Connect with us

Asia

ဂျပန်နိုင်ငံ တိုကျိုမြို့၌ COVID-19 ရောဂါ ကူးစက်ခံထားရသော ပြည်ပအားကစားသမား တွေ့ရှိ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ အမျိုးသားအားကစားရုံသစ်အနီးရှိ အိုလံပစ်သင်္ကေတရှေ့တွင် ဇူလိုင် ၈ ရက်က ဖြတ်သန်းသွားလာနေသော ပြည်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

ပြည်ပမှ အားကစားသမားတစ်ဦးသည် အိုလံပစ်အားကစားပွဲမတိုင်မီ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာပြီးနောက် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ပွဲစီစဉ်သူများက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါအားကစားသမားအား ဇူလိုင် ၁၄ ရက်တွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းအား ၁၄ ရက်ကြာ သီးခြားခွဲထား၍ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း နှင့် အားကစားသမားများ နေထိုင်ရာ နေရာသို့ မဝင်ရသေးကြောင်း ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲ ဖြစ်မြောက်ရေးကော်မတီက ပြောကြားခဲ့သည်။

ယင်းမှာ ပွဲဖြစ်မြောက်ရေးကော်မတီက စီစဉ်ထားသည့် အဆောက်အဦသို့ သွားရောက်ရာတွင် သို့မဟုတ် နေထိုင်စဉ် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သော ပထမဆုံး ပြည်ပအားကစားသမားတစ်ဦး ဖြစ်ကြောင်း သိရသည်။

ပွဲဖြစ်မြောက်ရေးစီစဉ်သူများက အဆိုပါအားကစားသမားမှာ မည်သူမည်ဝါဖြစ်ကြောင်း သို့မဟုတ် ၎င်း၏ အခြေအနေ အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ပြောကြားခြင်း မရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၏ အိုလံပစ်ဂျူဒိုအသင်း နေထိုင်သည့် ဂျပန်နိုင်ငံဟိုတယ်တစ်ခု၌ ဝန်ထမ်း ၈ ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ရုရှားနိုင်ငံ၏ ရက်စ်ဘီ ခုနှစ်ယောက်တွဲအသင်းမှ အသင်းအဖွဲ့ဝင် ဝန်ထမ်းတစ်ဦး ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း AFP က အစောပိုင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)

————————————————
(English Version)

Overseas athlete infected with COVID-19 in Tokyo

TOKYO, July 15 (Xinhua) — An overseas athlete has tested positive for COVID-19 after arriving in Tokyo ahead of the Olympic Games, organizers said on Thursday.
The Tokyo 2020 organizing committee said that the athlete, who tested positive on Wednesday, was observing a 14-day period of self-isolation and has not entered the athletes’ village, Japan’s state broadcaster NHK reported.

This is the first time an overseas athlete who is staying at or was heading to a facility managed by the organizing committee has been found to have COVID-19.
Organizers gave no details of the athlete’s identity or condition.

Eight staff at a Japanese hotel hosting Brazil’s Olympic judo team tested positive, and a staff member from Russia’s rugby sevens team was hospitalized after a positive test, AFP said earlier. Enditem
Photo – People walk past the Olympic Rings near the new National Stadium in Tokyo, Japan on July 8, 2021. (Photo by Christopher Jue/Xinhua)