Connect with us

North America

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်၌ ဆိုးရွားသောရေကြီးမှုကြောင့် သေဆုံးသူစုစုပေါင်း ၁၅ ဦးအထိ မြင့်တက်လာ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့၌ ရေကြီးမှုကြောင့်နစ်မြုပ်နေသော မော်တော်ကားများအား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၂၂ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံတောင်ပိုင်း တင်နက်ဆီပြည်နယ်၊ Humphreys ကောင်တီ၌ သြဂုတ် ၂၁ ရက်တွင် ရေကြီးမှုဖြစ်ပွားပြီးနောက် လူ ၃၀ခန့် ပျောက်ဆုံးနေပြီး သေဆုံးသူစုစုပေါင်း ၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၂၂ ရက်တွင်ပြောသည်။
ငါးဦးထက်မနည်း ပျောက်ဆုံးနေသူများမှာ ကလေးများဖြစ်ကြောင်း Humphreys ကောင်တီမှ အရာရှိ Chris Davis က CNN နှင့်မိတ်ဖက်ဖြစ်သော WSMV နှင့် ဩဂုတ် ၂၂ ရက်က တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက သေဆုံးသူများတွင် လမ်းလျှောက်တတ်ခါက ကလေးနှစ်ဦးလည်း ပါဝင်ကြောင်း CNN သို့ပြောကြားခဲ့သည်။
ပျောက်ဆုံးနေသူများမှာ ရေမြင့်တက်မှုကြောင့် အကြီးအကျယ်ထိခိုက်ခဲ့ရသည့် ယင်းကောင်တီအတွင်းမှ ဖြစ်ကြောင်း Davis ကဆိုသည်။
Nashville ရှိ အမျိုးသားမိုးလေဝသဌာန ၏အဆိုအရသြဂုတ် ၂၁ ရက်တွင် McEwen ၌ မိုးရေချိန် ၁၇ လက်မကျော် တိုင်းတာရရှိခဲ့ပြီး ပြည်နယ်၌ ၂၄ နာရီအတွင်း မိုးရွာသွန်းမှု စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Death toll rises to 15 after severe floods in U.S. Tennessee
WASHINGTON, Aug. 22 (Xinhua) — The death toll has risen to 15 with about 30 people still missing in Humphreys County in the southern U.S. state of Tennessee after severe floods hit the area on Saturday, authorities said on Sunday.
Humphreys County Sheriff Chris Davis told CNN affiliate WSMV in an interview on Sunday that at least five of the missing are children. He told CNN on Saturday that two toddlers were among the dead.
The missing are largely from an area of the county that was most heavily impacted by the rising water levels, Davis said.
According to the National Weather Service in Nashville, more than 17 inches of rain was measured in McEwen on Saturday, possibly setting a new state record for 24-hour rainfall. Enditem