Connect with us

ASEAN

ဆရာများနှင့် ကျောင်းသားများ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသဖြင့် ဒေလီမြို့အနီးရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထား

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့ရှိ မူလတန်းကျောင်း၌ ပညာသင်ကြားနေသာ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော်နှင့် အနီးဆုံးရပ်ကွက်တစ်ခုရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၌ ကိုဗစ်-၁၉ (COVID-19) ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်းကျောင်းအားအနည်းဆုံး သီတင်းပတ်တစ်ပတ်ပိတ်ထားကြောင်း သိရသည်။အဆိုပါ စာသင်ကျောင်းသည် နယူးဒေလီမြို့နှင့် ကပ်လျက် မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်ရှိ Noida မြို့တွင် တည်ရှိသည်။ ယင်းမြို့ရှိ Khaitan ပုဂ္ဂလိကကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၁၀ ဦးကျော်နှင့် ဆရာ၊ ဆရာမ ၃ ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆုံးမျိုးဗီဇပြောင်းဗိုင်းရပ်စ် XE တည်ရှိမှုကို သေချာစွာစိစစ်နေဆဲဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ သတင်းဖော်ပြထားသည်။

စာသင်ကျောင်းအား ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ကျောင်းစီမံခန့်ခွဲမှုက ကျောင်းပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်း နှစ်လခွဲခန့်အတွင်း ကပ်ရောဂါဖြစ်ပွားမှု အရေအတွက် သိသိသာသာ လျော့ကျလျက်ရှိသဖြင့် ယင်းသို့ဆောင်ရွက်ခြင်းသည် အရေးပါမှုအဖြစ် မှတ်ယူနိုင်ကြောင်း သိရသည်။ (Xinhua)

#India, #PrivateSchool, #COVID_19, #Xinhua, #Myanmar, #XinhuaMyanmar, #အိန္ဒိယ, #ပုဂ္ဂလိကကျောင်း, #ကိုဗစ်_၁၉ရောဂါ, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………

(English Version)

Private school near Delhi shut after teachers, students test COVID-19 positive
2022-04-12 14:49:08

NEW DELHI, April 12 (Xinhua) — A private school in the immediate neighborhood of India’s capital city has been shut with effect from Tuesday for at least a week after several teachers and students of the school tested COVID-19 positive.
The school is situated in Noida, a residential town in the northern state of Uttar Pradesh adjacent to New Delhi. More than 10 students and three teachers had tested positive for COVID-19 at the Khaitan Public School in Noida.
The presence of the latest XE variant of COVID-19 is yet to be ascertained, a government official was quoted as saying.
The decision to shut the school was taken by the school management on Monday evening. It assumed significance as the number of pandemic cases had been consistently falling for over two-and-a-half months across the country. Enditem
Photo : Students attend a class at a primary school in Bangalore, India, Sept. 6, 2021. (Str/Xinhua)