Connect with us

Africa & Middle East

ဂါဇာရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် သဘာဝဓာတ်ငွေ့ ပေးပို့ရန် သဘောတူစာချုပ် ကာတာ လက်မှတ်ရေးထိုး

ဂါဇာ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးရေးစက်ရုံအတွက် သဘာဝဓာတ်ငွေ့ ပေးပို့ရေး အာမခံထားသော သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပါလက်စတိုင်းဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး Mohammed al-Emadi က ဇန်နဝါရီ ၂၁ ရက်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။Gaza Electricity Generation ကုမ္ပဏီနှင့် Gaza Electricity Distribution ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း Al-Emadi က ပြောခဲ့သည်။

ဂါဇာ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ကာတာကော်မတီ အကြီးအကဲလည်းဖြစ်သူ Al-Emadi က “သဘောတူညီချက်မှာ ဂါဇာရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် ဓာတ်ငွေ့ပေးပို့ခြင်းနှင့် လျှပ်စစ်ထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်များကို ကာမိစေရန် escrow account တစ်ခု ထူထောင်တာလည်း ပါဝင်ပါတယ်” ဟု ပြောကြားခဲ့သည်။

သဘောတူညီချက်အရ ကော်မတီအနေဖြင့် အဆိုပါ အကောင့် (account) ၏ မူလပိုင်ရှင်ဖြစ်မည်ဖြစ်ပြီး ပေးချေမှုများကို စုစည်းကာ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကော်မတီသည် အစ္စရေးရှိ ဓာတ်ငွေ့ပံ့ပိုးပေးသောကုမ္ပဏီမှ ဂါဇာနယ်စပ်အထိ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းအတွက် ငွေကြေးကျခံသွားမည်ဖြစ်သည်။

နှစ်ပေါင်းများစွာကြာ ဆွေးနွေးညှိနှိုင်းမှုများပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အတွက် အစ္စရေးမှ ပေးပို့သောစနစ်တစ်ခု တပ်ဆင်ရေး စီမံချက်နှင့်ပတ်သက်၍ ကာတာ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂကြား ပူးတွဲသဘောတူညီချက်တစ်ခု ယမန်နှစ် ဖေဖော်ဝါရီလက ရရှိခဲ့သည်။

ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်နေထိုင်သော ဂါဇာကမ်းမြောင်ဒေသတွင် တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် လိုအပ်ကြောင်း၊ လက်ရှိတွင်မူ အစ္စရေးဘက်မှ ပေးပို့သော မဂ္ဂါဝပ် ၁၂၀ အပါအဝင် ၂၁၀ မဂ္ဂါဝပ်သာ ရရှိသေးကြောင်း၊ ကျန်ရှိသော လျှပ်စစ်ဓာတ်အားများကို ဂါဇာရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)

Qatar signs agreement on supplying natural gas to Gaza’s only power plant
2022-01-22 14:28:24

GAZA, Jan. 21 (Xinhua) — Qatar signed an agreement to guarantee the supply of natural gas for operating the only power plant in the Gaza Strip, Qatari Ambassador to Palestine Mohammed al-Emadi told reporters here on Friday.

Al-Emadi said that he signed the agreement with the Gaza Electricity Generation Company and the Gaza Electricity Distribution Company.
Al-Emadi, also head of the Qatari Committee for the Reconstruction of Gaza, said “the agreement includes establishing an escrow account to cover the costs of supplying gas and generating electricity through the only power plant in Gaza.”

Under the agreement, the committee will be the primary owner of this account and will organize and manage the payments, he said.
The committee will finance the construction of the gas pipeline from the supplier company in Israel to the Gaza border.

In February last year, a joint agreement was reached among Qatar, the United Nations, and the European Union on a project to install a supply system from Israel to the only power plant in the Gaza Strip after years of negotiations.

The Gaza Strip, home to more than 2 million Palestinians, needs 500 megawatts of electricity per day. But currently only 210 megawatts are available, including 120 supplied from Israel, and the rest is produced by the only power plant in Gaza. Enditem

Photo : Palestinian workers are seen at the only power plant in Nuseirat in central Gaza Strip, on Feb. 25, 2021. Palestinian Prime Minister Mohammed Ishtaye announced on Wednesday that Qatar and the European Union (EU) will finance providing gas for the only power station in the besieged Gaza Strip. The Gaza Strip has been suffering from electricity shortage since Hamas took control of the enclave in 2007. (Photo by Rizek Abdeljawad/Xinhua)