Connect with us

ASEAN

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများက ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်သူများ၏အသက်များကို ကာကွယ်ပေးသလို စီးပွားရေးတိုးတက်မှုကိုလည်း မြှင့်တင်ပေးလျက်ရှိ

ဖနွမ်းပင်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးများသည် ကမ္ဘောဒီးယားနိုင်ငံရှိ ပြည်သူများ၏အသက်ကို ကာကွယ်ပေးသည်သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်းပဲ မြှင့်တင်ပေးလျက်ရှိကြောင်း ပညာရှင်တစ်ဦးက ဩဂုတ် ၃၁ ရက်က ပြောကြားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံ၏ လူဦးရေအများစု COVID-19 ကာကွယ်ဆေးထိုးနှံပြီးနောက် ယမန်နှစ် နိုဝင်ဘာလမှစ၍ ကဏ္ဍအားလုံး၌ လူမှုစီးပွားရေးလှုပ်ရှားမှုများ အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်းနှင့် ခရီးသွားများအနေဖြင့် ကွာရန်တင်း (quarantine) ဝင်ရောက်ရန်မလိုဘဲ နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ပထမဆုံးအကြိမ် တရုတ်နိုင်ငံ၏ Sinovac COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူမည့် မိန်းကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကာကွယ်ဆေးထိုးနှံခြင်း ကမ်ပိန်းများတွင် အသုံးပြုသော ကာကွယ်ဆေးအများစုမှာ တရုတ်နိုင်ငံ၏ Sinovac နှင့် Sinopharm တို့ဖြစ်သည်။
‘‘တရုတ်နိုင်ငံက COVID-19 ကပ်ရောဂါဖြစ်ပွားတဲ့ အစောပိုင်းနေ့ရက်တွေမှာ ကမ္ဘောဒီးယားနိုင်ငံကို ကူညီခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်တယ်’’ ဟု ဖနွမ်းပင် အခြေစိုက် Asian Vision Institute မှ သုတေသနအဖွဲ့ဝင် Thong Mengdavid က ဆင်ဟွာသို့ ပြောခဲ့သည်။ ‘‘အင်မတန်စောတဲ့အချိန်ကစပြီး တရုတ်နိုင်ငံကို ကမ္ဘောဒီးယားရဲ့ မဟာဗျူဟာမြောက် ကာကွယ်ဆေးပံ့ပိုးသူအဖြစ် ရွေးချယ်ခဲ့တာဟာ အလွန်မှန်ကန်ပါတယ်’’

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးများဖြင့် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ပြီးမြောက်နိုင်ရန်၊ လူထုကိုယ်ခံအားစနစ် အားကောင်းစေရန်နှင့် နိုင်ငံ၏ စီးပွားရေးနှင့် နယ်စပ်များအား ယုံကြည်မှုရှိရှိဖြင့် ပြန်လည်ဖွင့်လှစ်ရန် ‌ဆောင်ရွက်နိုင်မည်ဟု ၎င်းက ဆိုသည်။ (Xinhua) xhtxs.cn/zg6

………………………………………………
Chinese COVID-19 vaccines save lives, boost economic growth in Cambodia
PHNOM PENH, Sept. 2 (Xinhua) — Chinese COVID-19 vaccines have not only helped protect the lives of Cambodian people but also boosted the economic growth in the Southeast Asian nation, an academic said on Wednesday.
Cambodia has fully resumed its socioeconomic activities in all sectors and reopened its borders to travelers without quarantine since November last year after most of its population have been inoculated against COVID-19.
Most of the vaccines used in the kingdom’s immunization campaign are China’s Sinovac and Sinopharm.
“China was the first country to help Cambodia in the early days of the COVID-19 pandemic,” Thong Mengdavid, a research fellow at the Phnom Penh-based Asian Vision Institute, told Xinhua. “And from the very beginning, Cambodia’s choice of China as the strategic vaccine supplier was absolutely right.”
With China’s vaccines, Cambodia could accomplish the nationwide vaccination program, achieve strong herd immunity, and reopen its economy and borders with confidence, he said. xhtxs.cn/zg6
Photo 1 : Photo taken on March 29, 2022 shows packages of Sinovac COVID-19 vaccine at the Phnom Penh International Airport in Phnom Penh, Cambodia. (Photo by Ly Lay/Xinhua)
Photo 2 : Photo A little girl receives her first dose of China’s Sinovac COVID-19 vaccine at an inoculation site in Phnom Penh, Cambodia on Feb. 23, 2022. (Photo by Phearum/Xinhua)