Connect with us

China

တရုတ်နိုင်ငံက ပြည်ပတွင် စီမံကိန်းများတည်ဆောက်နေခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဖြစ် ၊ ဗိုလ်ကျစိုးမိုးရန် မဟုတ်ဟု လေ့လာသူသုံးသပ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ Yuanjiang မြစ်ကူးတံတားပေါ်တွင် တရုတ်-လာအို ရထားလမ်းပိုင်းပေါ်တွင် လျှပ်စစ်ကျည်ဆန်ရထား ဖြတ်သန်းသွားလာနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပြည်ပနိုင်ငံများ၌ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ဗိုလ်ကျစိုးမိုးရန် အားထုတ်ကြံရွယ်ခြင်းမဟုတ်ကြောင်း ၊ သို့သော် ပြောင်းလဲနေသည့်ကမ္ဘာကြီးတွင် တိုးတက်ဖြစ်ထွန်းမှုလမ်းကြောင်းအား ဆုပ်ကိုင်ခြင်းကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း ဗြိတိန်စာရေးဆရာ နှင့် လေ့လာသုံးသပ်သူ Tom Fowdy က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏ စစ်ရေးတည်ရှိမှုအပေါ်တွင် အာရုံစိုက်ပြီး နိုင်ငံ ၈၀ ကျော်တွင် အခြေစိုက်စခန်း ၇၅၀ ပိုင်ဆိုင်ထားကြောင်း “အမေရိကန်နိုင်ငံက ကမ္ဘာတစ်ဝှမ်းတွင် စစ်အခြေစိုက်စခန်းများတည်ဆောက်နေသည်။တရုတ်နိုင်ငံက စီးပွားရေးတစ်ခုတည်း လုပ်ဆောင်နေသည်”ဟုသော ခေါင်းစဉ်ဖြင့် ရုရှားရုပ်သံလွင့်ဌာန RT ၏ မကြာသေးမီက ထုတ်လွှင့်သည့် Fowdy ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက်(BRI)အောက်တွင် ဥရောပ နှင့် အာဖရိကရှိ နိုင်ငံများစွာနှင့် ပူးပေါင်းဆောင်ရွက်မှုသည် နက်ရှိုင်းလာကြောင်း အရှေ့အာရှရေးရာ အဓိကထားပြီး နိုင်ငံရေး နှင့် နိုင်ငံတကာဆက်ဆံရေး လေ့လာသုံးသပ်သူ Fowdy က ပြောကြားခဲ့သည်။
“ တွန့်ဆုတ်တွေဝေမှုမရှိတဲ့ ကြီးမားတဲ့ မဟာဗျူဟာ ရည်မှန်းချက်နဲ့အတူ အနောက်တိုင်းမဟုတ်တဲ့နိုင်ငံတွေနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ခိုင်မာတောင့်တင်းလာခဲ့ပြီး ၎င်းတို့ဟာ ရပ်ဝန်းနဲ့ပိုးလမ်းမ အဆိုပြုချက်(BRI)အတွင်းမှာ ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းလာခဲ့ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ရေးသားဖော်ပြထားသည်။ (Xinhua)

——————————-
(English Version)
China builds overseas projects for economic growth, not hegemony: analyst
MOSCOW, Jan. 12 (Xinhua) — China’s economic footprints in foreign countries are not designed to pursue hegemony, but to “maintain its growth trajectory in a changing world,” British writer and analyst Tom Fowdy has said.
The United States focuses on its military presence across the world, owning 750 bases in more than 80 countries, Fowdy wrote in an article, titled “America builds military bases around the world. China builds economic ones,” published by Russian broadcaster RT recently.
Fowdy, a political and international relations analyst with a primary focus on East Asia, said China has deepened its partnerships with many countries in Europe and Africa under the Belt and Road Initiative (BRI).
“Deeper incorporation into the BRI follows the pattern of China cementing its ties with non-Western nations with greater strategic ambition and less hesitation,” he wrote. ■
Photo – An electric multiple unit (EMU) train of the China-Laos Railway crosses a major bridge over the Yuanjiang River in southwest China’s Yunnan Province, Dec. 3, 2021. (Xinhua/Wang Guansen)