Connect with us

Media

ကုလသမဂ္ဂ တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်တရုတ်လူမျိုးပညာရှင်များ

နယူးယောက်၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရားဝင် နေရာပြန်လည်ရရှိ ခြင်း  နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဆင်ဟွာသတင်းဌာနမှ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်တရုတ်လူမျိုးပညာရှင် ၁၀ ဦးနှင့်တွေ့ဆုံကာ၎င်းတို့၏ လုပ်ငန်းစဉ်များအကြောင်းကို မေးမြန်းတင်ဆက်ထားသော ရုပ်သံဖိုင်ဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ နိုင်ငံကာဆက်သွယ်ရေးအစီအစဉ် ၏ အထွေထွေအတွင်းရေးမှူး Zhao Houlin  က “ကျွန်တော်က ၁၉၈၆ ခုနှစ်မှာ နိုင်ငံကာဆက်သွယ်ရေးအစီအစဉ်ကို ဝင်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း တရုတ်နိုင်ငံက ကုလသမဂ္ဂ  က နေ အကျိုးအမြတ်များစွာရရှိခဲ့ပါတယ်။ နောက်ပြီးအပြန်အလှန်အားဖြင့် တရုတ်နိုင်ငံက  ကုလသမဂ္ဂကိုလည်း များစွာအကူအညီတွေပေးခဲ့ပါတယ်။ တရုတ်နိုင်ငံက ကုလသမဂ္ဂမှာလုပ်ပိုင်ခွင့် တိုးမြင့်လာခဲ့တဲ့အပြင် ကုလသမဂ္ဂရဲ့ အကြပ်အတည်းတွေဖြေရှင်းရာမှာလည်း ကူညီပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ တရုတ်နိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်  ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ဥပမာကောင်းတစ်ခုဖြစ်လာပါတယ်” ဟုဆိုသည်။

ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးXu Haoliang က “ ကျွန်တော်က ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်အထင်ပြောရရင်  ကုလသမဂ္ဂအတွက် လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ တရုတ်လူမျိုး အလွန်နည်းပါးပါသေးတယ် ၊ အဲဒီကနေနှစ်ပေါင်း ၃၀ လောက်ကြာတော့  ကုလသမဂ္ဂရုံးမှာ တရုတ်လူမျိုးအများကြီးကိုတွေ့လာရပါတယ် နောက်ပြီး သူတို့ဟာ ရာထူးအဆင့်ဆင့်အလိုက် တာဝန်ယူထားကြတာပါ။ တရုတ်နိုင်ငံက ကုလသမဂ္ဂရေးရာတွေမှာတဖြည်းဖြည်းနဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်လာပါတယ်” ဟုဆိုသည်။

ကုလသမဂ္ဂ အကြီးတန်းဘာသာပြန် Cao Guozhong က “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကျွန်တော် ကုလသမဂ္ဂမှာ ပထမဆုံးအလုပ်လုပ်တော့  ကုလသမဂ္ဂမှာ တရုတ်လူမျိုးတွေရဲ့ အလုပ်အကိုင်က သိပ်ပြီးနည်းလွန်းအားကြီးပါတယ်၊ များသောအားဖြင့် ရှိတာဆိုလို့ဘာသာပြန် အလုပ်တွေပါပဲ၊ အခုလက်ရှိမှာတော့ ကုလမှာ တရုတ်နိုင်ငံ ရဲ့ လုပ်ငန်းတွေဟာ ပိုမိုကျယ်ပြန့်လာပါပြီ၊ ဒါဟာ ကုလသမဂ္ဂမှာတရုတ်နိုင်ငံရဲ့ ပါဝင်မှုဟာ ကျယ်ပြန့်စွာတိုးတက်လာတယ်ဆိုတာကိုပြသတာပါပဲ”ဟုဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Ren Minghui က “တရုတ်နိုင်ငံက ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်လို့အစောပိုင်းအတွေ့အကြုံတွေ ဥပမာ အခြေခံကျန်းမာရေးစောင့်ရှောက်သူတွေက WHO ရဲ့ ကနဦး ကျန်းမာရေးစောင့်ရှောက်မှုမူဝါဒများနှင့် အစီအစဉ်ချမှတ်ဆောင်ရွက်မှုများမှာ အဓိက အခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့  ရိုးရာတိုင်းရင်းဆေးတွေကို  WHO နှင့်အခြားနိုင်ငံများစွာက အသိအမှတ်ပြုလာခဲ့ကြပြီး အခုဆိုရင် အဲဒီတိုင်းရင်းဆေးတွေဟာ WHO ရဲ့ ဗျူဟာများမှာပါဝင်လာခဲ့ပါတယ်။ ကူးစက်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ရေးမှာ တရုတ်နိုင်ငံရဲ့ ဆေးဝါးကုသမှုအတွေ့အကြုံ နှင့် ရောဂါပပျောက်ရေးအတွက်  WHO ရဲ့ ဗျူဟာမြောက်ပန်းတိုင်တွေကို အောင်မြင်အောင်ကူညီ ပေးနိုင်ခဲ့ပါတယ်”ဟုဆိုသည်။

အာရှနှင့်ပစိဖိတ်ဒေသ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင် ၏ စွမ်းအင်ဌာနခွဲညွှန်ကြားရေးမှူး Liu Hongpeng က “၁၉၈၀ ပြည့်နှင့် ၁၉၉၀ ပြည့်နှစ်တွေမှာ ကုလနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့်  တရုတ်နိုင်ငံက စွမ်းအင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေဖို့ အထူးသဖြင့် တရုတ်နိုင်ငံ၏  ပြန်လည်ပြည့်ဖြိုးမြဲ/သန့်စင်စွမ်းအင်ကဏ္ဍမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများနှင့် အကြံဉာဏ်များ ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အခုတော့ တရုတ်နိုင်ငံဟာ  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နဲ့ စွမ်းအင်သုံးစွဲမှုမှာဦးဆောင်နေပြီလို့ ကမ္ဘာကြီးက ယုံကြည်နေပါပြီ” ဟုဆိုသည်။

ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးညီလာခံ အတွင်းရေးမှူး Jia Xiaoxia က “ အလုပ်အမှုဆောင်အတွင်းရေးမှူးတိုင်းက တရုတ်နိုင်ငံရဲ့ သဲကန္တာရ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုကို များစွာချီးကျူးပြောဆိုခဲ့ကြပါတယ်၊ များစွာအသိအမှတ်ပြုခံရခြင်းဟာ တရားဝင်ထုတ်ပြန်ချက်တွေတင်မကဘူးလို့ကျွန်မထင်မြင်မိပါတယ် ၊ ကျွန်မရဲ့နေ့စဉ်လုပ်ငန်းမှာ နယ်ပယ်အသီးသီးက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း သူတို့ စီမံကိန်းအသစ်တွေကိုလုပ်တဲ့နေရာမှာ အကြံဉာဏ်တွေလိုအပ်လာရင် တရုတ်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေကို အမြဲမေးလေ့ရှိပါတယ်”ဟုဆိုသည်။

တီမောလက်စ်တီနိုင်ငံ ဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ကိုယ်စားလှယ် Liu Dageng က “တရုတ်နိုင်ငံက လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ  ၅နိုင်ငံထဲမှာပါဝင်နေပြီး  ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လျက်ရှိတဲ့အပြင် ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကိုပြည့်မီဖို့နဲ့ ကံကြမ္မာအကျိုးတူအသိုက်အဝိုင်းအရဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းကို တည်ဆောက်ဖို့တွန်းအားပေး လုပ်ဆောင်လျက်ရှိပါတယ်၊ တရုတ်နိုင်ငံက  ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊အစားအသောက်ဖူလုံမှုရှိစေရေး၊ ကာကွယ်ဆေး၊ ကပ်ရောဂါထိန်းချုပ်ရေး၊ ရာသီဥတုပြောင်းလဲမှုဖြေရှင်းရေး  နဲ့  ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွေမှာ များစွာ ကူညီထောက်ပံ့မှုတွေပြုလုပ်ထားပါတယ်၊ ကုလသမဂ္ဂမှာ စနစ်ထဲမှာ လုပ်ကိုင်နေတဲ့ စစ်ပြန်ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျွန်တော်ဟာကျွန်တော့်ရဲ့အလုပ်မှာအကောင်းဆုံးလုပ်နိုင်ပြီး ကုလသမဂ္ဂ မှာရော တရုတ်နိုင်ငံသားတွေကြားမှာပါ မျက်နှာပန်းလှစေဖို့လုပ်ဆောင်နိုင်တယ်ဆိုတာကိုယုံကြည်ပါတယ်” ဟုဆိုသည်။

နိုင်ရိုဘီ ဆိုင်ရာ ကုလသမဂ္ဂဧည့်သည်များဝန်ဆောင်မှုလမ်းညွှန် Miao Danying က “နိုင်ရိုဘီ ဆိုင်ရာ ကုလသမဂ္ဂဧည့်သည်များဝန်ဆောင်မှုလမ်းညွှန် မှာ တရုတ်ဘာသာစကားဝန်ဆောင်မှုအတွက် ကျွန်မလုပ်ကိုင်နေတာ အချိန်  ၂နှစ်ကျော်ရှိပါပြီ၊ တရုတ်နိုင်ငံက လက်ရှိမှာ ကုလသမဂ္ဂအဖွဲ့ဝင်ကြေးကို ဒုတိယအများဆုံး ထောက်ပံ့ ပေးတဲ့နိုင်ငံဖြစ်ပြီးတော့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံထဲမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်အများဆုံးစေလွှတ်ထောက်ပံ့ထားတဲ့နိုင်ငံလည်းဖြစ်တဲ့အကြောင်းကို ကျွန်မအနေနဲ့ ဧည့်သည်တွေကို ရှင်းပြဖြစ်ပါတယ်” ဟုဆိုသည်။

လက်ဘနွန်နိုင်ငံဆိုင်ရာ ၁၉ ကြိမ်မြောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးတပ်ဖွဲ့ တည်ဆောက်ရေးအင်ဂျင်နီယာတပ်ရင်းခေါင်းဆောင်ဖြစ်သူ Zhu Yuan က “ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်နှစ်ခုကနေ  နိုင်ငံတကာရေးရာမှာ တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံး အခန်းကဏ္ဍကို ကျွန်တော်သေချာသိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေဟာ အောင်မြင်မှုကြီးကြီးမားမားရရှိထားပြီး များပြားတဲ့အခန်းကဏ္ဍကနေပါဝင်လုပ်ဆောင်နေတာဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ အပြာရောင် ဘယ်ရီကတ်ဦးထုပ်တွေကို ဝတ်ဆင်ပြီး တရုတ်နိုင်ငံရဲ့ကိုယ်စားပြု လုပ်ကိုင်ခွင့်ရလို့ ဂုဏ်ယူပြီးရင်းဂုဏ်ယူနေပါတယ်” ဟုဆိုသည်။

တောင်ဆူဒန်(ဂျူဘားမြို့) ရှိ ၇ ကြိမ်မြောက် တရုတ် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်မှူး  Yang Zhongju က “စစ်ရေးလေ့ကျင့်မှုလုပ်ငန်းအမျိုးမျိုးမှာတရုတ်နိုင်ငံက ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေဟာ ကုလ တပ်ဖွဲ့ တပ်မှူးတွေရဲ့ ချီးကျူးမှုကို များစွာ ရရှိထားခဲ့ပါတယ်။ ဆူဒန်နိုင်ငံတောင်ပိုင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရဲ့ အထူးကိုယ်စားလှယ် နီကိုးလပ်စ်ဟေးဆန် က ကျွန်တော်တို့ကိုရရှိခဲ့ရတာ သိပ်ပြီးတော့ မှ ဂုဏ်ယူစရာဖြစ်ကြောင်း နှင့်တရုတ်တပ်ဖွဲ့ဝင်တွေဟာ အစားထိုးလို့တောင်မှ မရဘူးဆိုပြီးတော့မှ ပြောခဲ့ပါတယ်” ဟုဆိုသည်။ (Xinhua)

…………………………………..

(English Version)

GLOBALink | Ten Chinese working for the UN system

50 years after China’s lawful seat was restored in the United Nations, we hear from 10 Chinese who have been working for the UN system about their stories–

Produced by Xinhua Global Service■