Connect with us

ASEAN

အိန္ဒိယနိုင်ငံ၏ COVID-19 ကူးစက်ခံရမှုစုစုပေါင်း ၄၃ သန်းကျော်သို့ရောက်ရှိ

အိန္ဒိယနိုင်ငံ ၊ နယူးလေမြို့၊ ဓနသဟာယအားကစားကျေးရွာရှိ COVID-19 စောင့်ရှောက်မှုစင်တာအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက်က ရိုက်ကူးထားသော ဓာတ်ပုံမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မတ် ၁၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ COVID-19 စုစုပေါင်း ကူးစက်ခံရသူဦးရေ မှာ မတ် ၁၇ ရက်အထိ ၄၃ သန်း ကျော်လွန်သွားခဲ့ပြီးဖြစ်ကြောင်း ၊ နိုင်ငံတဝှမ်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၂,၅၃၉ ဦးရှိသောကြောင့် တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း ၄၃,၀၀၁,၄၇၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန ၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။
ထို့ပြင် မတ် ၁၆ ရက် နံနက်မှစ၍ ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ ဦးရှိပြီး စုစုပေါင်းသေဆုံးသူဦးရေ ၅၁၆,၁၃၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း နိုင်ငံအတွင်း လက်ရှိရောဂါဖြစ်ပွားနေသော COVID-19အတည်ပြုလူနာ ၃၀,၇၉၉ ဦး ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ရောဂါဖြစ်ပွားမှုအရေအတွက် ၂၀၁၂ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ဤသည်မှာ နိုင်ငံအတွင်း ဖြစ်ပွားနေသော ရောဂါဖြစ်ပွားမှု အရေအတွက် ဆက်တိုက် ကျဆင်သည့် ၅၂ ရက်မြောက်နေ့ဖြစ်ကြောင်း သိရသည်။
ယခုအချိန်အထိ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၄၂,၄၅၄,၅၄၆ ဦး ရှိကြောင်း နှင့် ၎င်းတို့အနက် ၄,၄၉၁ ဦးမှာ လွန်ခဲ့သော ၂၄ နာရီအတွင်း သက်သာပျောက်ကင်းခဲ့၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ သူများဖြစ်ကြောင်း သိရသည်။ (Xinhua)
#COVID-19 #အိန္ဒိယ #နယူးဒေလီ #ဆင်ဟွာ #COVID-19 #India #NewDelhi #Xinhua #Myanmar #XinhuaMyanmar

…………………………

(English Version)
India’s COVID-19 tally surpasses 43 million
NEW DELHI, March 17 (Xinhua) — India’s COVID-19 tally surpassed the 43 million mark on Thursday, rising to 43,001,477, as 2,539 new cases were registered during the past 24 hours across the country, showed the federal health ministry’s latest data.
Besides, as many as 60 deaths due to the pandemic were reported since Wednesday morning, taking the total death toll to 516,132.
There are still 30,799 active COVID-19 cases in the country as there was a fall of 2,012 active cases during the past 24 hours. This was the 52nd consecutive day when the number of active cases declined in the country.
So far 42,454,546 people have been successfully cured and discharged from hospitals, out of which 4,491 were discharged during the past 24 hours. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.