Connect with us

Africa & Middle East

ဂျေရုဆလင်တွင် ပြုလုပ်သော အစ္စရေးချီတက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းများစုရုံးဆန္ဒပြ

၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်က ဂါဇာမြို့တော် အရှေ့ဂျေရုဆလင် တွင် အစ္စရေးအလံတော်ချီတော်ပွဲအား ဆန့်ကျင်ကန့်ကွက်နေသော ပါလက်စတိုင်းလူမျိုးများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

အရှေ့ဂျေရုဆလင်တွင် ပြုလုပ်သော အစ္စရေးချီတက်ပွဲတစ်ခုကို ဆန့်ကျင်သည့်အနေဖြင့် ဂါဇာကမ်းမြောင် အရှေ့ပိုင်း နှင့် အစ္စရေးအကြား နယ်စပ်တစ်လျှောက်တွင် ဇွန် ၁၅ ရက်က ပါလက်စတိုင်းလူမျိုး အများအပြားစုရုံး၍ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်သတင်းအရင်းအမြစ်များ နှင့် မျက်မြင်သက်သေများက ဆိုသည်။ပါလက်စတိုင်း ဆန္ဒပြသူများသည် တောင်ပိုင်း Khan Younis မြို့ နှင့် မြောက်ပိုင်း Beit Hanoun မြို့အကြား နယ်စပ်ခြံစည်းရိုးတစ်လျှောက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ၊ တစ်ချိန်မှာပင် နယ်စပ်ခြံစည်းရုံးအနီးချဉ်းကပ်လာသည့် ဆန္ဒပြသူများအား အစ္စရေးစစ်သားများက ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်း နှင့် မျက်ရည်ယိုဗုံးများအသုံးပြု၍ လူစုခွဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရမှု သတင်းပေးပို့ချက်မရှိသေးကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်က ပြုလုပ်သည့် လက်ယာအစွန်းရောက် ချီတက်ပွဲတွင် ဂျေရုဆလင်မြို့ဟောင်းအနီး၌ အစ္စရေးအလံတော်များဝှေ့ယမ်း၍ ချီတက်လာကြစဉ်(ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် Night Disturbing Unit ဟု အမည်ပေးထားသည့် ပါလက်စတိုင်း တက်ကြွလှုပ်ရှားမှုအဖွဲ့ဝင်များက အစ္စရေးနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော နေရာအနီးတွင် စုရုံးဆန္ဒပြပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အရှေ့ဂျေရုဆလင်၌ ဇွန် ၁၅ ရက်တွင် ပြုလုပ်သည့် အစ္စရေး အလံတော်ချီတက်ပွဲအား ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးတောင်ပိုင်းထဲသို့ လွှတ်တင်မည့် လေသွင်းမီးပူဖောင်းတစ်လုံးကို နှာခေါင်းစည်းတပ်ဆင်ထားသော ပါလက်စတိုင်းလူငယ်နှစ်ဦး ပြင်ဆင်နေစဉ်(ဆင်ဟွာ)

ယင်းကြေညာချက်ထဲတွင် တက်ကြွလှုပ်ရှားသူများက အစ္စရေးတောင်ပိုင်သို့ ဦးတည်၍ လေသွင်းမီးပူဖောင်းများ လွှတ်တင်ခြင်း နှင့် နယ်စပ်တွင် တာယာကွင်းများ မီးရှို့ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဇွန် ၁၅ ရက်က ဂါဇာမြို့တော် အရှေ့ဂျေရုဆလင် တွင် အစ္စရေးအလံတော်ချီတက်ပွဲအား ဆန့်ကျင်ကန့်ကွက်မှုအတွင်း ပါလက်စတိုင်းဥပဒေပြုကောင်စီအဖွဲ့ဝင်များက အစ္စရေးဆန့်ကျင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားစဉ် (ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် ပါလက်စတိုင်း တက်ကြွလှုပ်ရှားမှု အဖွဲ့စုံပါဝင်သည့် March of Return လှုပ်ရှားမှုဆိုင်ရာ အမျိုးသားညှိနှိုင်းကွပ်ကွဲမှုအဖွဲ့က အစ္စရေးချီတက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဂါဇာကမ်းမြောင်တွင် လူများစုရုံး၍ ဆန္ဒပြပွဲများ ကျင်းပသွားရန်လည်း တိုက်တွန်းထားသည်။

ဂျေရုဆလင်တွင် အင်္ဂါနေ့က ပြုလုပ်သောအစ္စရေး၏ ချီတက်ပွဲကြောင့် အစ္စရေး နှင့် ဂါဇာကမ်းမြောင်ရှိ စစ်သွေးကြွအုပ်စုများအကြား အကြမ်းဖက်တိုက်ခိုက်မှု အသစ်တစ်ဖန် ပြန်လည် ပေါ်ပေါက်လာမည်ကို လွန်စွာ စိုးရိမ်ပူပန်ခဲ့ကြသည်။

ပြီးခဲ့သော မေ၁၀ ရက် မှ ၂၁ ရက်အထိ အစ္စရေး နှင့် ဂါဇာကမ်းမြောင်တွင် လှုပ်ရှားနေသည့် ဟားမက်စ်အကြား ၂၀၁၄ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ပါလက်စတိုင်းလူမျိုး ၂၅၀ သေဆုံးပြီး အစ္စရေး ၁၃ ဦး သေဆုံးသွားကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူ ရာပေါင်းများစွာရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(English Version)

Palestinians rally on Gaza border in protest of Israeli march in Jerusalem

1-GAZA, June 15 (Xinhua) — Dozens of Palestinians on Tuesday rallied along the border areas between the eastern Gaza Strip and Israel in protest against an Israeli march in East Jerusalem, security sources and eyewitnesses said.

The protests mostly took place near the border fence between the southern town of Khan Younis and the northern town of Beit Hanoun, while Israeli soldiers stationed on the border fired live ammunition and tear gas canisters to disperse the protesters who approached the fence, they said.
No injuries were reported yet.

Meanwhile, members of a Palestinian activist group called the Night Disturbing Unit, announced in a press statement that they will organize protests at night near the border fence with Israel.

According to the statement, the activists will launch incendiary balloons from Gaza toward southern Israel and burn tires in the border area.

Meanwhile, the national corporation of the March of Return, which comprises several Palestinian factions, also called for holding rallies and protests in the Gaza Strip against the Israeli march.

There are deep concerns that the Israeli march scheduled for Tuesday in Jerusalem would renew violent fighting between Israel and militant groups in the Gaza Strip.

From May 10 to May 21, Israel and Hamas, the ruling movement of the Gaza Strip, engaged in a round of the fiercest fighting between them since 2014, killing more than 250 Palestinians and 13 Israelis, and injuring hundreds others.

1-Palestinian protesters hold national flags during a protest against the Israeli flag march in East Jerusalem, in Gaza City, on June 15, 2021. (Photo by Rizek Abdeljawad/Xinhua)

2-Israelis march with the national flags near Jerusalem’s Old City during a far-right parade, on June 15, 2021. (JINI via Xinhua)

3-A masked Palestinian protester prepares incendiary balloons before releasing them into southern Israel, as a protest against the Israeli flag march in East Jerusalem, in east of al-Bureij refugee camp in central Gaza Strip, on June 15, 2021. (Photo by Rizek Abdeljawad/Xinhua)

4-Members of Palestinian Legislative Council hold anti-Israeli banners during a protest against the Israeli flag march in East Jerusalem, in Gaza City, on June 15, 2021. (Photo by Rizek Abdeljawad/Xinhua)