Connect with us

Economy

တရုတ်နိုင်ငံက အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ BRI ပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ မြှင့်တင်

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်တွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ ထူထောင်ထားရှိကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။တရုတ်နိုင်ငံသည် BRI ၏ အဓိကအစိတ်အပိုင်းအဖြစ် ဂေဟစနစ်-ခေတ်မီလူ့အဖွဲ့အစည်းတွင် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားကြောင်းနှင့် ရန်ပုံငွေ၊ နည်းပညာနှင့် စွမ်းရည်တည်ဆောက်မှုဖြင့် ပါဝင်သည့်နိုင်ငံများအား ပံ့ပိုးပေးရန် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် ငွေကြေး၌ အစိမ်းရောင် ဆောင်ရွက်ချက်များစွာ ပြဌာန်းထားရှိကြောင်း “တရုတ်နိုင်ငံရှိ ဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှု” ခေါင်းစဉ်ဖြင့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။

အဆိုပါ ဆောင်ရွက်ချက်များသည် စိမ်းလန်းရေး အသွင်ကူးပြောင်းမှုမြန်ဆန်စေခြင်း၊ ကာဗွန်လျှော့ချမှု တိုးမြှင့်ခြင်းဖြင့် ပြည်သူများ၏ အကျိုးကျေးဇူးရှိလာစေရန် အထောက်အကူပြုလျက်ရှိကြောင်း စက္ကူဖြူစာတမ်းက ဆိုသည်။ (Xinhua)

————————————————-
(English Version)

China boosts BRI cooperation mechanisms for green development: white paper

BEIJING, Oct. 8 (Xinhua) — China has established multilateral cooperation mechanisms for green development under the Belt and Road Initiative (BRI), said a white paper released by the State Council Information Office Friday.

China regards cooperation in eco-civilization as a key component of the BRI, and has adopted a series of green measures in infrastructure, energy, and finance to support participating countries with fund, technology and capacity building, said the white paper titled “Biodiversity Conservation in China.”

These measures are helping them transform faster to green, low-carbon growth to the benefit of the people, the white paper said. Enditem

Photo : Tourists visit Wuyi Mountain scenic spot on a bamboo raft in southeast China’s Fujian Province, Jan. 2, 2021. (Xinhua/Song Weiwei)