Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံတွင် Down Syndrome ရောဂါရှိသူများက ပထမဆုံး ကော်ဖီဆိုင်လေး ဖွင့်လှစ်

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်ရှိ Sucette ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် ဒေါင်းရောဂါလက္ခဏာ (Down Syndrome) ရှိသော ဆီးရီးယားလူငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

လိမ္မော်ရောင်အနားကွပ်ထားသော အညိုရောင် တူညီဝတ်စုံများအား ဦးထုပ်များဖြင့် တွဲဖက်ဝတ်ဆင်လျက် ဒေါင်းရောဂါလက္ခဏာရှိသော (Down Syndrome) ဆီးရီးယား လူငယ်များစွာသည် Sucette ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် စားပွဲများအကြား ကူးလူးသွားလာရင်း ဝန်ဆောင်မှုပေးနေကြသလို အချို့မှာ ဘား (bar) အနောက်ဘက်၌ မတ်တပ်ရပ်လျက် စားစရာများနှင့် အဖျော်ယမကာများ ပြင်ဆင်နေကြသည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်ရှိ Sucette ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် ဒေါင်းရောဂါလက္ခဏာ (Down Syndrome) ရှိသော ဆီးရီးယားလူငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်ရှိ Sucette ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် ဒေါင်းရောဂါလက္ခဏာ (Down Syndrome) ရှိသော ဆီးရီးယားလူငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်ရှိ Sucette ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် ဒေါင်းရောဂါလက္ခဏာ (Down Syndrome) ရှိသော ဆီးရီးယားလူငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်ရှိ Sucette ဟု အမည်ပေးထားသော ကော်ဖီဆိုင်တွင် ဒေါင်းရောဂါလက္ခဏာ (Down Syndrome) ရှိသော ဆီးရီးယားလူငယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဆိုင်လေးမှာ ဒေါင်းရောဂါလက္ခဏာရှိသော လူငယ် ၂၀ ဦးက ဦးဆောင်လုပ်ကိုင်သော ဆီရီးယားနိုင်ငံ၏ ပထမဆုံး ကော်ဖီဆိုင်လေးဖြစ်သလို မြို့တော် ဒမတ်စကပ်ရှိ Tishreen ပန်းခြံတွင် ဆိုင်ဖွင့်လှစ်ထားပါသည်။

ထိုစားပွဲထိုးယောကျ်ားလေးများနှင့် စားပွဲထိုးမိန်းကလေးများသည် ကော်ဖီဆိုင်တွင် ပျော်ရွှင်ချမ်းမြေ့မှုကို ဖန်တီးထားပြီး ဝန်ဆောင်မှုကောင်းကိုသာမက စားသုံးသူများ၏ လက်ခုပ်သံများနှင့် ချီးကျူးဂုဏ်ပြုသံများကြားတွင် ဂီတ တီးခတ်ခြင်းနှင့် ကခုန်ခြင်းများကိုပါ ဖျော်ဖြေတင်ဆက်လျက်ရှိသည်။

Sucette ၏ စိတ်ကူးအကြံဉာဏ်သည် ဒေါင်းရောဂါလက္ခဏာရှိသူများအတွက် ပွဲများစီစဉ်ကျင်းပခြင်းများအနက် တစ်ခုဖြစ်သော လူသားချင်းစာနာထောက်ထားမှု စီမံကိန်းများစွာ ဆောင်ရွက်နေသည့် ဒေသခံ လှူဒါန်းမှုအဖွဲ့တစ်ခုဖြစ်သော Juzour အသင်းမှ ကနဦးဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်က Juzour အသင်းသည် ဒေါင်းရောဂါလက္ခဏာရှိသူများအား တစ်လတာငှားရမ်းကာ လုပ်ငန်းလည်ပတ်ရန် စတင်ကြိုးစားခဲ့ခြင်းဖြစ်ပြီး ယင်းမှာ Sucette မည်သို့ဖြစ်ပေါ်လာခြင်း၏ အုတ်မြစ်တစ်ခု ဖြစ်ပေသည်။

၎င်းစီမံကိန်းသည် ဒေါင်းရောဂါလက္ခဏာရှိသူများ၏ သမားရိုးကျပုံစံကို ချိုးဖျက်ကာ သာမန်လူများနှင့် ဆက်သွယ်ပြောဆိုရာတွင် ကူညီပေးနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အသင်း၏ အလုပ်အမှုဆောင်ဥက္ကဋ္ဌ Kholoud Rajab က ဆင်ဟွာသို့ ပြောခဲ့သည်။

လက်ရှိအချိန်အထိ Sucette တွင် ဒေါင်းရောဂါလက္ခဏာရှိသူ ၂၀ ဦးနှင့် သာမန်လူ ၁၀ ဦး အလုပ်လုပ်ကိုင်လျက်ရှိပြီး စီမံကိန်း၏ အဓိပ္ပါယ်မှာ ကော်ဖီဆိုင်ဖွင့်ခြင်း မည်ကာမတ္တထက် ပို၍နက်ရှိုင်းကြောင်း Rajab က ဖြည့်စွက်ပြောခဲ့သည်။

“Sucette က ကော်ဖီဆိုင်ဆိုတာထက် ပိုပါတယ်။ ဒါက လူမှုအသိုင်းအဝိုင်းက အထူးဂရုစိုက်ခံလူအုပ်စုကို ပေါင်းစည်းပေးသွားမှာဖြစ်ပြီး သူတို့တွေကို ကျွန်မတို့တွေက လက်ခံခွင့်ပြုပေးဖို့ စိတ်ကူးအကြံဉာဏ်ပါပဲ” ဟု ၎င်းက ပြောခဲ့သည်။

ကော်ဖီဆိုင်အတွင်း စားသုံးသူများထံ အမှာစာများ ကောက်ယူခြင်းဖြင့် အလုပ်များနေသော စားပွဲထိုး ၂၀ ဦးအနက် တစ်ဦးဖြစ်သည့် Muhannad Saleh က ၎င်း၏ အလုပ်အသစ်မှာ ပျော်ရွှင်နေကြောင်း ဆင်ဟွာသို့ ပြောခဲ့သည်။

လစာရရှိရန် အလုပ်ကြိုးစားလုပ်ကိုင်ရသည့် အကြံကို ၎င်းအနေဖြင့် နှစ်သက်ကြောင်း၊ ယင်းအချက်က ၎င်းအားတန်ဖိုးရှိသူတစ်ဦး ဖြစ်လာစေရန် ၎င်းကိုယ်တိုင်လုပ်ဆောင်နိုင်ခြင်း၏ သက်သေဖြစ်ကြောင်း Saleh က ပြောခဲ့သည်။

“ကျွန်တော် ဒီမှာအလုပ်လုပ်ရတာ ပျော်တယ်။ အားလုံး ပြည့်စုံတယ်။ ကျွန်တော်လုပ်နိုင်တဲ့ အရာအားလုံး စားသုံးသူတွေကို ဝန်ဆောင်မှုပေးတယ်” ဟု လူငယ်လေးက ဆိုသည်။

ဒေါင်းရောဂါလက္ခဏာရှိသူ မိန်းကလေးငယ်တစ်ဦးဖြစ်သည့် Rehab Qattan အတွက်မူ အိမ်တွင်နေပြီး ဘာမမျှမလုပ်ရဘဲ ပျင်းရိနေရသောနေ့ရက်များ ကုန်လွန်သွားပြီဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်မက အိမ်မှာနေရတာကို စိတ်ကုန်နေတာ” ဟု ၎င်းက ဆိုသလို Sucette မှာ အလုပ်လုပ်နေရခြင်းက ပျော်ရွှင်မှု၏ အရင်းအမြစ်ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

————————————
(English Version)
Syria opens 1st cafe run by people with Down Syndrome
2021-08-22 23:21:48
DAMASCUS, Aug. 22 (Xinhua) — Wearing brown uniforms with orange rims and matching hats, several young Syrians with Down Syndrome served between the tables, while some others stood behind a bar, preparing food and beverage at the cafe called Sucette.
This is Syria’s first cafe run by 20 people with Down Syndrome, which was set up at the Tishreen park in the capital Damascus.
These waiters and waitresses created a good vibe at the cafe, not only by providing good service but also by playing music and dancing amid the claps and cheering of the customers.
The idea of Sucette was initiated by the Juzour Association, a local charitable organization that runs several humanitarian projects, one of which is organizing events for people with Down Syndrome.
Last year, the Juzour Association began to try running a restaurant, which hired people with Down Syndrome, for one month. It turned out to be a success, and that is the foundation of how Sucette came into being.
Kholoud Rajab, board chairman of the association, told Xinhua that the project is aiming at breaking the stereotype about people with Down Syndrome and helping these people interact with normal people.
As of now, 20 people with Down Syndrome and 10 normal people are currently working at Sucette, Rajab said, adding that the meaning of the project goes far deeper than merely setting up a cafe.
“Sucette is more than a cafe. It is an idea that will integrate the special group in the society and allow them to accept us as well,” she said.
Being busy taking orders from customers flocking into the cafe, Muhannad Saleh, one of the 20 waiters, told Xinhua that he was happy in his new job.
Saleh said that he loves the idea of working hard to get salary, which makes him prove himself to be of value.
“I am happy to work here and everything is perfect. I serve customers with everything I can,” the young man said.
For Rehab Qattan, a young girl with Down Syndrome, gone are the days of staying home doing nothing and feeling bored.
“I have been fed up with staying at home,” she said, adding that working at Sucette is a source of happiness for her. ■
1- 5- Young Syrians with Down Syndrome work at a cafe called Sucette in the capital Damascus on Aug. 21, 2021. (Photo by Ammar Safarjalani/Xinhua)