Connect with us

ASEAN

ဂျပန်နိုင်ငံတွင် COVID-19 Delta ဗီဇပြောင်း ဗိုင်းရပ်စ်၏ မျိုးကွဲသစ်အား ပထမဆုံးတွေ့ရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့ တိုကျိုဆေးဘက်ဆိုင်ရာစင်တာ၌ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က နိုင်ငံအတွင်း COVID-19 ကာကွယ်ဆေးထိုးစီမံချက် စတင်ဆောင်ရွက်စဉ် ဆေးဝန်ထမ်းတစ်ဦးက ဆေးထိုးမှု ခံယူစဉ် (ဓာတ်ပုံ-- Behrouz Mehri/Pool via Xinhua)

တိုကျို၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဂျပန်သုတေသီအဖွဲ့တစ်ဖွဲ့သည် COVID-19 Delta ဗီဇပြောင်း ဗိုင်းရပ်စ်၏ မျိုးကွဲတစ်ခုကို ဂျပန်နိုင်ငံတွင် ပထမဆုံးအကြိမ်တွေ့ရှိကြောင်း ဒေသတွင်းမီဒီယာက သြဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

သြဂုတ်လလယ်ပိုင်းက Delta ဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးကို ၎င်းဌာန၌ စစ်ဆေးစဉ် အဆိုပါ မျိုးဗီဇပြောင်းဗိုင်းရပ်စ်သစ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တိုကျိုဆေးဘက်ဆိုင်ရာနှင့် သွားဘက်ဆိုင်ရာဆေးရုံမှ တွဲဖက်ပါမောက္ခ Hiroaki Takeuchi ဦးဆောင်သည့် သုတေသနအဖွဲ့က ၎င်းတို့ တွေ့ရှိချက်ကို သြဂုတ် ၃၀ရက်တွင်ကြေညာခဲ့သည်။
မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှုအရ N501S မျိုးဗီဇပြောင်းလဲမှုကိုဖော်ထုတ်နိုင်ခဲ့ပြီး ဂျပန်နိုင်ငံပြင်ပတွင်အဆိုပါ မျိုးဗီဇပြောင်းလဲဗိုင်းရပ်စ် ကူးစက်ခံရမှု ၈ ခုသာ ရှိကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ယင်းN501S ပြောင်းလဲမှုသည်ဗြိတိန်တွင်ပထမဆုံးတွေ့ရှိသော Alpha မူကွဲ N501Y ပုံစံနှင့်ဆင်တူကြောင်း သိရသည်။ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအပေါ်၎င်း၏သက်ရောက်မှုသည်ယခုထိမသဲကွဲသေးကြောင်းနှင့် သုတေသီများကဆက်လက်လေ့လာရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

COVID-19 ကူးစက်မှုကိုထိန်းချုပ်ရန်အပြည့်အဝ ကြိုးပမ်းသင့်ကြောင်း၊ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားနေခြင်းက ဂျပန်နိုင်ငံ၌ မျိုးဗီဇကွဲ COVID-19 ဗိုင်းရပ်အသစ်များ ပေါ်ထွက်လာရန် ဆက်လက်ဦးတည်စေနိုင်ကြောင်း Takeuchi က ပြောကြားခဲ့သည်။

He also called for the use of genetic analyses to enhance the monitoring of the virus. Enditem
မျိုးဗီဇခွဲခြမ်းစိတ်ဖြာခြင်းအား အသုံးပြု၍ ဗိုင်းရပ်စ်စောင့်ကြည့်ခြင်းကို ဆောင်ရွက်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ (Xinhua)

———————————–
(English Version)
New Delta variant mutation of COVID-19 confirmed in Japan
TOKYO, Aug. 31 (Xinhua) — A group of Japanese researchers said a new mutation of the COVID-19 Delta variant had been discovered for the first time in Japan, local media reported Tuesday.
The research team, led by Associate Professor Hiroaki Takeuchi at Tokyo Medical and Dental University Hospital, announced the finding on Monday, saying the mutation was found when a patient infected with the Delta variant visited the institute in mid-August.
Genetic analysis revealed the N501S mutation, the team said, adding that only eight cases of the mutation have been reported outside Japan.
The N501S mutation is similar to the N501Y variation of the Alpha variant, which was first detected in Britain. The team said its impact on the virus’s transmissibility is unclear so far, and researchers plan to study further.
Takeuchi said full efforts ought to be made to curb the COVID-19 infections, as the further spread of the virus could lead to the continued emergence of new variants in Japan.
He also called for the use of genetic analyses to enhance the monitoring of the virus. Enditem