Connect with us

Politics, Law & Military

တရုတ်ကွန်မြူနစ်ပါတီ(CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အနုပညာဖျော်ဖြေပွဲကျင်းပ

တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှစ် ၁၀၀ ပြည့် ဂုဏ်ပြု အနုပညာ ဖျော်ဖြေပွဲသို့ တရုတ်ကွန်မြူနစ်ပါတီနှင့်နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့်အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့်တက်ရောက်အားပေးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC) တည်ထောင်ခြင်းနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြု အနုပညာ ဖျော်ဖြေပွဲကို ပေကျင်းမြို့တော်၌ တနင်္လာနေ့ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။အမျိုးသားအားကစားရုံတွင်ကျင်းပသည့် ယင်းအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီနှင့်နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့်အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့်တက်ရောက်၍ “ မဟာခရီးရှည်”ယဉ်ကျေးမှု အနုပညာဖျော်ဖြေပွဲကို အားပေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှစ် ၁၀၀ ပြည့် ဂုဏ်ပြု အနုပညာ ဖျော်ဖြေပွဲသို့ တရုတ်ကွန်မြူနစ်ပါတီနှင့်နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့်အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့်တက်ရောက်အားပေးစဉ်(ဆင်ဟွာ)

ဒေသစံတော်ချိန် ည ၇ နာရီ ၅၇ မိနစ်တွင် ရှီ နှင့်အတူ အခြားသော တရုတ်နိုင်ငံခေါင်းဆောင်များသည် လျှောက်လမ်းမှတဆင့် ဧည့်သည်တော်ထိုင်ခုံနေရာသို့ ဝင်ရောက်လာခဲ့ရာ တက်ရောက်လာသော ဧည့်ပရိသတ်များက လက်ခုပ်တီး၍ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့ပြင် အားကစားရုံပြင်ပတွင်လည်း ကောင်းကင်ယံသို့ မီးရှူးမီးပန်းများ ပစ်လွှတ်၍ နှစ် ၁၀၀ ပြည့် ဆိုသည့်စကားလုံးကို သရုပ်ဖော်ခဲ့ကြပြီး အနုပညာတင်ဆက်မှု အခမ်းအနား လိုက်ကာကိုလည်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီနှစ် ၁၀၀ ပြည့် ဂုဏ်ပြု အနုပညာ ဖျော်ဖြေပွဲသို့ တရုတ်ကွန်မြူနစ်ပါတီနှင့်နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့နှင့်အတူ ဧည့်ပရိသတ် ၂၀,၀၀၀ ခန့်တက်ရောက်အားပေးစဉ်(ဆင်ဟွာ)

အဆိုပါ အနုပညာဖျော်ဖြေပွဲကို အပိုင်း ၄ ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ (CPC) ဦးဆောင်မှုအောက်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကာလအတွင်း တရုတ်နိုင်ငံသားများမည်ကဲ့သို့ တော်လှန်ရေးဆင်နွှဲခဲ့ကြပုံ ၊ တည်ဆောက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့ပုံများကို ထည့်သွင်းတင်ဆက်ထားသည်။

၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားကွန်ဂရက် အစပြုချိန်ကတည်းက ရဲဘော်ရှီကျင့်ဖိန် နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် ဆိုရှယ်လစ်စနစ်နှင့်အတူ တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာဖြင့် ခေတ်သစ်တစ်ခုဆီသို့ ဝင်ရောက်သွားခဲ့ပြီး တရုတ်နိုင်ငံသည် ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီးတစ်ခုကို အပြည့်အဝတည်ဆောက်ရန် ခရီးသစ်တစ်ခုကို အစပြုလိုက်ခြင်းဖြစ်သည်။

ယင်းဖျော်ဖြေပွဲပြီးဆုံးသွားပြီးနောက်တွင် အခမ်းအနား တက်ရောက်လာသူအားလုံးက “ တရုတ်ကွန်မြူနစ်ပါတီမရှိဘဲ တရုတ်နိုင်ငံသစ်ဖြစ်လာမည်မဟုတ်” ဟူသော တေးသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။
ပေကျင်းမြို့တွင်ရောက်ရှိနေကြသည့် အရေးကြီးသောနိုင်ငံရပ်ခြားမှ မိတ်ဆွေသင်္ဂဟများ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ သံတမန်များ နှင့် ကိုယ်စားလှယ်တော်ကြီးများ နှင့် နိုင်ငံခြားကျွမ်းကျင်ပညာရှင်များကလည်း ယင်းအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

China holds art performance to celebrate CPC centenary

BEIJING, June 28 (Xinhua) — An art performance was held in Beijing on Monday evening in celebration of the 100th anniversary of the founding of the Communist Party of China (CPC).

Party and state leaders Xi Jinping, Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji, Han Zheng and Wang Qishan joined about 20,000 people to watch the performance, titled “The Great Journey,” at the National Stadium.

At around 7:57 p.m., Xi and other Chinese leaders walked onto the rostrum, waving to the people amid applause and cheers.

With fireworks rocketing into the sky, displaying the number 100 over the stadium, the performance unveiled its curtain.The epic show, divided into four parts, depicted how the Chinese people, under the leadership of the CPC, have carried out revolution, construction and reform over the past 100 years.

It extolled the fact that under the strong leadership of the CPC Central Committee with Comrade Xi Jinping at its core since the 18th CPC National Congress, socialism with Chinese characteristics has entered a new era, and China is embarking on a new journey of fully building a modern socialist country.After the performance, all the audience rose to chorus the song “Without the Communist Party, There Would Be No New China.”

Important foreign friends, diplomatic envoys and representatives of international organizations in Beijing, and foreign experts were also invited to the event.

Photo – An art performance was held in Beijing on Monday evening in celebration of the 100th anniversary of the founding of the Communist Party of China (CPC). Party and state leaders Xi Jinping, Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji, Han Zheng and Wang Qishan joined about 20,000 people to watch the performance, titled “The Great Journey,” at the National Stadium. (Xinhua/Ju Peng)