Connect with us

Science & Technology

ကမ္ဘာ့အကြီးဆုံး နက္ခတ်တာရာပြခန်းအား ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်မည်

ရှန်ဟိုင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အဆောက်အဦပမာဏအရ ကမ္ဘာ့အကြီးဆုံး နက္ခတ်တာရာပြခန်းဖြစ်သော ရှန်ဟိုင်း နက္ခတ်တာရာကြည့်ပြတိုက်ကို ဇူလိုင် ၁၇ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြတိုက်က ဇူလိုင် ၅ ရက်၌ ကြေညာခဲ့သည်။အကျယ်အဝန်း စတုရန်းမီတာ ၅၈,၆၀၀ ခန့် ရှိသော အဆိုပါ ပြတိုက်သည် တရုတ်နိုင်ငံ (ရှန်ဟိုင်း) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန် Lingang အထူးနယ်မြေတွင် တည်ရှိကြောင်း၊ ယင်းပြတိုက်မှာ ရှန်ဟိုင်း သိပ္ပံနှင့် နည်းပညာပြတိုက်၏ ပြတိုက်ခွဲတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း နက္ခတ်တာရာပြတိုက်အား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းပြတိုက်၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် WeChat အကောင့်ကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းနှင့် ဇူလိုင် ၅ ရက်တွင် စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပြတိုက်အား ဇူလိုင် ၁၈ ရက်တွင် အများပြည်သူအတွက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း နက္ခတ်တာရာပြတိုက်တွင် ခင်းကျင်းပြသထားသော တရုတ်နိုင်ငံ၏ Tianhe အာကာသပင်မစခန်း ပုံစံတူအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်း နက္ခတ်တာရာပြတိုက်ကို မီဒီယာများအား အသိပေးမိတ်ဆက်မှုအတွင်း ပြခန်းတစ်ခုအား ဧည့်သည်များ လေ့လာကြည့်ရှုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြတိုက်တွင် 8K ဘက်စုံမြင်အမိုးခုံး theater တစ်ခုနှင့် ပြခန်းတစ်ခု ပါဝင်ကြောင်း၊ လ၊ အင်္ဂါဂြိုဟ်နှင့် Vesta တို့မှ မျက်နှာပြင်ပေါ်မှအရာများ အပါအဝင် ဥက္ကာခဲ ၇၀ ခန့်အပြင် အိုက်ဆက် နယူတန် (Isaac Newto) ၊ ဂယ်လီလီယို ဂယ်လီလေးရီ (Galileo Galilei) နှင့် ဂျိုဟန်နက် ကပ်ပလာ (Johannes Kepler) တို့၏ မူလလုပ်ငန်းများ အပါအဝင် ရှေးဟောင်းပစ္စည်း စုစည်းမှု ၁၂၀ ကျော်ကိုလည်း ခင်းကျင်းပြသထားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–i———————-
( English Version)

World’s largest planetarium to open in Shanghai

SHANGHAI, July 5 (Xinhua) — The Shanghai Astronomy Museum, the world’s largest planetarium in terms of building scale, will open on July 17, the planetarium announced Monday.

Covering an area of approximately 58,600 square meters, the museum is located in the China (Shanghai) Pilot Free Trade Zone Lingang Special Area. It is a branch of the Shanghai Science and Technology Museum.

Tests were carried out on Monday, while the official website and WeChat account of the museum have been launched as well. The museum will open to the public on July 18.

The museum has an 8K ultra-high definition dome theater and exhibition areas with various themes. Collections including some 70 meteorites including those from the moon, Mars and Vesta, as well as over 120 collections of artifacts, including original works of Isaac Newton, Galileo Galilei and Johannes Kepler, will be on display. Enditem

1- 2- Aerial photo taken on July 5, 2021 shows a view of Shanghai Astronomy Museum in east China’s Shanghai. The Shanghai Astronomy Museum, the world’s largest planetarium in terms of building scale, will open on July 17, the planetarium announced Monday. The museum is located in the China (Shanghai) Pilot Free Trade Zone Lingang Special Area. It is a branch of the Shanghai Science and Technology Museum. (Xinhua/Fang Zhe)

3- Photo shows the model of China’s space station core module Tianhe displayed in Shanghai Astronomy Museum in east China’s Shanghai, July 5, 2021. The Shanghai Astronomy Museum, the world’s largest planetarium in terms of building scale, will open on July 17, the planetarium announced Monday. The museum is located in the China (Shanghai) Pilot Free Trade Zone Lingang Special Area. It is a branch of the Shanghai Science and Technology Museum. (Xinhua/Fang Zhe)

4- 5- Visitors look at exhibits in Shanghai Astronomy Museum during a media preview in east China’s Shanghai, July 5, 2021. The Shanghai Astronomy Museum, the world’s largest planetarium in terms of building scale, will open on July 17, the planetarium announced Monday. The museum is located in the China (Shanghai) Pilot Free Trade Zone Lingang Special Area. It is a branch of the Shanghai Science and Technology Museum. (Xinhua/Fang Zhe)