Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံထံ သန်းနှင့်ချီ၍ တန်ဖိုးရှိသော ထောက်ပံ့မှုများ ပေးအပ်ရန်ရှိ

ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာဖဂန်ပြည်သူများ၏ လိုအပ်ချက်များအရ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၀.၉၆ သန်း) တန်ဖိုးရှိသော ပြောင်းဆံများ၊ ဆောင်းတွင်းသုံး အထောက်အကူပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ဆေးဝါးများအား အာဖဂန်နစ္စတန်နိုင်ငံထံ အရေးပေါ်ပံ့ပိုးကူညီရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၈ ရက်က အာဖဂန်နစ္စတန်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပထမအကြိမ်အစည်းအဝေးကို ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်စဉ် ထိုသို့ကြေညာခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ပထမဆုံးအသုတ်အဖြစ် အာဖဂန်ပြည်သူများအား ကာကွယ်ဆေး ၃ သန်း လှူဒါန်းရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း၊ တရုတ်-တောင်အာရှနိုင်ငံများ အရေးပေါ်ထောက်ပံ့မှုများရန်ပုံငွေအရ အာဖဂန်နစ္စတန်နိုင်ငံထံ ကူးစက်ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်အရန်ထောက်ပံ့မှုများ ပိုမိုပံ့ပိုးပေးရန် အသင့်ရှိကြောင်းလည်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(English Version)

China to provide millions worth of supplies to Afghanistan

BEIJING, Sept. 8 (Xinhua) — China has decided to urgently provide 200 million yuan (30.96 million U.S. dollars) worth of grains, winter supplies, vaccines, and medicines to Afghanistan according to the needs of the Afghan people.

Chinese State Councilor and Foreign Minister Wang Yi made the announcement on Wednesday when attending the first meeting of foreign ministers of Afghanistan’s neighboring countries in Beijing via video link.

Wang said China has decided to donate 3 million vaccine doses to the Afghan people in the first batch. China is also ready to provide more anti-epidemic and emergency materials to Afghanistan under the China-South Asian Countries Emergency Supplies Reserve. Enditem

Photo : Chinese State Councilor and Foreign Minister Wang Yi attends the first meeting of foreign ministers of Afghanistan’s neighboring countries via video link in Beijing, capital of China, Sept. 8, 2021. (Xinhua/Li Xiang)