Connect with us

Africa & Middle East

ဆန္ဒပြပွဲများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်ဒေါ့ခ် ရာထူးမှ နုတ်ထွက်ပြီ

ခါတွမ်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအကြပ်အတည်းများကြောင့် ဆူဒန်နိုင်ငံဝန်ကြီးချုပ် အဗ်ဒလာဟမ်ဒေါ့ခ် (Abdall Hamdok) သည် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။“ ဒီလိုကြီးမြတ်တဲ့တိုင်းပြည်ရဲ့ ပြည်ချစ်သားတွေ ဒါမှမဟုတ် ပြည်ချစ်သမီးတွေဆီကနေ အခြားလူတစ်ယောက်အတွက် လမ်းဖွင့်ပေးနိုင်ဖို့ ဝန်ကြီးချုပ်ရာထူးကနေ ကျွန်တော် နုတ်ထွက်ကြောင်း ကြေညာပါတယ် ” ဟု ဆူဒန်နိုင်ငံပိုင်ရုပ်သံမှ တဆင့် ပြည်သူများအား မိန့်ခွန်းပြောကြားစဉ် ဟမ်ဒေါ့ခ်က ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်းက ဆူဒန်ပြည်သူများ လမ်းပေါ်ထွက်၍ ဆန္ဒပြနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင် စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် နိုင်ငံအား အရေးပေါ်အခြေအနေကြေညာပြီး အချုပ်အခြာအာဏာပိုင်ကောင်စီနှင့် အစိုးရကို တရားဝင်ဖျက်သိမ်းလိုက်သဖြင့် ပြည်တွင်းဆန္ဒပြပွဲများနှင့်အတူ နိုင်ငံရေးအကြပ်အတည်းဖြင့် တောက်လျှောက် ရင်ဆိုင်ခဲ့ရသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၃၀ ရက်ကလည်း ထောင်နှင့်ချီသော ဆူဒန်နိုင်ငံသားများသည် ခါတွမ်းမြို့နှင့် အခြားမြို့ကြီးများရှိ လမ်းမများပေါ်တွင် အကြီးအကျယ်ဆန္ဒပြမှု နှင့် အဓိကရုဏ်းမှုများဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်းက ဆူဒန်ပြည်သူများ လမ်းပေါ်ထွက်၍ ဆန္ဒပြနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ထိုဆန္ဒပြပွဲများကြောင့်ပင် “ဒီဇင်ဘာ ၃၀ ရက်က အွန်ဒါမန်မြို့မှာ ဆန္ဒပြသူ လေးဦး သေဆုံးခဲ့ပြီး အခြား ၂၉၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်’’ ဆူဒန်ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားခဲ့သည်။

အွန်ဒါမန်မြို့သည် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး နိုင်းမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိကာ မြို့တော် ခါတွမ်းနှင့် မျက်နှာချင်းဆိုင်အရပ်တွင် တည်ရှိသည်။
စစ်ဦးစီးချုပ် Al-Burhan သည် အသွင်ကူးပြောင်းရေး အချုပ်အခြာကောင်စီတစ်ရပ် ဖွဲ့စည်းရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအမိန့်တစ်ရပ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် ထိုစဉ်က ရာထူးမှ ဖယ်ရှားခြင်းခံရသော ဝန်ကြီးချုပ် အဗ်ဒလာဟမ်းဒေါ့ခ်ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ရေးပါဝင်သော နိုင်ငံရေးကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သော်လည်း ယင်းသဘောတူညီချက်မှာ လမ်းပေါ်ရှိ ဆန္ဒပြမှုများအား ငြိမ်သက်သွားရန် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)
…………………………………………
(English Version)

Sudan PM Abdalla Hamdok resigns

KHARTOUM, Jan. 2 (Xinhua) — Sudan’s Prime Minister Abdalla Hamdok on Sunday announced his resignation from his post in the wake of the political crisis in the country.
“I announce to you my resignation from the post of Prime Minister to make way for another person from the daughters or sons of this generous country,” said Hamdok in a speech to the Sudanese people broadcast by the official Sudan TV.

Photo(1) Abdalla Hamdok speaks after signing a political declaration with General Commander of the Sudanese Armed Forces Abdel Fattah Al-Burhan in Khartoum, Sudan, Nov. 21, 2021. (Xinhua/Mohamed Khidir)

Photo(2,3) Sudanese citizens demonstrate on the street in Khartoum, Sudan, Dec. 30, 2021. (Xinhua/Mohamed Khidir)