Connect with us

Economy

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ကုန်းတွင်း-ပင်လယ် ကုန်သွယ်ရေးင်္ကြံချိတ်ဆက်

ချုံချင့်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှ ထွက်ခွာလာသော ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့သို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိလာခဲ့သည်။ အဆိုပါ ရထားသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုအသစ် စတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၆၂ သန်းခန့်ရှိသော စက်ကိရိယာများ၊ အဝတ်အထည်များနှင့် အခြားကုန်စည်များ တင်ဆောင်လာခဲ့သော ရထားသည် ၈ ရက်ကြာခရီးနှင်ခဲ့ကြောင်း ကုန်းတွင်း-ပင်လယ်စင်္ကြံသစ်အော်ပရေးရှင်းကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။

နိုင်ငံတကာ ကုန်းတွင်း-ပင်လယ် စင်္ကြံအသစ်သည် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်း ပြည်နယ်အဆင့် ဒေသများမှ ပူးတွဲတည်ဆောက်ထားသော ကုန်သွယ်ရေးနှင့် ထောက်ပံ့သယ်ပို့ရေး ဖြတ်သန်းသွားလာခွင့် ဖြစ်သည်။ ချုံချင့်မြူနီစီပယ်သည် အဆိုပါ စင်္ကြံအတွက် လည်ပတ်ရေးဗဟိုချက်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ရထားလမ်း ရထားများသည် အချိန်မှန်ပြီး ကုန်ကျစရိတ်သက်သာကြောင်း၊ ချုံချင့်မြို့သို့ ရောက်ရှိပြီးနောက် တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ယူရေးရှား ထောက်ပံ့သယ်ပို့ကဏ္ဍ အကြီးအကဲ Li Na က ပြောကြားခဲ့သည်။ (Xinhua)

————————————————
(English Version)
Land-sea trade corridor links China, Vietnam

CHONGQING, Sept. 23 (Xinhua) — A cargo train departing from the Vietnamese capital Hanoi arrived in southwest China’s Chongqing Municipality on Thursday. It marks the launch of a new cross-border railway service between China and Vietnam.

The train, carrying machinery equipment, clothing, and other goods worth about 1.62 million U.S. dollars, traveled for eight days, said the New Land-Sea Corridor Operation Co., Ltd.

The New International Land-Sea Trade Corridor is a trade and logistics passage jointly built by Singapore and provincial-level regions of western China. Chongqing Municipality is the center of operation for the corridor.

Li Na, head of the company’s Eurasian logistics, said the cross-border railway trains have the advantages of punctuality and cheapness and will directly connect with China-Europe freight train services after arriving in Chongqing. Enditem

Photo : The land-sea freight train of the New International Land-Sea Trade Corridor heading for Indonesia waits to depart in southwest China’s Chongqing, April 26, 2019. (Xinhua/Liu Chan)