Connect with us

Europe

စပိန်နိုင်ငံ တောင်ပိုင်းတွင် West Nile အဖျားရောဂါဖြစ်ပွား

မက်ဒရစ်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ တောင်ပိုင်းမှ အမည်မသိလူတစ်ဦးသည် West Nile ဗိုင်းရပ်စ်ကြောင့် ဦးနှောက်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသခဲ့ရကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။စပိန်နိုင်ငံ Andalusia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သော Seville အနီးရှိ Coria del Rio မြို့ငယ်မှ လူတစ်ဦးတွင် ဦးနှောက်အမြှေးရောင်ရောဂါ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်သည် ၂၀၂၀ ပြည့်နှစ်က Seville နှင့် Cadiz ပြည်နယ်များတွင် ရောဂါဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဒေသတွင်း၌ ခြင်မှပေါက်ဖွားသော ဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိခြင်းလည်း ဖြစ်သည်။

Seville ပြည်နယ်အလယ်ပိုင်းတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသော Guardaquivir မြစ် အနီးဝန်းကျင်ရှိ စိမ့်မြေအရပ်တွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့လျက်ရှိသော West Nile ဗိုင်းရပ်စ်သည် culex ခြင်ကိုက်ခံရခြင်းကြောင့် ရောဂါကူးစက်ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က West Nile ဗိုင်းရပ်စ်ဖြစ်ပွားသည် West Nile အဖျားရောဂါဆိုင်ရာ စောင့်ကြည့်ရေးနှင့် ထိန်းချုပ်ရေးအစီအစဉ်တစ်ခု ထူထောင်ခဲ့သော ဒေသဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းစေခဲ့ကာ ယင်းဗိုင်းရပ်စ်မှ ခံစားရနိုင်ဖွယ်ရှိသော အန္တရာယ်ရှိနေရာများလည်း သတ်မှတ်ခဲ့ရသည်။

အဆိုပါ အစီအစဉ်အရ အန္တရာယ်ရှိသော အဆင့်ရှိသည့် မည်သည့်မြူနီစီပယ်ဒေသမဆို ခြင်များ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေး မြူနီစီပယ်အစီအစဉ်တစ်ရပ် ထားရှိရန်လိုအပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုလွယ်စေသော မြင်းများ ရောဂါစစ်ဆေးမှုမြှင့်တင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)
———————————————-
(English Version)

West Nile Fever case detected in southern Spain

MADRID, Aug. 19 (Xinhua) — An unidentified person from southern Spain has been admitted to hospital with a brain disease caused by the West Nile virus, said local health authorities Thursday.

The person, from the small town of Coria del Rio close to Seville, capital and largest city of the Spanish autonomous community of Andalusia, was diagnosed with meningoencephalitis.

It is the first case of the mosquito-born virus that has been detected in the region in 2021, after seven people lost their lives in an outbreak in the provinces of Seville and Cadiz in 2020.

The West Nile Virus is transmitted by bites of culex mosquito, which is widespread in the wetlands surrounding the Guardaquivir River that flows through the middle of Seville.

The outbreak of West Nile virus in 2020 led to the creation of a regional working group, which subsequently established an Integrated Vector Surveillance and Control Program for West Nile Fever, defining risky areas that could suffer from such virus.

According to the program, any municipality with a certain level of risk needs to have a municipal plan in place to control and monitor mosquitos, and increase testing of horses which are also prone to suffer from the virus. Enditem
Xinhua file photo .