Connect with us

Africa & Middle East

တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးကို တူနီးရှားနိုင်ငံ၌ ဈေးကွက်တင်သွင်းရန် ခွင့်ပြု

တူနီးရှားနိုင်ငံ တူးနစ်မြို့ရှိ ကာကွယ်ဆေးထိုးနှံသည့် နေရာတစ်ခု၌ ဇွန် ၂၆ ရက်က ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

တူးနစ် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

တူနီးရှားနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးကို ဈေးကွက်တင်သွင်းရန် တရားဝင်အခွင့်ပြုပေးခဲ့ကြောင်း တူနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ကြေညာခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာနသည် တူနီးရှားနိုင်ငံ ဈေးကွက်တွင် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးအား ချွင်းချက် နှင့် ယာယီဈေးကွက်တင်သွင်းခြင်းကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ဈေးကွက်တင်သွင်းခွင့်အတွက် ရောဂါဗေဒ ၊ ဆေးဝါးဗေဒ နယ်ပယ်ရှိ အထူးပြုကော်မတီ နှင့် ဆေးဝါးအထူးပြုဆိုင်ရာနည်းပညာကော်မတီတို့မှ ယင်းကိစ္စရပ်အပေါ် အကဲဖြတ်ပြီးနောက် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

တူနီးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုကို မတ် ၁၃ ရက်တွင် စတင်ခဲ့ချိန်မှစ၍ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားသူ ၆၃၁,၀၈၃ ဦးနှင့်အတူ ကာကွယ်ဆေး ထိုးနှံထားသူပေါင်း ၂,၁၅၆,၂၄၀ ဦး ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နောက်ဆုံးကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

———————————————
(English Version)

China’s Sinopharm COVID-19 vaccine approved for marketing in Tunisia

TUNIS, July 12 (Xinhua) — Tunisian Ministry of Health announced on Monday that China’s Sinopharm COVID-19 vaccine has been officially approved for marketing in Tunisia.

“The Ministry of Health has granted an exceptional and provisional marketing authorization in the Tunisian market for China’s Sinopharm COVID-19 vaccine,” said a ministry statement.

“The marketing authorization was granted after the issue was evaluated by the specialized committee in the field of virology, toxicology and the Technical Committee for Pharmaceutical Specialties,” it added.

Since the start of the national vaccination campaign against the coronavirus on March 13, a total of 2,156,240 people have received the vaccines, with 631,083 taking two doses, according to the latest figures published by the ministry. Enditem

Photo – Medical workers administer the COVID-19 vaccine to people at a vaccination site in Tunis, Tunisia, on June 26, 2021. Since the start of the nationwide vaccination campaign against coronavirus on March 13, a total of 1,705,657 people have received the vaccines, with 476,013 taking both doses, according to the latest figures published by Tunisian Health Ministry. (Photo by Adel Ezzine/Xinhua)