Connect with us

INTERNATIONAL ORGANIZATION

ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူများလည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း အမေရိကန် CDC ညွှန်ကြားရေးမှူး ပြော

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ညွှန်ကြားရေးမှူး Rochelle Walensky အား တွေ့ရစဉ် (ဓာတ်ပုံ- Amr Alfiky/Pool via Xinhua)

ဝါရှင်တန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)

ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူများလည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သေးကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ညွှန်ကြားရေးမှူး ဒေါက်တာ Rochelle Walensky က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။“ကျွန်မတို့ရဲ့ ကာကွယ်ဆေးတွေက ထူးထူးခြားခြားနဲ့ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေပါတယ်” ဟု Walensky က CNN ၏ Wolf Blitzer အား ပြောကြားခဲ့သည်။

ကာကွယ်ဆေးများသည် ဒယ်လ်တာ (Delta) ဗိုင်းရပ်စ်ကြောင့် အပြင်းအထန် ဖျားနာခြင်းနှင့် သေဆုံးခြင်းမှ ကာကွယ်ရန် ကောင်းစွာလုပ်ဆောင်သော်လည်း “ရောဂါကူးစက်မှုတွေကိုတော့ ကာကွယ်နိုင်မှာမဟုတ်ပါဘူး” ဟု Walensky က ကာကွယ်ဆေးထိုးနှံသူများပင်လျှင် အခန်းတွင်း၌ နှာခေါင်းစည်းများ တစ်ဖန်တပ်ဆင်ရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်သည် ဇူလိုင်လ နောက်ဆုံးဒုတိယပတ်နှစ်ပတ်အတွင်း အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုအသစ်အားလုံး၏ ၉၃.၄ ရာခိုင်နှုန်းခန့်ရှိကြောင်း CDC က ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

အေဂျင်စီမှ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် လေ့လာမှုတွင် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်မှာ ကာကွယ်ဆေး ထိုးနှံပြီးသူနှင့် မထိုးနှံပြီးသူများတွင် ရောဂါကူးစက်ခံရပြီးပါက တူညီသောဗိုင်းရပ်စ်ပမာဏ ထုတ်လုပ်ပေးကြောင်း၊ ရောဂါကူးစက်ခံရသည့် ကာကွယ်ဆေးထိုးနှံပြီးသူများမှာ ကာကွယ်ဆေးမထိုးနှံထားသူများကဲ့သို့ ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ရန် အလားတူပင်ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ (Xinhua)

——————————————————–
(English Version)

Fully vaccinated people can still transmit COVID-19 virus: U.S. CDC director

WASHINGTON, Aug. 5 (Xinhua) — Fully vaccinated people can still transmit the COVID-19 virus, U.S. Centers for Disease Control and Prevention (CDC) Director Dr. Rochelle Walensky said Thursday.

“Our vaccines are working exceptionally well,” Walensky told CNN’s Wolf Blitzer. The vaccines work well for Delta in a way to prevent severe illness and death, but “what they can’t do anymore is prevent transmission,” Walensky said, stressing the need for even vaccinated people to wear masks indoors again.

The Delta variant accounts for an estimated 93.4 percent of all new COVID-19 cases in the United States during the last two weeks of July, according to figures published by the CDC on Wednesday.

A study released last week by the agency showed the Delta variant produced similar amounts of virus in vaccinated and unvaccinated people if they got infected, suggesting that vaccinated groups who get a breakthrough infection could have a similar tendency to spread the virus as the unvaccinated. Enditem

Photo : Rochelle Walensky, director of the U.S. Centers for Disease Control and Prevention (CDC), testifies during a hearing of U.S. House Select Subcommittee on the Coronavirus Crisis in Washington, D.C., the United States, on April 15, 2021. (Amr Alfiky/Pool via Xinhua)