Connect with us

CHINA

တရုတ်နိုင်ငံက Delta မျိုးဗီဇပြောင်းပိုးအား ထိန်းချုပ်ရန် အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ ဇူလိုင် ၂၉ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကျောင်းသူတစ်ဦးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

အလွန်ကူးစက်မြန်သော Delta မျိုးဗီဇပြောင်းပိုးကြောင့် COVID-19 ရောဂါ နောက်ဆုံးပြန်လည်ဖြစ်ပွားခြင်းကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံရှိ ဒေသတွင်းတာဝန်ရှိသူများက အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုများအား အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။တရုတ်ပြည်မကြီးတွင် စုစုပေါင်း ပြည်နယ်အဆင့် ဒေသ ၁၇ ခု၌ ဩဂုတ် ၄ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲနှင့် ဆက်စပ်နေသည့် ပြည်တွင်းရောဂါကူးစက်မှုများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

တရုတ်ပြည်မကြီးတွင် ဩဂုတ် ၃ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁ ဒသမ ၇ ဘီလီယံကျော် ထိုးနှံပေးထားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်(NHC)ထံမှ သိရသည်။ တရုတ်နိုင်ငံက မကြာသေးမီက ကာကွယ်ဆေး ထိုးနှံမှု အကြိမ် သန်း ၁၀၀ စာအတွက် ကြာချိန်မှာ ရက်သတ္တပတ်ထက် မပိုကြောင်း သိရသည်။

နေရာအနှံ့အပြားတွင် Delta မျိုးဗီဇပြောင်းပိုးနှင့် ဆက်စပ်သည့် ပြည်တွင်း COVID-19 ရောဂါကူးစက်မှုများ စစ်ဆေးတွေ့ရှိချိန်မှစ၍ တရုတ်နိုင်ငံ၏ အစုပြုံလိုက် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအား အရှိန်မြှင့်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၅ ရက်တွင် တရုတ်ပြည်မကြီး၌ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု အသစ် ၆၂ ခု စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းတို့မှာ ကျန်းဆူးပြည်နယ်၌ ၄၀ ခု ၊ ဟူနန်ပြည်နယ်၌ ၉ ခု ၊ ပေကျင်းမြို့ ၊ ဆန်းတုန်းပြည်နယ် ၊ ဟဲနန်ပြည်နယ် နှင့် ယူနန်ပြည်နယ်တို့၌ ဖြစ်ပွားမှု ၃ ခုအသီးသီး ဖြစ်ကြောင်း ။ ဟူပေပြည်နယ်၌ ဖြစ်ပွားမှု ၁ မှု ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က နေ့စဉ်နောက်ဆုံးအချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၌ ကျန်းမာရေးတာဝန်ရှိသူများက တိုးပွားလာသောလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကာကွယ်ဆေးထိုးနှံသည့် နေရာ ၃,၀၀၀ ကျော်ကို လုပ်ဆောင်ခဲ့သည်။ပြည်နယ်၏ မြို့တော် ချန်ရှားမြို့ရှိ များစွာသော ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် ရှည်လျားသော တန်းစီနေသူများကို တွေ့မြင်နိုင်ကြောင်း သိရသည်။

“ဒီရက်တွေမှာ ပြည်သူလူထုက ကာကွယ်ဆေးထိုးနှံဖို့ စိတ်အားထက်သန်နေကြပါတယ်။ဒါကြောင့် ကျွန်တော်တို့က အွန်လိုင်း ချိန်းဆိုချက်ပလက်ဖောင်း တစ်ခုကို စတင်ခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ပေးဖို့အတွက် လေ့ကျင့်ခဲ့ပါတယ်။”ဟု ချန်ရှားမြို့ Tianxin ရပ်ကွက် ကာကွယ်ဆေးထိုးနှံသည့် စင်တာတစ်ခုရှိ သူနာပြုတစ်ဦး ဖြစ်သူ Zhang Sili က ပြောကြားခဲ့သည်။

ယင်းကာကွယ်ဆေးထိုးနှံသည့်နေရာတွင် ယခုထိ ဒေသခံ ၅၅,၀၀၀ ခန့်အား ကာကွယ်ဆေး ထိုးနှံမှု ၈၇,၀၀၀ ခန့် ပြုလုပ်ပေးထားကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။တရားဝင် အချက်အလက်များအရ ဩဂုတ် ၃ ရက်အထိ ဟူနန်ပြည်နယ်၌ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၆၇ ဒသမ ၈ သန်းကျော် ထိုးနှံပေးထားပြီး ပြည်နယ်အတွင်း ပြည်သူ ၂၅ ဒသမ ၅ သန်းကျော်သည် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေး အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အသက် ၁၂ နှစ်နှင့် ၁၇ နှစ်အကြား အရွယ်မရောက်သေးသူများနှင့် သက်ကြီးရွယ်အိုများအကြား ဘေးကင်းလုံခြုံမှုအကြောင်းပြချက်ပေါ်တွင် ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်အား စနစ်တကျ ဆောင်ရွက်နေကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက်အထိ တရုတ်နိုင်ငံ၌ အသက် ၆၀ နှစ်နှင့်အထက် ပြည်သူ သန်း ၁၅၀ နှင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား အထက် ဖော်ပြပါ အုပ်စု တွင် ၁၂ ဒသမ ၄၈ သန်းကို COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံပေးထားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်(NHC)ထံမှ သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချိန်တူးမြို့၌ မကြာသေးမီက COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု အစုအဝေးအား စစ်ဆေးတွေ့ရှိခဲ့ပြီး ဩဂုတ်လအစောပိုင်းတွင် အရွယ်မရောက်သေးသူများအား ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အား ချိန်တူးမြို့၌ တိုးချဲ့ခဲ့ချိန်မှစ၍ မိဘများသည် ၎င်းတို့၏ ကလေးများအား ကာကွယ်ဆေးထိုးနှံရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။
“Delta မျိုးဗီဇပြောင်းပိုးက အလွန်ကူးစက်စေနိုင်ပါတယ်။ကျွန်တော်ကလေးတွေ ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်မှာ ကျွန်တော်စိတ်ချသွားပါတယ်။”ဟု ကာကွယ်ဆေးထိုးနှံရေးအတွက် ဆေးရုံသို့ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ဆောင်လာသည့် ချိန်တူးမြို့၌ နေထိုင်သူ Chen (အမည်လွှဲ) က ပြောကြားခဲ့သည်။

ဩဂုတ် ၃ ရက်အထိ စီချွမ်းပြည်နယ်၌ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြား အရွယ်မရောက်သေးသူများအား ကာကွယ်ဆေး အကြိမ်ရေ ၃ ဒသမ ၆ သန်းကျော် ထိုးနှံပေးထားကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်ထံမှ သိရသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာ ပညာရှင်များက COVID-19 ကာကွယ်ဆေးများသည် Delta မျိုးဗီဇပြောင်းပိုး တိုက်ဖျက်ရေးတွင် အစွမ်းထိရောက်ကြောင်း ပြောကြားခဲ့ကြသည်။
ဗိုင်းရပ်စ်ကူးစက်မှုတွေကို တိုက်ဖျက်ရာတွင် ကာကွယ်ဆေးက ၁၀၀ ရာခိုင်နှုန်း ကာကွယ်မှု မပေးနိုင်ပေမယ့်လည်း COVID-19 မျိုးဗီဇပြောင်းပိုးမျိုးစုံအား ရှိပြီးသားကာကွယ်ဆေးများနှင့် ထိန်းချုပ်နိုင်သေးကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာမှ သုတေသီတစ်ဦးဖြစ်သူ Shao Yiming က မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးများသည် ဆေးရုံတင်ကုသမှု ၊ စိုးရိမ်ရသည့် အခြေအနေ နှင့် သေဆုံးမှုနှုန်းများ လျော့ကျအောင် ထိရောက်မှု ရှိကြောင်း အထောက်အထားအခြေပြုလေ့လာမှုများကို ကိုးကား၍ ၎င်းက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ နောက်ဆုံး COVID-19 ရောဂါဖြစ်ပွားမှုအပေါ် ကနဦးလေ့လာမှုများတွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် ကာကွယ်ဆေးများသည် Delta မျိုးဗီဇပြောင်းပိုးအား တိုက်ဖျက်ရာတွင် အစွမ်းထိရောက်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါပညာရှင် Zhong Nanshan က ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် ကာကွယ်ဆေးများ၏ ကာကွယ်ပေးသောအစွမ်းထိရောက်မှုသည် ရောဂါပြင်းထန်မှုများ တိုက်ဖျက်ရာတွင် ၁၀၀ ရာခိုင်နှုန်း အစွမ်းထိရောက်ကြောင်း ၊ ရောဂါဖြစ်ပွားမှု အလယ်အလတ် တိုက်ဖျက်ရာတွင် ၇၆ ဒသမ ၉ ရာခိုင်နှုန်း ၊ ရောဂါဖြစ်ပွားမှု မပြင်းထန်သူများ တိုက်ဖျက်ရေးတွင် ၆၇ ဒသမ ၂ ရာခိုင်နှုန်း နှင့် ရောဂါလက္ခဏာမပြဘဲ ပိုးသယ်ဆောင်သူများ တိုက်ဖျက်ရေးတွင် ၆၃ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး အစွမ်းထိရောက်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————————————–
(English Version)

China Focus: China steps up mass inoculation to curb Delta variant

BEIJING, Aug. 5 (Xinhua) — Local authorities in China have ramped up mass vaccination drives to contain the latest resurgence of COVID-19 attributable to the highly contagious Delta variant.
A total of 17 provincial-level regions on the Chinese mainland had reported locally transmitted infections linked to this coronavirus strain as of Wednesday.

More than 1.7 billion doses of COVID-19 vaccines had been administered on the Chinese mainland by Tuesday, according to the National Health Commission (NHC). It took China less than a week to administer the most recent 100 million vaccine jabs.

The country’s mass inoculation campaign has accelerated since multiple places reported local COVID-19 infections related to the Delta variant.
On Wednesday, the Chinese mainland reported 62 new locally transmitted COVID-19 cases — 40 in Jiangsu, nine in Hunan, three each in Beijing, Shandong, Henan, and Yunnan, and one in Hubei, according to daily updates by the NHC.

In central China’s Hunan Province, health authorities have set up over 3,000 vaccination sites to meet the growing demand. Long queues can be seen at several vaccination sites in the provincial capital Changsha.

“The public has been keen to get vaccinated in recent days, so we have launched an online appointment platform and trained our staff to provide better services,” said Zhang Sili, a nurse at a vaccination station in Changsha’s Tianxin District.

Zhang added that the vaccination station has so far administered about 87,000 vaccine jabs to some 55,000 local residents.
Official data showed that as of Tuesday, Hunan had administered more than 67.8 million doses of COVID-19 vaccines, with over 25.5 million people in the province fully vaccinated against the novel coronavirus.

China is orderly propelling its vaccination program among senior citizens and minors aged between 12 and 17, on the premise of ensuring safety.
By July 28, a total of 150 million people aged 60 and above in the country and 12.48 million minors in the aforementioned age group have been vaccinated against COVID-19, according to the NHC.

In Chengdu, capital of southwest China’s Sichuan Province that has recently reported a cluster of local COVID-19 infections, parents have been keen to get their children inoculated since the megacity extended its vaccination program to minors in early August.

“The Delta variant is very infectious, and I will feel safe after my kid gets vaccinated,” said a Chengdu resident surnamed Chen, who took her 12-year-old daughter to a local hospital for inoculation.

As of Tuesday, more than 3.6 million doses had been administered to minors aged between 12 and 17 in Sichuan, according to the provincial health commission.China’s top medical experts have pointed out that COVID-19 vaccines are effective against the Delta variant.

Shao Yiming, a researcher with the Chinese Center for Disease Control and Prevention, said in a recent interview that although no vaccine can provide 100 percent protection against viral infections, various COVID-19 variants can still be controlled with existing vaccines.

Citing evidence-based studies, Shao noted that China’s domestic COVID-19 vaccines can effectively reduce rates of hospitalization, severe cases, and deaths.

Preliminary studies on the latest COVID-19 outbreak in south China’s Guangdong Province show that China’s homegrown vaccines are effective against the Delta variant, China’s top epidemiologist Zhong Nanshan said Saturday.

The protective effect of China’s domestic vaccines is 100 percent effective against severe cases, 76.9 percent against moderate cases, 67.2 percent against mild ones, and 63.2 percent against asymptomatic carriers, respectively, Zhong added. Enditem
Photo – A medical worker administers a dose of COVID-19 vaccine for a student at a high school in Shenzhen, south China’s Guangdong Province, July 29, 2021. (Xinhua/Mao Siqian)