Connect with us

Economy

တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော် e-commerce ရှေ့ပြေးဇုန်များ တက်ကြွစွာ တိုးချဲ့ဆောင်ရွက်ချက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ မြို့တော် ပေကျင်း ဆွန်းယီခရိုင်ရှိ ထျန်ကျူး ဘက်စုံချိတ်ဆက်ဇုန်ရှိ နယ်စပ်ဖြတ်ကျော် e-commerce အတွက် ဆေးဝါးသွင်းကုန်ဂိုဒေါင်အတွင်းပိုင်း မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က နိုင်ငံခြားကုန်သွယ်ရေးတွင် ဈေးကွက်ယှဉ်ပြိုင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဖြတ်ကျော် e-commerce ဆိုင်ရာ ရှေ့ပြေးဇုန်များ တက်ကြွစွာ ချဲ့ထွင်သွားရန် ဇူလိုင် ၁၂ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။အချို့မြို့များသည် ရှေ့ပြေးဇုန်သစ်များ တည်ထောင်ရေးအတွက် နိုင်ငံတော်ကောင်စီသို့ လျှောက်လွှာများ တင်သွင်းထားကြောင်းနှင့် MOC အနေဖြင့် ဆက်စပ်သော လုပ်ငန်းများ ဆောင်ရွက်သွားရေးအတွက် နှီးနွယ်သောဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Ren Hongbin က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

MOC အနေဖြင့် နယ်စပ်ဖြတ်ကျော် e-commerce ဉာဏမူပိုင်ခွင့် ကာကွယ်ရေးအတွက် လမ်းညွှန်ချက်များ ဖော်ထုတ်ရန်၊ နယ်စပ်ဖြတ်ကျော် e-commerce လက်လီ တင်သွင်းကုန်များစာရင်း သင့်တင်အောင်ဆောင်ရွက်ရန်နှင့် နယ်စပ်ဖြတ်ကျော် e-commerce သွင်းကုန်နှင့် ပို့ကုန် စီမံခန့်ခွဲမှု ပြန်လည်လက်ခံရေးနှင့် ဖလှယ်ရေး လွယ်ကူစေရန်လည်း ကတိပြုထားခဲ့သည်။

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce သည် နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းထက် ပိုမိုသွက်လက်စွာ တိုးချဲ့လျက်ရှိကြောင်းနှင့် နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းရှိ ၎င်း၏ ဝေစုမှာ သိသိသာသာ မြင့်တက်လျက်ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီသည် အုပ်စုငါးခုတွင် နယ်စပ်ဖြတ်ကျော် e-commerce ရှေ့ပြေးဇုန် ၁၀၅ ခု တည်ထောင်လျက်ရှိကြောင်း၊ စီးပွားလုပ်ငန်းပုံစံအသစ်မှာ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တိုးတက်ရေး မောင်းနှင်ရာတွင် အားမာန်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce သွင်းကုန်နှင့် ပို့ကုန်များသည် ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ၁.၆၉ ထရီလီယံသို့ ရောက်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် ၃၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် e-commerce မှာလည်း ၁၀ ဆနီးပါး တိုးတက်လာခဲ့ကြောင်း Ren က ပြောခဲ့သည်။ (Xinhua)

———————————————
(English Version)

China to actively expand cross-border e-commerce pilot zones: MOC

BEIJING, July 12 (Xinhua) — China’s Ministry of Commerce (MOC) on Monday pledged to actively expand the integrated pilot zones for cross-border e-commerce to cultivate new competitive edges in foreign trade.

Some cities have submitted applications to the State Council for the establishment of new pilot zones and the MOC will join relevant departments in carrying out related work, Ren Hongbin, assistant minister of commerce, told a press conference.

The MOC also promised to formulate guidelines for the protection of cross-border e-commerce intellectual property rights, optimize the list of cross-border e-commerce retail imports, and facilitate the return and exchange management of cross-border e-commerce import and export.

China’s cross-border e-commerce has been expanding much faster than overall foreign trade, and its share in overall foreign trade has gone up significantly.
Since 2015, China’s State Council has established 105 cross-border e-commerce pilot zones in five batches. The new business model has become a vibrant force driving China’s foreign trade growth.

China’s cross-border e-commerce imports and exports reached 1.69 trillion yuan (about 260.9 billion U.S. dollars) in 2020, up 31.1 percent year on year. Over the past five years, China’s cross-border e-commerce has grown by nearly 10 times, according to Ren. ■

Photo : Two workers walk inside a warehouse of imported medicine for cross-border e-commerce in Tianzhu comprehensive bonded zone in Shunyi District, Beijing, capital of China, on March 12, 2021. (Xinhua/Ren Chao)