကြီးဌာနများတွင် အစိုးရအဖွဲ့ဝန်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်း အပါအဝင် ၎င်း၏ အစိုးရအဖွဲ့သစ်ကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ကနေဒါနိုင်ငံအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ထရူးဒေါ့ နှင့် ယခင်အစိုးရအဖွဲ့ ဌာနအတိုင်း၊ ဝန်ကြီးအရေအတွက်အတိုင်း ဝန်ကြီး ၇ ဦးနှင့်အတူ အစိုးရအဖွဲ့သစ်ကို အဖွဲ့ဝင် ၃၉ ဦးဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
လူနည်းစုလစ်ဘရယ်အစိုးရအဖွဲ့သစ်တွင် စိတ်ကျန်းမာရေးနှင့်မူးယစ်ဆေးစွဲကုသရေးဝန်ကြီးတစ်ဦး နှင့် အိုးအိမ်ဝန်ကြီးသစ်တစ်ဦးပါအဝင် ဌာနသစ်အချို့ပါဝင်လာခဲ့ကြောင်း သိရသည်။
ယခင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် တရားဝင်ရုံးသုံးဘာသာစကားများဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး အမျိုးသမီးတစ်ဦးဖြစ်သူ Melanie Joly သည် ပိုမိုမြင့်မားသော အစိုးရအဖွဲ့ဝင်ဝန်ကြီးရာထူးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည်။

ထို့ပြင် ယခင်ကာကွယ်ရေးဝန်ကြီး Harjit Sajjan ၏နေရာတွင် အမျိုးသမီးတစ်ဦးဖြစ်သည့် Anita Anand အားပြောင်းလဲခန့်အပ်ခဲ့ပြီး Sajjan မှာမူ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။

Anita Anand သည် ကနေဒါနိုင်ငံအစိုးရအဖွဲ့သမိုင်းကြောင်းတွင် ဒုတိယမြောက် အမျိုးသမီး ကာကွယ်ရေးဝန်ကြီးဖြစ်လာပြီး ယခင်ဝန်ကြီးချုပ်(ဟောင်း) Kim Campbell သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အမျိုးသမီးတစ်ဦးကြောင်း သိရသည်။

COVID-19 ကပ်ရောဂါကို ၁၉ လတာ ကိုင်တွယ်ခဲ့ပြီးနောက် Patty Hajdu သည် ကျန်းမာရေးဝန်ကြီးမှ ဖယ်ရှားခံရပြီး ၎င်းသည် ဌာနေတိုင်းရင်းသားဝန်ဆောင်မှုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။ထို့ပြင် မူလဌာနေတိုင်းရင်းသားရေးရာဆက်ဆံရေးဝန်ကြီးဌာန (Crown-Indigenous relations)ဝန်ကြီး Carolyn Bennett သည် ရာထူးပြောင်းရွှေ့ခံရပြီး ယင်းနေရာတွင် Marc Miller က ဆက်ခံခဲ့ကြောင်း သိရသည်။

Jean-Yves Duclos သည် ကနေဒါနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးသစ်ဖြစ်လာပြီး Bennett မှာမူ ကျန်းမာရေးဝန်ကြီးဌာန တွဲဖက်ဝန်ကြီးအပြင် စိတ်ကျန်းမာရေးနှင့်မူးယစ်ဆေးစွဲကုသရေး ဝန်ကြီးရာထူးသစ်အတွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ကာလရှည်ကြာစွာ သဘာဝပတ်ဝန်းကျင်ရေးရာတက်ကြွလှုပ်ရှားသူ Steven Guilbeault သည် ကနေဒါနိုင်ငံအစိုးရအဖွဲ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသစ် ဖြစ်လာကြောင်း သိရသည်။
အများပြည်သူဘေးကင်းလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရန် ဝန်ကြီးဌာနနှစ်ခုကို သီးခြားခွဲထုတ် ၍ တာဝန်ပေးသွားမည်ဖြစ်သည်။ Bill Blair က အရေးပေါ်အခြေအနေကြိုတင်ပြင်ဆင်ရေး ဝန်ကြီးဖြစ်လာပြီး Marco Mendicino မှာမူ ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခင် လူဝင်မှုကြီးကြပ်ရေး ၊ ဒုက္ခသည်ရေးရာ နှင့် နိုင်ငံသားဖြစ်ခွင့်ရေးရာဝန်ကြီး Mendicino၏ နေရာတွင် Sean Fraser အား အစားထိုး ခန့်အပ်တာဝန်ပေးခဲ့သည်။
အစိုးရအဖွဲ့တွင် အခြားသော မျက်နှာသစ်များအနက် အများစုမှာ လွှတ်တော်အမတ်များအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း ၊ ယခင်အစိုးရအဖွဲ့ရုံးအကြီးအကဲ Mark Holland သည် ယခုအခါ အစိုးရအိမ်တော်အကြီးအကဲရာထူးအဖြစ် တာဝန်ပေးအပ်ခံရကြောင်း နှင့် လွှတ်တော်အမတ်များဖြစ်ကြသည့် Randy Boissonnault ၊ Marci Ien ၊ Helena Jaczek ၊ Kamal Khera ၊ Gudie Hutchings နှင့် အသစ်ရွေးချယ်ခံရသည့် လွှတ်တော်အမတ် Pascale St-Onge တို့သည် အစိုးရအဖွဲ့ထဲတွင်ပါဝင်လာခဲ့ကြသည်။ ကနေဒါနိုင်ငံလွှတ်တော်သစ်သည် လာမည့် နိုဝင်ဘာ ၂၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

————————————————
(English Version)
Canadian PM unveils new cabinet

OTTAWA, Oct. 26 (Xinhua) — Canadian Prime Minister Justin Trudeau on Tuesday announced a new cabinet, which includes significant changes to senior portfolios such as foreign affairs, defense, health and environment.
Totally, there are 39 members of the new cabinet, including Trudeau, with just seven ministers retaining the same titles and positions they previously held.
The new minority Liberal cabinet includes several new titles, including a new minister for mental health and addictions, and a new minister for housing.
Melanie Joly received a major promotion, moving up from minister of economic development and official languages to a much higher profile as foreign affairs minister.
Anita Anand has replaced Harjit Sajjan as minister of defense, with Sajjan being moved to the minister of international development. Anand becomes only the second woman in Canadian history to take on the role of defense minister, after former prime minister Kim Campbell in the 1990s.
Patty Hajdu has been moved from the health file after 19 months of the COVID-19 pandemic and has been given a new mandate as minister of Indigenous Services. Carolyn Bennett has been shuffled out of Crown-Indigenous relations, and that portfolio has been given to Marc Miller.
Jean-Yves Duclos becomes the new minister of health, and Bennett has been tapped to be his associate minister of health as well as holding the new role of minister of mental health and addictions.
Long-time environmental activist Steven Guilbeault is named Canada’s new environment minister.
The public safety portfolio has been split into two ministries. Bill Blair maintains the emergency preparedness element, while Marco Mendicino takes on public safety.
Replacing Mendicino as immigration, refugees and citizenship minister is cabinet newcomer Sean Fraser.
Among the other new faces to the cabinet, most of whom have been MPs for years, are Mark Holland, who previously was the chief government whip but is now taking the key Government House Leader role; re-elected Randy Boissonnault, Marci Ien, Helena Jaczek, Kamal Khera, Gudie Hutchings, and newly-elected Pascale St-Onge.
The new Parliament will kick off on Nov. 22.

File photo of Canadian Foreign Affairs Minister Melanie Joly (L) and Defense Minister Anita Anand. (Photo credit: Canadian PM Twitter account)

)