Connect with us

ASEAN

ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ၃ သန်း ထပ်မံရောက်ရှိ

ဖနွမ်းပင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ၃ သန်း ပါဝင်သောအသုတ်သစ်တစ်သုတ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ စက်တင်ဘာ ၂၈ ရက်၌ ရောက်ရှိလာခဲ့ကြောင်း အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။တရုတ်ဆေးဝါးလုပ်ငန်း Sinovac Biotech မှ ဝယ်ယူထားသော ကာကွယ်ဆေးများ တင်ဆောင်လာသော လေယာဉ်သည် မြို့တော်ရှိ လေဆိပ်သို့ စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီမတိုင်မီ ဆိုက်ရောက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Yok Sambath က ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဖနွမ်းပင်နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသော Sinovac COVID-19 ကာကွယ်ဆေးများအား သယ်ယူနေသည့် လေဆိပ်ဝန်ထမ်းတစ်ဦးကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဒီ Sinovac ကာကွယ်ဆေးအသုတ်သစ်က ကျွန်မတို့ရဲ့ အားဖြည့်ကာကွယ်ဆေး (booster dose) ကမ်ပိန်းကို ပံ့ပိုးပေးဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ယနေ့အထိ ချစ်ကြည်ရင်းနှီးသောနိုင်ငံများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ COVAX Facility ထံမှ COVID-19 ကာကွယ်ဆေး စုစုပေါင်း ၃၅.၆ သန်းအား လက်ခံရရှိခဲ့ကြောင်း၊ ယင်းအနက် ၃၂.၈ သန်း သို့မဟုတ် ၉၂.၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းအား ဖေဖော်ဝါရီလက စတင်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေ ၁၆ သန်းရှိသည့်အနက် စက်တင်ဘာ ၂၇ ရက်အထိ လူဦးရေ ၁၃.၂ သန်း သို့မဟုတ် ၈၂.၅ ရာခိုင်နှုန်းမှာ COVID-19 ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ယင်းအနက် လူဦးရေ ၁၀.၉ သန်း သို့မဟုတ် ၆၈.၃ ရာခိုင်နှုန်းမှာ လိုအပ်သော ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်ကြောင်းနှင့် ၈၇၅,၂၃၈ ဦးနှင့် ၅.၄၇ ရာခိုင်နှုန်းတို့မှာ အားဖြည့်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်၌ COVID-19 ရောဂါအတည်ပြုလူနာအသစ် ၈၆၆ ဦးရှိခဲ့ရာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၁၁၀,၇၉၂ ဦးရှိလာပြီဖြစ်ပြီး ယင်းနေ့တွင် လူ ၂၆ ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၂,၂၈၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရောဂါမှပြန်လည်ကျန်းမာလာသူ ၅၀၅ ဦးရှိခဲ့သဖြင့် ပြန်လည်ကျန်းမာလူသူအရေအတွက် စုစုပေါင်း ၁၀၁,၆၉၀ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

———————————————
(English Version)

Cambodia receives new batch of 3 mln doses of China’s Sinovac COVID-19 vaccine

PHNOM PENH, Sept. 28 (Xinhua) — A new batch of 3 million doses of China’s Sinovac COVID-19 vaccine arrived in Phnom Penh, capital of Cambodia, on Tuesday, a senior health official said.
A plane carrying the vaccine, purchased from Chinese biopharmaceutical firm Sinovac Biotech, landed at the capital’s airport shortly before 11:00 a.m. local time Tuesday, said Ministry of Health (MoH) Secretary of State Yok Sambath.

“This new batch of Sinovac vaccine will be used to support our booster dose campaign,” she told reporters.
To date, Cambodia has received a total of 35.6 million doses of COVID-19 vaccines from friendly countries and the World Health Organization (WHO)’s COVAX Facility, of which 32.8 million doses, or 92.1 percent, are from China, she said.

The Southeast Asian nation launched a COVID-19 vaccination drive in February. As of Sept. 27, the country had administered at least one dose of COVID-19 vaccines to 13.2 million people, or 82.5 percent of its 16-million population, the MoH said.
Of them, 10.9 million people, or 68.3 percent, had been fully vaccinated with both required shots, and 875,238 people, or 5.47 percent, had received a booster dose, it added.
Cambodia confirmed 866 new COVID-19 cases on Tuesday, pushing the national total caseload to 110,792 so far, the MoH said, adding that 26 more fatalities had been recorded, taking the overall death toll to 2,287.

Additional 505 patients have recovered, bringing the total number of recoveries to 101,690, the MoH said. Enditem
1-Photo taken on Sept. 28, 2021 shows a batch of Sinovac COVID-19 vaccine that has just arrived at the Phnom Penh International Airport in Phnom Penh, Cambodia. A new batch of 3 million doses of China’s Sinovac COVID-19 vaccine arrived in Phnom Penh, capital of Cambodia, on Tuesday, a senior health official said. (Photo by Phearum/Xinhua)
2- An airport worker transports a batch of Sinovac COVID-19 vaccine at the Phnom Penh International Airport in Phnom Penh, Cambodia, on Sept. 28, 2021. A new batch of 3 million doses of China’s Sinovac COVID-19 vaccine arrived in Phnom Penh, capital of Cambodia, on Tuesday, a senior health official said. (Photo by Phearum/Xinhua)