Connect with us

Economy

စတုတ္ထအကြိမ်မြောက် CIIE တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ တန်ဖိုးရှိ ကမ်းလှမ်းမှုသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အား နိုဝင်ဘာ ၁၀ ရက်တွင် ပိတ်သိမ်းခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တစ်နှစ်တာဝယ်ယူခြင်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀.၇၂ ဘီလီယံ တန်ဖိုးရှိသော ကမ်းလှမ်းမှုသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း CIIE ဗျူရို လက်ထောက်ညွှန်ကြားရေးမှူး Sun Chenghai က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ယခုနှစ်၏ CIIE သည် နိုင်ငံ ၅၈ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃ ခုမှ ဒစ်ဂျစ်တယ်ပြခန်းများ ဖွင့်လှစ်ပြသခြင်း ပါဝင်သည့် အွန်လိုင်းပြပွဲတစ်ခုကို ပထမဆုံး ထည့်သွင်းပြသခဲ့သည်။ အွန်လိုင်းပြပွဲသို့ ဝင်ရောက်လေ့လာသူ အရေအတွက် စုစုပေါင်း ၅၈ သန်းကျော်ရှိခဲ့ကြောင်း Sun က ဆိုသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) စားသုံးသူ ကုန်စည်ပြပွဲတွင် ကော်ဖီစက် အရောင်းမြှင့်တင်ရေး ဆောင်ရွက်နေပုံကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

ပြခန်းဧရိယာ ၃၆၆,၀၀၀ စတုရန်းမီတာရှိသော ယခုနှစ်၏ စီးပွားရေးပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၂၇ ခုမှ စီးပွားရေးလုပ်ငန်း ၂,၉၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

ပြပွဲအတွင်း ထုတ်ကုန်သစ်များ၊ နည်းပညာများနှင့် ဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်း ၄၂၂ ခု ထည့်သွင်းပြသခဲ့သည်။ထို့ပြင် Fortune 500 ကုမ္ပဏီများနှင့် ကော်ပိုရိတ် လုပ်ငန်းကြီး ၂၈၁ ခုလည်း တက်ရောက်ခဲ့ကာ ယင်းအနက် လုပ်ငန်း ၄၀ နီးပါးသည် CIIE တွင် ပထမဆုံး ဝင်ရောက်ပြသခဲ့ပြီး ၁၂၀ ကျော်မှာ လေးနှစ်ဆက်တိုက် ပါဝင်ပြသခြင်း ဖြစ်သည်။

ပဉ္စမအကြိမ်မြောက် CIIE ပြပွဲအတွက် မှတ်ပုံတင်ခြင်းကိုလည်း ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ပြခန်းဧရိယာ ၁၅၀,၀၀၀ စတုရန်းမီတာကျော် ကြိုစာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)

(CIIE) 1st LD-Writethru: Tentative deals totaling 70 bln U.S. dollars signed at 4th CIIE

SHANGHAI, Nov. 10 (Xinhua) — A total of 70.72 billion U.S. dollars worth of tentative deals were reached for one-year purchases of goods and services at the fourth China International Import Expo (CIIE), which concluded on Wednesday, CIIE Bureau Deputy Director Sun Chenghai told a press conference.

This year’s CIIE is the first to feature an online country exhibition, offering digital pavilions for 58 countries and three international organizations. The total number of visits to the online exhibition exceeded 58 million, Sun said.

More than 2,900 enterprises from 127 countries and regions participated in this year’s business exhibition, which covers a record area of 366,000 square meters.
A total of 422 new products, technologies and services were showcased at the exhibition.

There were 281 Fortune 500 companies and corporate giants in attendance, with nearly 40 making their CIIE debuts and over 120 participating in the event for their fourth consecutive year.
Registration for the fifth CIIE has already been opened, with over 150,000 square meters of exhibition area booked. Enditem

Photo : 1-(211110) — SHANGHAI, Nov. 10, 2021 (Xinhua) — A press conference of the 4th China International Import Expo (CIIE) is held in east China’s Shanghai, Nov. 10, 2021. A total of 70.72 billion U.S. dollars worth of tentative deals were reached for one-year purchases of goods and services at the 4th CIIE, which concluded on Wednesday, Sun Chenghai, deputy director of the CIIE Bureau, told a press conference. (Xinhua/Wang Xiang)

2-Staff members promote coffee machines via livestreaming at the Consumer Goods Exhibition Area of the 4th China International Import Expo (CIIE) in east China’s Shanghai, Nov. 9, 2021. Lots of exhibitors at the 4th CIIE resort to livestreaming promotion at their booths to attract on-line buyers for items displayed on-site. (Xinhua/Liu Ying)