Connect with us

CHINA

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ ကာကွယ်ဆေးများ ၊ အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းမည်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဇွန် ၁၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၃ သန်းစာ ပထမအသုတ် လှူဒါန်းသွားမည် ဖြစ်ပြီး အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်တရုတ် သံတမန်တစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Hamid Karzai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၈ ရက်တွင် COVAX အစီအစဉ်ဖြင့် ရောက်ရှိလာသည့် COVID-19 ကာကွယ်ဆေးများအား တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဇွန် ၁၇ ရက်တွင် တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံရန် စောင့်ဆိုင်းနေသော ဒေသခံပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ ၊ တန်ဖိုး ယွမ်သန်း ၂၀၀ ရှိသော ဆေးဝါးများ နှင့် ဆောင်းရာသီအတွက် အစားအစာ ၊ ပစ္စည်းများ အရေးပေါ်ထောက်ပံ့ရန် ဆုံးဖြတ်ထားကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံမစ်ရှင်အကြီးအကဲ Chen Xu က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အနီးကပ်အိမ်နီးချင်းအဖြစ် အာဖဂန်နစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လွတ်လပ်မှု နှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အမြဲလေးစားကြောင်း ၊ ပြည်တွင်းရေးတွင် မစွက်ဖက်ရေးကို လိုက်နာပြီး အာဖဂန် ပြည်သူများအားလုံးအပေါ် ချစ်ကြည်ရင်းနှီးသည့် မူဝါဒကို လက်ကိုင်ပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အာဖဂန်ပြည်သူတွေရဲ့ ဆန္ဒနဲ့လိုအပ်ချက်တွေကို ဆက်လက်လေးစားသွားမှာပါ။ပြီးတော့ အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းစွာပြည်လည်တည်ဆောက်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးဖို့ အကောင်းဆုံး လုပ်သွားပါမယ်။”ဟု တရုတ်သံတမန်က အာဖဂန်နစ္စတန်နိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုအခြေအနေအပေါ် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများ သက်သာစေရေး နှင့် အာဖဂန်နစ္စတန်နိုင်ငံအား ချောမွေ့သည့် အသွင်ကူးပြောင်းမှု တစ်ခုရရှိစေရေး နှင့် အစောဆုံးအချိန်တွင် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ဦးတည်နိုင်ရေးကူညီရေးတို့တွင် ကုလသမဂ္ဂ၏ ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းအား တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ကုလသမဂ္ဂရဲ့ အလျှင်အမြန် မေတ္တာရပ်ခံချက်ကို ကြိုဆိုပါတယ်။ တစ်ဦးနှင့်တစ်ဦး ဖြည့်စွက်ခြင်းဖြင့် စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်ကနေ အာဖဂန်နစ္စတန်အရေးနဲ့ ဆက်စပ်တဲ့ အခြား ဘက်ပေါင်းစုံလုပ်ငန်းစဉ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ ကုလသမဂ္ဂကို ထောက်ခံပါတယ်။” တရုတ်သံတမန်က မှတ်ချက်ပြုခဲ့သည်။

လတ်တလောအခြေအနေများအောက်တွင် နိုင်ငံတကာအသိုင်းအဝိုင်းသည် အာဖဂန်နစ္စတန်နိုင်ငံသို့ အကူအညီများ ပိုမိုပေးအပ်ရန် လိုအပ်ကြောင်း ၎င်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နှင့် ၎င်း၏ မဟာမိတ်များသည် အာဖဂန်ပြည်သူများအား စီးပွားရေး ၊ သက်မွေးဝမ်းကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ပို၍ တာဝန်ရှိကြောင်း တရုတ်သံတမန်က ပြောကြားခဲ့သည်။

နောက်တစ်ကြိမ် အာဖဂန်နစ္စတန်နိုင်ငံ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေသည် အာဖဂန်နစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ ၊ လွတ်လပ်မှု နှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားခြင်းဖြင့်သာ အာဖဂန်ပြည်သူများ၏ ဆန္ဒကို လေးစားကြောင်း ပြသခြင်း ဖြစ်ကြောင်း ၊ အာဖဂန်ဦးဆောင်ပြီး အာဖဂန်ကိုယ်ပိုင်မူကို စောင့်ထိန်းခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းသော ပြည်လည်တည်ဆောက်ရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ အမှန်တကယ် ပါဝင်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————————-
(English Version)
China to donate COVID-19 vaccines to Afghanistan: diplomat
GENEVA, Sept. 13 (Xinhua) — China will donate, in the first batch, 3 million doses of COVID-19 vaccines to Afghanistan, with more emergency supplies to follow, a senior Chinese diplomat said here on Monday.
China has decided to urgently provide food, materials for winter, COVID-19 vaccines, and medicines worth 200 million yuan to Afghanistan, said Chen Xu, head of the Chinese Mission to UN at Geneva.
China has always respected the sovereignty, independence and territorial integrity of Afghanistan as its close neighbor, adhered to non-interference in its internal affairs and pursued a friendly policy towards all Afghan people, Chen said.
“China will continue to respect the Afghan people’s wish and needs, and do its best to support Afghanistan in its peaceful reconstruction and economic development,” the Chinese envoy told the High-level Ministerial Meeting on the Humanitarian Situation in Afghanistan.
Chen also said that China supports the UN in playing a bigger role in alleviating the humanitarian crisis in Afghanistan and helping Afghanistan achieve a smooth transition and embark on the path of peaceful development at an early date.
“China welcomes UN’s flash appeal for humanitarian assistance for Afghanistan, support UN to strengthen cooperation with other multilateral mechanisms related to the Afghanistan issue and form synergy by complementing each other,” he noted.
He told the meeting that under the current circumstances, the international community needs to step up assistance to Afghanistan.
The United States and its allies were more obligated to provide economic, livelihood and humanitarian assistance to the Afghan people, he said.
“The evolving situation of Afghanistan once again shows that only by respecting the sovereignty, independence and territory integrity of Afghanistan, respecting the will of the Afghan people, and adhering to the Afghan-led and Afghan-owned principle can the international community truly play a constructive role in Afghanistan’s peaceful reconstruction,” he said. Enditem
Photo 1 – A medical worker administers a dose of China’s Sinopharm COVID-19 vaccine in Kabul, capital of Afghanistan, June 17, 2021. (Xinhua/Rahmatullah Alizadah)
Photo 2 – Photo taken on March 8, 2021 shows COVID-19 vaccines from COVAX, an international program devised to help low and middle-income countries to have more access to COVID-19 vaccines, arriving at Hamid Karzai International Airport in Kabul, capital of Afghanistan. (Xinhua/Sayed Mominzadah)
Photo 3 – Local people wait to receive China’s Sinopharm COVID-19 vaccine in Kabul, capital of Afghanistan, June 17, 2021. (Xinhua/Rahmatullah Alizadah)