Connect with us

Europe

ကုလသမဂ္ဂအကြီးအကဲက ဂီနီနိုင်ငံ၌ အာဏာသိမ်းကြိုးပမ်းမှုကို ပြစ်တင်ရှုတ်ချ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အား နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ စင်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ဂီနီနိုင်ငံ၌ စက်တင်ဘာ ၅ ရက်တွင် အာဏာသိမ်းကြိုးပမ်းမှုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြစ်တင်ရှုတ်ချလိုက်ပြီး သမ္မတ Alpha Conde ကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“ဂီနီနိုင်ငံ အခြေအနေကို ကျွန်တော် ကိုယ်တိုင် အနီးကပ်စောင့်ကြည့်နေပါတယ်။လက်နက်နဲ့ အင်အားသုံးပြီး အစိုးရကို ဖြုတ်ချတဲ့ ဘယ်လုပ်ဆောင်ချက်မဆို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ သမ္မတ Alpha Conde ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။”ဟု ဂူတာရက်စ်က တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ (Xinhua)

————————————
(English Version)
UN chief condemns coup attempt in Guinea
UNITED NATIONS, Sept. 5 (Xinhua) — UN Secretary-General Antonio Guterres on Sunday condemned the coup attempt in Guinea and called for the release of President Alpha Conde.
“I am personally following the situation in Guinea very closely. I strongly condemn any takeover of the government by force of the gun and call for the immediate release of President Alpha Conde,” Guterres tweeted. Enditem
Photo – United Nations Secretary-General Antonio Guterres delivers a statement at the UN headquarters in New York, Jan. 6, 2020. (Xinhua/Li Muzi)