Connect with us

Africa & Middle East

ဆိုမာလီနိုင်ငံ၌ အသေခံကားဗုံးပေါက်ကွဲမှုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံး

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ အသေခံကားဗုံးကွဲတိုက်ခိုက်မှု ဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးသမားများအား ဇန်နဝါရီ ၁၂ ရက်တွင်‌ တွေ့ရစဉ်(ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူး၌ ဇန်နဝါရီ ၁၂ ရက်တွင် အသေခံ ကားဗုံးပေါက်ကွဲမှု တစ်ခုအတွင်း စစ်သား ၅ ဦး အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အခြားလူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ အသေခံကားဗုံးကွဲတိုက်ခိုက်မှု ဖြစ်ပွားရာနေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ကားတစ်စီးအား စစ်ဆေးနေသည်ကို ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ အသေခံကားဗုံးကွဲတိုက်ခိုက်မှု ဖြစ်ပွားရာနေရာ၌ ရောက်ရှိလာသော ပြည်သူများအား ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ အသေခံကားဗုံးကွဲတိုက်ခိုက်မှု ဖြစ်ပွားရာနေရာ၌ ရောက်ရှိလာသော ပြည်သူများအား ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ အသေခံကားဗုံးကွဲတိုက်ခိုက်မှု ဖြစ်ပွားရာနေရာ၌ ရောက်ရှိလာသော ပြည်သူများအား ဇန်နဝါရီ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

Banadir ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး နှင့် လုံခြုံရေးမှူးချုပ်လည်း ဖြစ်သူ Ali Abdi Wardhere က အသေခံဗုံးကွဲသူသည် လက်နက်ကိုင်အစောင့်အရှောက်ထူထပ်စွာချထားသော အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး 21st October လမ်းတစ်လျှောက်ရှိ လုံခြုံရေးယာဉ်တန်းအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“အသေခံကားဗုံးကွဲတိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦး သေဆုံးမှု အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ဒါက အခုထိ ကျွန်တော်တို့ သိရသလောက်ပါ။ ဘယ်သူ့ကို ပစ်မှတ်ထားတိုက်ခိုက်တာလဲ ဆိုတာတော့ မသိရသေးပါဘူး။”ဟု ၎င်းက အခင်းဖြစ်နေရာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ မီးခိုးမည်းများ လွင့်ပျံတက်လာသည်ကို မြင်တွေ့ရကြောင်း နှင့် မျက်မြင်တွေ့ရှိသူများက မီးလောင်ကျွမ်းမှုကြောင့် ယာဉ်အစီးရေအများအပြား ပျက်စီးသွားသည်ကိုတွေ့ရကြောင်း ပြောကြားခဲ့သည်။

ဒုတိယအုပ်ချုပ်ရေးမှူးက တိုက်ခိုက်မှု နောက်ကွယ်တွင် al-Shabab စစ်သွေးကြွများ ရှိနေကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့အား လိုက်လံရှာဖွေနေကြောင်း နှင့်ပေါက်ကွဲမှုနောက်ကွယ်မှအကြောင်းရင်းအား ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက် ဖြစ်သည်ဟု al-Shabab အဖွဲ့က ဝန်ခံထားသည်။ (Xinhua)

——————————-
(English Version)
At least 10 killed in car bombing in Somalia
MOGADISHU, Jan. 12 (Xinhua) — At least ten people including five soldiers were killed and nine others wounded in a suicide car bombing in the Somali capital, Mogadishu on Wednesday, officials said.
Deputy Governor of Banadir region, Ali Abdi Wardhere, who is in charge of security, said a suicide bomber targeted a security convoy along Mogadishu’s 21st October road near the heavily fortified international airport.
“The suicide car bomb attack left at least 10 people including five soldiers dead and others wounded. This is what we have for now and we don’t know who was the target,” Wardhere told journalists at the scene.
A plume of black smoke could be seen billowing from the scene and witnesses said a number of vehicles were destroyed by fire.
The deputy governor said that al-Shabab militants were behind the attack, saying the police are pursuing them and have also launched an investigation to establish the motive behind it.
Al-Shabab has claimed responsibility for the attack. ■
Photo 1 – Rescuers work at the scene of a suicide car bombing attack in Mogadishu, Somalia, on Jan. 12, 2022. At least ten people including five soldiers were killed and nine others wounded in a suicide car bombing in the Somali capital, Mogadishu on Wednesday, officials said. (Photo by Hassan Bashi/Xinhua)
Photo 2 – A security member checks a car at the scene of a suicide car bombing attack in Mogadishu, Somalia, on Jan. 12, 2022. At least ten people including five soldiers were killed and nine others wounded in a suicide car bombing in the Somali capital, Mogadishu on Wednesday, officials said. (Photo by Hassan Bashi/Xinhua)
Photo 3 – People gather at the scene of a suicide car bombing attack in Mogadishu, Somalia, on Jan. 12, 2022. At least ten people including five soldiers were killed and nine others wounded in a suicide car bombing in the Somali capital, Mogadishu on Wednesday, officials said. (Photo by Hassan Bashi/Xinhua)
Photo 4 – People gather at the scene of a suicide car bombing attack in Mogadishu, Somalia, on Jan. 12, 2022. At least ten people including five soldiers were killed and nine others wounded in a suicide car bombing in the Somali capital, Mogadishu on Wednesday, officials said. (Photo by Hassan Bashi/Xinhua)
Photo 5 – People gather at the scene of a suicide car bombing attack in Mogadishu, Somalia, on Jan. 12, 2022. At least ten people including five soldiers were killed and nine others wounded in a suicide car bombing in the Somali capital, Mogadishu on Wednesday, officials said. (Photo by Hassan Bashi/Xinhua)