Connect with us

North America

ကျူးဘားနိုင်ငံတွင် ကလေးငယ်များအတွက် အလားအလာရှိသော COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု တိုးချဲ့

ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ ကာကွယ်ဆေးထိုးနှံမှုနေရာတစ်ခုတွင် ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး "Abdala" အား ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ ကျန်းမာရေးအာဏာပိုင်များနှင့် သိပ္ပံပညာရှင်များသည် COVID-19 တိုက်ဖျက်ရေးအတွက် ကျူးဘား ကာကွယ်ဆေး ငါးမျိုးအနက် နှစ်မျိုးဖြစ်သော Soberana-02 နှင့် Soberana Plus တို့ကို ကလေးများနှင့် ဆယ်ကျော်သက်များတွင် လက်တွေ့စမ်းသပ်မှု တိုးချဲ့ဆောင်ရွက်ခြင်းအား ဇွန် ၂၈ ရက်က စတင်လိုက်ကြောင်း သိရသည်။အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကနဦးစေတနာ့ဝန်ထမ်း ၂၅ ဦးတွင် ဘေးကင်းစိတ်ချကြောင်း လက်တွေ့ပြသပြီးနောက် အသက် ၃ နှစ်နှင့် ၁၁ နှစ်ကြား နောက်ထပ်ကလေး ၂၅ ဦးအား Soberana-02 ပထမအကြိမ်ထိုးနှံခြင်းဖြင့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

သက်ကြီးရွယ်အိုအုပ်စုများတွင် ရရှိထားသော ဘေးကင်းစိတ်ချမှု ရလဒ်များက လက်တွေ့စမ်းသပ်မှုအား ငယ်ရွယ်သူကလေးများအား တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဆယ်ကျော်သက်များ၏ နမူနာများအား တိုးချဲ့ဆောင်ရွက်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း Finlay Institute of Vaccines (IFV) လက်ထောက်ညွှန်ကြားရေးမှူး Yuri Valdes က ရှင်းပြထားကြောင်း ဟာဗားနားရှိ Radio Reloj ရေဒီယိုဌာနက ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် ပထမဆုံး ၇၂ နာရီနှင့် ရက်သတ္တပတ်တစ်ပတ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးသူများအား လက်တွေ့စမ်းသပ်ပြီးနောက် “ဒီဆေးတွေရဲ့ ဘေးကင်းစိတ်ချမှုကို အကဲဖြတ်ခဲ့ပြီး ထူးခြားတဲ့ ဆိုးကျိုးသက်ရောက်မှုဖြစ်ရပ်များ ဖော်ပြထားခြင်းမရှိဘူး” ဟု ၎င်းက ထောက်ပြခဲ့သည်။

အဆိုပါ ရလဒ်များအား အခြေခံ၍ ဆေးဝါး၊ ကိရိယာနှင့် ဆေးဝါးကိရိယာများ ထိန်းချုပ်ရေးစင်တာက ကျန်ရှိသော စေတနာ့ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံရန် ခွင့်ပြုနိုင်သည့် အစီရင်ခံစာတစ်စောင်အား ပြင်ဆင်ခဲ့ကြောင်း Valdes က ပြောခဲ့သည်။

လက်တွေ့စမ်းသပ်မှုတွင် ပါဝင်သော ကလေးငယ်နှင့် ဆယ်ကျော်သက် ၃၅၀ ဦး အားလုံးသည် Soberana-02 ကာကွယ်ဆေး နှစ်ကြိမ်နှင့် တတိယမြောက် Soberana Plus ကာကွယ်ဆေး ထိုးနှံကြမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုတစ်ကြိမ်စီတိုင်း အချိန် ၂၈ ရက်ကွာခြားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)

Cuba expands clinical trial of potential COVID-19 vaccine for children

HAVANA, June 28 (Xinhua) — Cuban health authorities and scientists began on Monday expanding a clinical trial in children and adolescents of Soberana-02 and Soberana Plus, two of the five Cuban vaccine candidates against COVID-19.

After demonstrating safety in an initial group of 25 volunteers from 12 to 18 years old, the trial will expand to another 25 children between the ages of three and 11, with a first dose of Soberana-02.

Deputy Director of the Finlay Institute of Vaccines (IFV) Yuri Valdes explained that the safety results in the older age group allows the trial to advance to younger children and to expand the sample of adolescents, according to Havana’s radio station Radio Reloj.

After controlling those vaccinated in the first 72 hours and a week after the immunization, “the safety of the subjects was evaluated and no serious adverse events were reported,” he pointed out.

Based on these results, Valdes said, a report was prepared so that the Center for State Control of Medicines, Equipment and Medical Devices could approve the inclusion of the rest of the volunteers.

All of the 350 children and adolescents involved in the trial will receive two doses of Soberana-02 and a third of Soberana Plus, with an interval of 28 days between each immunization. ■
Photo : A medical worker displays a vial of “Abdala”, a homemade COVID-19 vaccine, at a vaccination site in Havana, Cuba, on May 14, 2021. (Photo by Joaquin Hernandez/Xinhua)