Connect with us

Asia

တရုတ်နိုင်ငံက မလေးရှားနိုင်ငံသို့ နောက်ထပ် Sinovac ကာကွယ်ဆေး အကြိမ်ရေ တစ်သန်းစာ ထပ်မံလှူဒါန်းမည်

ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက မလေးရှားနိုင်ငံသို့ နောက်ထပ် Sinovac ကာကွယ်ဆေး အကြိမ်ရေ တစ်သန်းစာ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း The Malaysia Reserve အင်တာနက် သတင်းစာမျက်နှာက နိုဝင်ဘာ ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Saifuddin Abdullah က ပြောကြားရာတွင် လက်ရှိအချိန်ထိ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)သို့ Sinovac ကာကွယ်ဆေး အကြိမ်ရေ ၂၈ သန်းစာ လှူဒါန်းပေးထားပြီးဖြစ်ကြောင်းနှင့် ယင်းတို့အနက် မလေးရှားနိုင်ငံအတွက် အကြိမ်ရေ ၅၀၀,၀၀၀ စာပါဝင်ခဲ့ကြောင်း ဆိုသည်။

ကာကွယ်ဆေးထောက်ပံ့မှုတွင် ထိပ်ဆုံး၌ ရပ်တည်နေသော တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများအား ၎င်း၏ အများပြည်သူကျန်းမာရေး နှင့် ဆေးဘက်ဆိုင်ရာစွမ်းဆောင်ရည်များ အတွက် နည်းပညာပိုင်း ၊ အတွေ့အကြုံ နှင့် ဉာဏမူပိုင်ခွင့်များကိုလည်း ထောက်ပံ့ကူညီပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

“ ဒါဟာ အာဆီယံကို သူ့ရဲ့ ပြည်သူ့ကျန်းမာရေးစနစ်မြှင့်တင်ဖို့နဲ့ အနာဂတ်ကျန်းမာရေး အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းတိုးမြှင့်ဖို့ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၂၂ ရက်က အွန်လိုင်းမှတဆင့်ကျင်းပသည့် အာဆီယံ-တရုတ် အထူးထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Abdullah က သတင်းထောက်များအားပြောကြားခဲ့သည်။(Xinhua)

…………………………………………
(English Version)

China to donate another 1 mln Sinovac vaccines to Malaysia

KUALA LUMPUR, Nov. 23 (Xinhua) — China will donate another 1 million doses of the Sinovac vaccine to Malaysia, The Malaysia Reserve reported Tuesday.

Malaysian Foreign Minister Saifuddin Abdullah was quoted as saying that China has so far donated 28 million doses of the Sinovac vaccine to ASEAN (the Association of Southeast Asian Nations) countries, among which 500,000 were for Malaysia.

On top of additional vaccines, China will also help ASEAN bolster its public health and pharmaceutical capabilities through the sharing of technology, expertise and intellectual property, the report said.

“This will help ASEAN strengthen its public health system and increase preparedness to address future health emergencies,” Abdullah told a press conference after the virtual ASEAN-China Special Summit on Monday. Enditem
People wearing face masks walk on a street near the Petronas Twin Towers in Kuala Lumpur, Malaysia, July 13, 2021. Photo by Chong Voon Chung/Xinhua