Connect with us

Asia

ကူဝိတ်ခရီးသည်တင်လေယာဉ် ဗုံးသတိပေးချက်ကြောင့် တူရကီနိုင်ငံ၌ အရေးပေါ်ဆင်းသက်

အန်ကာရာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အယ်လ်ဂျားဇီးယားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစ်စီးသည် အောက်တိုဘာ ၇ ရက်တွင် ဗုံးသတိပေးချက်တစ်ခု ရရှိပြီးနောက် တူရကီနိုင်ငံ Trabzon ပြည်နယ်လေဆိပ်၌ အရေးပေါ်ဆင်းသက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။တူရကီလုံခြုံရေးတာဝန်ရှိသူများက ယင်းခရီးသည်တင်လေယာဉ်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း နှင့် အဆိုပါလေယာဉ်သည် ကူဝိတ်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီး တူရကီနိုင်ငံ အရှေ့မြောက်ဘက် ပင်လယ်နက်ကမ်းခြေရှိ Trabzon ပြည်နယ်သို့ ဦးတည်လာခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး Ismail Ustaoglu က သတင်းထောက်များအား ပြောကြားခဲ့သည်။

ခရီးသည် ၅၁ ဦး နှင့် လေယာဉ်အမှုထမ်း ၆ ဦး ပါရှိသည့် လေကြောင်းခရီးစဉ်အမှတ် CZR-314 မှ Airbus A320 type အမျိုးအစားလေယာဉ်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိပြီး လေယာဉ်ပေါ်လိုက်ပါလာသူများ၏ ခရီးဆောင်အထုတ်အပိုးများအား လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဗုံးသတိပေးချက်အား ကူဝိတ်လေကြောင်းလိုင်းရုံးချုပ်သို့ အကြောင်းကြားခဲ့ကြောင်း နှင့် Trabzon ပြည်နယ်သို့ သွားနေသော လေယာဉ်တစ်စင်း အပါအဝင် ၎င်းတို့၏ လေယာဉ်အားလုံးကို သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပြီး အဆိုပါသတိပေးချက်သည် တူရကီနိုင်ငံ၌ ဆင်းသက်ခဲ့သည့် လေယာဉ်တစ်စီးတည်းအတွက်မဟုတ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)

————————————————-
(English Version)

Passenger plane from Kuwait makes emergency landing in Turkey over bomb warning

Ankara, Oct. 7 (Xinhua) — A passenger plane of Al Jazeera Airlines on Thursday made an emergency landing in Turkey’s Trabzon province airport after a bomb warning, the local governorate said.
The Turkish security officials have evacuated the passenger aircraft, which took off from Kuwait and was bounded to Trabzon on the Black Sea coast of northeastern Turkey, Governor Ismail Ustaoglu told reporters.

A total of 51 passengers and six staff of the Airbus A320 type aircraft, with flight number CZR-314, were evacuated and their pieces of luggage were still under security check, he added.
The bomb alert was made to Kuwait Airlines headquarters, and they have issued a warning for all their planes in the air, including the one traveling to Trabzon, the governor said, emphasizing that the alert did not cover solely the plane that had landed in Turkey. Enditem