Connect with us

North America

ကိုယ်ခံအားနည်းသောသူများအတွက် COVID-19 ကာကွယ်ဆေး သုံးကြိမ်ထိုးရန် အမေရိကန် FDA ခွင့်ပြု

ဝါရှင်တန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ကိုယ်ခံအားစနစ်များ အားနည်းသည့် ပြည်သူများတွက် COVID-19 ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံရန် ဩဂုတ် ၁၂ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။“အမေရိကန်နိုင်ငံက COVID-19 ကပ်ရောဂါ နောက်ထပ်လှိုင်း ဝင်လာခဲ့ပါပြီ။FDA က အထူးသဖြင့် ပြင်းထန်တဲ့ ရောဂါကြောင့် အထူးအန္တရာယ်ရှိတဲ့ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် ထည့်စဉ်းစားပါတယ်။”ဟု FDA ယာယီကော်မရှင်နာ Janet Woodcock က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ရရှိသည့်အချက်အလက်များအား ပြန်လည်သုံးသပ်ပြီးနောက် FDA က Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုကို အုပ်စုငယ်များ ၊ ထိခိုက်လွယ်အုပ်စုတို့တွင် အကျိုးရှိနိုင်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ယာယီကော်မရှင်နာ Woodcock က ဖြည့်စွက်ပြောကြားခဲ့သည်။

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သည် အနာဂတ်တွင် ဖြည့်စွက် ကာကွယ်ဆေးထိုးရန် လိုအပ်သလား ဆိုသည်ကို ဆုံးဖြတ်ရန် “ ကျွန်တော်တို့၏ မိတ်ဖက်များနှင့် အတူ သိပ္ပံအခြေပြု အသေးစိတ်လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာများ၏ အဆိုအရ အမေရိကန်နိုင်ငံ၌ အရွယ်ရောက်သူများအနက် ခန့်မှန်းခြေ ၂ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုယ်ခံအားနည်းပါးကြောင်း ၊ ၎င်းတို့တွင် ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူထားသူများ ၊ ကင်ဆာဝေဒနာခံစားရသည့် လူနာတစ်ချို့ နှင့် HIV ရောဂါပိုးရှိသူများ ပါဝင်ကြောင်း သိရသည်။ (Xinhua)
#U.S #FDA #vaccine #immune #အမေရိကန်နိုင်ငံ #ကာကွယ်ဆေး #ကိုယ်ခံအား #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

—————————————————
(English Version)
FDA OKs 3rd dose of COVID-19 vaccines for immunocompromised people

WASHINGTON, Aug. 12 (Xinhua) — The U.S. Food and Drug Administration (FDA) on Thursday authorized third doses of COVID-19 vaccines for people with weakened immune systems.

“The country has entered yet another wave of the COVID-19 pandemic, and the FDA is especially cognizant that immunocompromised people are particularly at risk for severe disease,” Acting FDA Commissioner Janet Woodcock said in a statement.

“After a thorough review of the available data, the FDA determined that this small, vulnerable group may benefit from a third dose of the Pfizer-BioNTech or Moderna Vaccines,” Woodcock added.

“The FDA is actively engaged in a science-based, rigorous process with our federal partners to consider whether an additional dose may be needed in the future,” Woodcock said.

An estimated 2.7 percent of adults in the United States are immunocompromised, according to the Centers for Disease Control and Prevention. That includes organ transplant recipients, certain cancer patients and people with HIV. Enditem
Photo – A medical worker prepares a dose of COVID-19 vaccine at the Universal Studios Hollywood in Los Angeles, California, the United States, June 18, 2021. (Photo by Zeng Hui/Xinhua)