Connect with us

China

တရုတ်နိုင်ငံက နှင်းမုန်တိုင်း ကျဆင်းမှုအတွက် အဝါရောင် သတိပေးချက် ထုတ်ပြန်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်၊ လွမ်ဖိန်ခရိုင်နှင့် တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့ မီယွန်ခရိုင် နယ်စပ်ဧရိယာရှိ မဟာတံတိုင်းကြီးတွင် နှင်းများဖုံးလွှမ်းနေသည့် ဝန့်ကျင်လို ပေကျင်းရှုမျှော်စင် အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အချို့သော ဒေသများတွင် နှင်းများထူထပ်စွာ ကျဆင်းမှုအတွက် မိုးလေဝသ အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင် အဝါရောင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံမြို့တော် ပေကျင်းရှိ Beihai ပန်းခြံ၌ ဆီးနှင်းများကျနေသော သဘာဝရှုခင်းအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇန်နဝါရီ ၂၈ ရက် နံနက်မှ ဇန်နဝါရီ ၂၉ ရက် နံနက်အထိ နှင်းမုန်တိုင်းကြောင့် ဟဲပေပြည်နယ် ၊ ကွေ့ကျိုးပြည်နယ်၊ ဟူနန်ပြည်နယ်၊ကျန်းရှီးပြည်နယ်၊ အန်းဟွေးပြည်နယ် နှင့် ကျဲ့ကျန်းပြည်နယ်ရှိ နေရာများတွင် နှင်းမုန်တိုင်းများ ကျရောက်ဖွယ်ရှိပြီး ဆီးနှင်းထုမှာ ၄ စင်တီမီတာ မှ ၈ စင်တီမီတာအထိ ရှိနိုင်ကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောကြားခဲ့သည်။
အချို့နေရာများတွင် နှင်းမုန်တိုင်းများကြောင့် ဆီးနှင်းထု ၁၅ စင်တီမီတာအထိ ကျဆင်းနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားသည်။
ဒေသခံများအနေဖြင့် အိမ်ထဲတွင် နေထိုင်ရန် ဌာနက ညွှန်ကြားထားပြီး လမ်းများ၊ မီးရထားလမ်းများ၊ လျှပ်စစ်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ပစ္စည်းများနှင့်ပတ်သက်၍ သတိပြုကြရန် ဒေသအာဏာပိုင်များက တိုက်တွန်းထားသည်။
တရုတ်နိုင်ငံတွင် မိုးလေဝသသတိပေးစနစ်အား အရောင်များဖြင့် အဆင့် ၄ ဆင့် သတ်မှတ်ထားပြီး အနီရောင်သည် အပြင်းထန်ဆုံးဖြစ်ကြောင်း၊ ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ အဆင့်ဆင့် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
China issues yellow alert for blizzard
BEIJING, Jan. 28 (Xinhua) — China’s meteorological authorities on Friday issued a yellow alert for heavy snow in some regions of the country.
From Friday morning to Saturday morning, snowstorms are likely to hit parts of Hubei, Guizhou, Hunan, Jiangxi, Anhui and Zhejiang, with 4 to 8 centimeters of snowfall expected, said the National Meteorological Center.
In some areas, snowstorms are expected to drop 15 centimeters of snow, the meteorological center warned.
It advised residents to stay indoors and urged local authorities to take precautions involving roads, railways, electricity and telecommunications.
China has a four-tier color-coded weather warning system, with red representing the most severe, followed by orange, yellow and blue. Enditem
(1) Photo taken on Jan. 22, 2022 shows the snow-covered Wangjinglou section of the Great Wall in the border area between Luanping County in north China’s Hebei Province and Miyun District of Beijing, capital of China. (Xinhua/Chen Yehua)
(2) Photo taken on Jan. 22, 2022 shows the snow scenery at Beihai Park in Beijing, capital of China. (Xinhua/Luo Xiaoguang)