Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ၌ ၂၁ ထပ် အဆောက်အဦပြိုကျမှုအတွင်း သေဆုံးသူ ၆ ဦးထက်မြင့်တက်

လာဂိုစ့် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် လာဂိုစ့်မြို့၌ နိုဝင်ဘာ ၁ ရက်က ဆောက်လက်စ ၂၁ ထပ်ရှိ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်သည် နိုဝင်ဘာ ၂ ရက်တွင် ၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။နိုင်ဂျီးရီးယားနိုင်ငံ အမျိုးသား အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ(NEMA) မှ ညှိနှိုင်းရေးမှူး Ibrahim Farinloye က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် အဆောက်အဦပြိုကျမှုဖြစ်ပွားသော အခင်းဖြစ်နေရာတွင် နိုဝင်ဘာ ၂ ရက်က နောက်ထပ် ရုပ်အလောင်း နှစ်ခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၆ ဦးထိမြင့်တက်သွားကြောင်း နှင့် လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်စ်သူ ၆ ဦးကိုလည်း ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း ဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့၌ ဆောက်လက်စ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၁ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်မှုများ ပြင်းထန်စွာဖြစ်ပေါ်နေလင့်ကစား လာဂိုစ့်မြို့ Ikoyi ရပ်ကွက်၌ ဖြစ်ပွားသော အဆောက်အဦပြိုကျမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း Farinloye ကဆိုသည်။
အဆိုပါ အဆောက်အဦသည် မည်သည့်အတွက်ကြောင့် ပြိုကျသွားခဲ့ရသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့၌ ဆောက်လက်စ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အခင်းဖြစ်ရပ်ကွက်နေ ဒေသခံများက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ယင်းအဆောက်အဦသည် တည်ဆောက်နေသည်မှာ တစ်နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း ဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံ၌ အဆောက်အဦပြိုကျမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ထိုသို့ဖြစ်ရခြင်းမှာ အဆောက်အဦပိုင်ရှင်များ နှင့် ဆောက်လုပ်ရေးကန်ထရိုက်တာများက ဆောက်လုပ်ရေးလုပ်ငန်းဥပဒေ နှင့် စည်းမျဉ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။(Xinhua)

——————————————–
(English Version)
Update: Death toll from building collapse in Nigeria rises to 6

LAGOS, Nov. 2 (Xinhua) — Death toll from a 21-story building under construction which collapsed in the city of Lagos, Nigeria’s economic hub, on Monday, rose to six on Tuesday as authorities intensified search and rescue efforts.
Ibrahim Farinloye, the coordinator of the National Emergency Management Agency (NEMA) in the Lagos state, told Xinhua at the scene of the accident that rescuers have recovered two more bodies on Tuesday, bringing the death toll to six, while six people so far had been rescued alive.
Farinloye said rescue operations at the structure that collapsed in the Ikoyi area of Lagos are still underway, despite the heavy rains and windstorm on Monday night.
He said what caused the collapse remains unclear, and an investigation is underway.
Residents living in the area told Xinhua the building was under construction for over one year.
Building collapses often occur in Nigeria, as some property owners and developers do not adhere strictly to planning and building laws and regulations.

Rescuers work at the site of a building collapse in Lagos, Nigeria, on Nov. 1, 2021. (Xinhua/Gbenga Omotosho)